Skip to main content

Google Maps တွင် Local Guide အဖြစ်ပါဝင်ဆောင်ရွက်ခြင်း

What is Google Local Guides?
Local Guides is a global community of explorers sharing their discoveries on Google Maps. Help others find the best spots in town, make new friends, and unlock exclusive benefits along the way.

Google Maps ပေါ်တွင် နေရာသစ်များထည့်သွင်းခြင်း၊ အချက်အလက်များပြင်ဆင်ခြင်း၊ ဓါတ်ပုံများတင်ခြင်း၊ Reviews (သုံးသပ်ချက်) များရေးသားခြင်းတို့သည် Google Account ရှိသူ မည်သူမဆို ပြုလုပ်နိုင်ပါသည်။ သို့သော် Local Guide အဖြစ်စာရင်းသွင်းပြီး ပါဝင်ဆောင်ရွက်မှသာ မိမိ၏ကူညီလုပ်ဆောင်မှုများကို Points (အမှတ်) များအဖြစ် မှတ်သားသိမ်းဆည်းပေးပြီး ရရှိသောရမှတ်အလိုက် အကျိုးကျေးဇူးများ ပြန်လည်ခံစားခွင့်ရရှိမည် ဖြစ်ပါသည်။

Google Local Guide အဖြစ်ပါဝင်ဆောင်ရွက်ရန်လုပ်ဆောင်ရမည့် အဆင့်များ

(၁) Google Account (Gmail Account) တစ်ခုလိုပါမည်။
(၂) စတင်ပါဝင်ရန် https://www.google.com/local/guides/ ကိုဝင်ပါ။ Join Now ကိုနှိပ်ပါ။
(၃) SIGN INTO GOOGLE ကို နှိပ်၍ မိမိ၏ Username, Password တို့ကိုဖြည့်ပါ။
(၄) SIGN UP ကို နှိပ်ပြီး အဆင့်ဆင့်ဆက်လက်ဆောင်ရွက်ပါ။

စာရင်းသွင်းခြင်းကိစ္စများ ပြီးစီးပါက Local Guide အဖြစ်စတင်ဆောင်ရွက်နိုင်ပြီဖြစ်ပါသည်။
Google Maps (Web Version or Mobile Application) တွင် စာရင်းသွင်းထားသော Gmail Account ဖြင့် Sign In လုပ်ပြီး ဆောင်ရွက်ချက်များပြုလုပ်ပါက ဆောင်ရွက်ချက်အလိုက် သတ်မှတ်ထားသော ရမှတ်များအတိုင်း Google မှ အလိုအလျောက်စုဆောင်းမှတ်သားပေးသွားမည်ဖြစ်ပါသည်။
(Reference: https://www.google.com/local/guides/ )

မှတ်ချက်။ ။ Computer/Mobile ၂ မျိုးအဆင်ပြေစေနိုင်စေသော နည်းလမ်းတစ်ခုကို ဖေါ်ပြပေးခြင်းဖြစ်ပါသည်။ Google Maps Mobile Application သုံး၍လည်း Local Guide အဖြစ်စာရင်းသွင်းနိုင်ပါသည်။ Menu>Your Contributions>Join Local Guide Community>Follow the steps)

Comments

Popular posts from this blog

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Oppo Ufont ကို အရင်ဆုံး Download လုပ်ပါ။ Click here to download 1. Download   2. Download   3. Download    Color OS 6 နှင့်အထက်ဖုန်းများတွင် 1. Setting / Languages and regions / Regions,တွင် Myanmar ပြောင်းပါ။ 2. Display & Brightness / Support Dai Characters, ကို ဖွင့်ပေးပါ။ Color OS 5.2 ဖုန်းများတွင် 1. Install Font App ကို install လုပ်ပါ။ 2.App ကို Change font ကိုနှိပ်ပြီး နှစ်သက်ရာ font ကို  apply လုပ်ပါ။ ____________________________________________