Skip to main content

iPhone မှာ မြန်မာယူနီကုဒ်ဖောင့်နဲ့ကီးဘုတ်ဘယ်လိုထည့်လဲ

နောက်လာမယ့် iOS 10 မှာ ယူနီကုဒ် တခါထဲ ပါလာတော့မယ်ဆိုတော့ အဲဒါကို မသုံးခင် လောလောဆယ် ယူနီကုဒ်ပြောင်းသုံးချင်ရင် လုပ်ရမယ့် အဆင့်လေးတွေကို ပြောပြချင်ပါတယ်။ တခြားသူတွေရေးထားပြီးသားလဲ ရှိချင်ရှိမှာပါ။ ပြန်ကူးပြီး မတင်ချင်လို့ ကိုယ့်ဘာသာပဲ ရေးလိုက်ပါတယ်။
ပထမဆုံး myFont, ttkeyboard app တွေကို အင်သတောလုပ်ထားဖို့လိုပါတယ်။
IMG_5023
အင်စတောလုပ်ပြီးရင် myapp ကို ဖွင့်လိုက်ပါ။ အောက်ကလိုမျိုးမြင်ရပါလိမ့်မယ်။
IMG_5024.PNG
ခုမြင်ရတဲ့ Tharlon, MyanmarCensus, Myanmar3 က myapp မှာ ပါတဲ့ ယူနီကုဒ် ဖောင့်ပါ။ တစ်ကယ်လို့ ယူနီကုဒ် 100% , ဇော်ဂျီ 80% မြင်ရတဲ့ဖောင့်ကို လိုချင်ရင် အောက်နားလေးကို နည်းနည်းဆွဲချလိုက်ပါ။ Hybrid Fonts အောက်မှာရှိတဲ့ zawdecode 1.1, NanKhone Web pro ထဲက တစ်ခုခုကို သုံးနိုင်ပါတယ်။
IMG_5024_1.PNG
ကြိုက်တဲ့ တစ်ခုကို ဖိနှိပ်လိုက်ပါ။ အော်ကလိုမျိုး မြင်ရပါလိမ့်မယ်။
IMG_5025.PNG
install ကို နှိပ်လိုက်ပါ။ passcode တောင်းပါလိမ့်မယ်။ passcode ထည့်ပေးလိုက်ပြီးရင် အောက်ကလိုမြင်ရပါလိမ့်မယ်။
IMG_5027.PNG
အပေါ်နားက install ကို နှိပ်ပါ။ ပြီးရင် နောက်ထပ်အောက်နားမှာပေါ်လာတဲ့ install ကို ထပ်နှိပ်လိုက်ပါ။ခုဆိုရင် သင်ရွေးချယ်ခဲ့တဲ့ ယူနီကုဒ်ဖောင့် profile သွင်းပြီးသွားပါဘီ။ အောက်ကလိုမြင်ရပါလိမ့်မယ်။
IMG_5028.PNG
အပေါ်မှာ ရွေးလိုက်တုန်းက tharlon ဖြစ်ပြီးအခုပုံက pyidaungsu ဖြစ်နေလို့ ဇဝေဇဝါမဖြစ်ပါနဲ့။ ကျွန်တော်က ပြည်ထောင်စုဖောင့်ကို သွင်းထားပြီး အခုပို့တင်ဖို့အတွက် သာလွန်ကို ရွေးထားလို့ပါ။ တကယ်လို့ အရင်က ဇော်ဂျီ profile သွင်းထားမယ်ဆိုရင် အဲဒါကို ဖျက်ပေးဖို့လိုပါတယ်။ သွင်းထားလဲ ဇော်ဂျီကို မြင်ရတော့မှာ မဟုတ်ပါဘူး။ ဖောင့်ပရိုဖိုင်သွင်းပြီးရင် ကီးဘုတ်သွင်းဖို့ပဲ ကျန်‌ပါတော့တယ်။ ကီးဘုတ်အတွက်ကတော့ ttkeyboard အင်စတောလုပ်ထားဖို့လိုပါတယ်။ အင်စတောလုပ်ပြီးရင် setting >> General >> keyboard >> keyboard ကို သွားလိုက်ပါ။ အောက်ကအတိုင်းမြင်ရပါလိမ့်မယ်။
IMG_5029.PNG
Add new keyboard ကို နှိပ်လိုက်ပါ။
IMG_5030.PNG
ပြီးရင် ttkeyboard ကို သွားပါ။
IMG_5031.PNG
myansan ကီးဘုတ်ကို on လိုက်ပါ။
IMG_5032.PNG
ဒါတွေလုပ်ပြီးရင် ပီးပါဘီ။ ခုဆိုရင် iOS ဖုန်းမှာ ယူနီကုဒ်လဲ ထည့်ပြီးဘီ ရိုက်ဖို့ ကီးဘုတ်လဲ ထည့်ပြီးသွားပါဘီ။ စရိုက်ရိုက်ချင်းမှာတော့ စာလုံးအဆင့်တွေရိုက်တဲ့အခါ နည်းနည်းလေး အခက်အခဲရှိနိုင်ပါတယ်။ အခက်အခဲရှိရင် Myanmar Unicode Area facebook group မှာ မေးနိုင်ပါတယ်။ အောက်မှာလဲ မေးနိုင်ပါတယ်။ စာပြန်ချိန်တော့ နောက်ကျနိုင်ပါတယ်။
အချိန်ပေးပြီး ဖတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

Credit ;mmtechnotes.wordpress.com

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...