Skip to main content

Unicode Assistance Version 3.1.2 ( A Big Update )

မမျှော်တော့မှ ပေါ်လာတယ်ဆိုသလိုပေါ့ 😁
တစ်နှစ်ပြည့်ခါနီးမှ Update လုပ်ပေးနိုင်လို့
ခွင့်လွှတ်ပါ...

အရင်ဗားရှင်းမှာ ရှိနေတဲ့
အားနည်းချက်တွေကို
မကြိုက်လို့ အသစ်ပြန်ပြင်ရေးဖို့
ကြိုးစားခဲ့ပါတယ်

အခုဗားရှင်းမှာ -
 ( 1 ) Task Bar ထည့်ထားပါတယ်
 ( 2 ) Smart Assistance Method ထည့်ထားပါတယ်
 ( 3 ) Paste လုပ်ရင် Popup ပြန်ပေါ်လာတာကို 
 မပေါ်အောင် ပြင်ထားပါတယ်
 ( 4 ) Both ကို နှစ်ခါနှိပ်မိတတ်တာ၊ 
 မလိုအပ်ပဲ Convert နှစ်ခါလုပ်မိတတ်တဲ့ 
 ပြဿနာတွေကို ပြင်ထားပါတယ်

အရင်က သုံးဖူးတဲ့ သူတွေရော
အခုမှ စသုံးမယ့်သူတွေရော အတွက်
အညွှန်းလေး နည်းနည်းရေးချင်ပါတယ်။

Task Bar ကို မြင်နေရတာ
စိတ်အနှောက်အယှက်ဖြစ်တဲ့သူတွေအတွက်
HIDE လုပ်လို့ ရပါတယ်
HIDE လုပ်ထားမယ်ဆိုရင်
Smart Assistance စနစ်ကို 
no မှာ ရွေးချယ်ထားဖို့ အကြံပေးချင်ပါတယ်

Smart Assistance စနစ်ဆိုတာကတော့
ယူနီကုဒ်၊ ဇော်ဂျီနဲ့ အင်္ဂလိပ်စာတို့ကို
အလိုအလျောက်ခွဲခြားပြီး
သုံးစွဲသူ သုံးတဲ့စနစ်ပေါ်မူတည်၍
လိုအပ်မှ Popup ပေါ်လာတဲ့စနစ်
ဖြစ်ပါတယ်...
ဒါပေမယ့် ဇော်ဂျီကို စစ်ဆေးတဲ့ စနစ်ဟာ
အားနည်းချက်ရှိနိုင်တာကြောင့်
Task Bar ကို Hide လုပ်ချင်သူများ
ဒီစနစ်ကို ဖြုတ်ထားသင့်ပါတယ်။
( Default မှာ no လုပ်ထားပါတယ် )

ယခုဗားရှင်းအသစ်မှာ
Task Bar ပေါ်နေတဲ့အားသာချက်ကတော့
Popup မပေါ်လာလည်း
Convert လုပ်နိုင်တဲ့ အခွင့်အရေးရှိလာပါတယ်။
ကော်ပီယူပြီးရင် Task Bar ပေါ်က
ခလုပ်တွေကို နှိပ်ရုံနဲ့
အသင့် Convert လုပ်ပြီးပါပြီ...
Popup ကို လိုချင်တဲ့ အချိန်
စာရိုက်ပြီး Convert လုပ်ချင်တဲ့ အချိန်
မျက်လုံးပုံလေးကို နှိပ်ပြီး
ခေါ်ယူနိုင်ပါတယ်
တစ်စုံတစ်ခုကို ကော်ပီယူပြီးချိန်မှာ
Task Bar က မျက်လုံးပုံလေး
အစိမ်းရောင်ဖြစ်နေပါလိမ့်မယ်

အားနည်းချက်အချို့ကို
တွေ့ထားပေမယ့်
မပြောပလောက်ဘူးလို့ထင်တာရယ်
နောက်ထပ်ဆက်ကြာနေမှာစိုးလို့ရယ်
ပြီးတော့ ပျင်းနေသေးလို့ရယ်ကြောင့် 😂
ဒီတိုင်းလေးပဲ ဖြန့်လိုက်ပါတယ်
လိုချင်တဲ့သူများရှိရင်လည်း
Share ပေးကြပါလို့
Feedback များလည်း
အားမနာတမ်းပေးကြပါ
လုပ်တတ်တဲ့ဟာဆိုရင်
ပြင်ပေးပါ့မယ်
မလုပ်တတ်တဲ့ဟာဆိုရင်တော့
ဆရာ San Go Go နဲ့ ဆရာ ယွန်းဝါ
တို့ကို မေးပြီးမှ
ထပ်ပြင်ပေးပါ့မယ် 😁

အားလုံးပဲ အသုံးပြုရင်း ပျော်ရွှင်ကြပါစေ...

https://myte.pcloud.com/publink/show?code=XZ2sGwZEcKKuuNc40pLg5SR9DEEJYYlyCCV

Comments

Post a Comment

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter