Skip to main content

ယူနီကုဒ် 5.1 အပြောင်းအလဲအတွက်ဆွေးနွေးခြင်း


ဖားတစ်ကောင်ကို အရမ်းပူနေတဲ့ ရေနွေးအိုးတစ်အိုး ထဲကို ပစ်ထည့်လိုက်တဲ့ အခါမှာ ဖား က အပူဒဏ်ကို မခံနိုင်လို့ ခုန်ထွက်သွားပါတယ်။ ဒါပေမယ့် ဖားကို ရေအိုးတစ်အိုးထဲထည့်ပြီး အောက်ကနေမီးမြိုက်တဲ့အခါမှာ ရေက တဖြည်းဖြည်းပူလာတဲ့အတွက် ဖားအတွက် မသိသာပဲ နောက်ဆုံးမှာ ဖား သေသွားပါတယ်။ အဓိက ပြောချင်တဲ့ အကြောင်းက ကျွန်တော်တို့အတွက် ပြဿနာ အကြီးကြီးတစ်ခုကို နဖူးတွေ့ ဒူးတွေ့ ကြုံလိုက်တဲ့အခါမှာ ရုတ်တရက် ပြဿနာအနေနဲ့ သိပြီး ရုန်းထွက်ဖို့ ကြိုးစားကြပေမယ့် မဖြစ်လောက်တဲ့ ပြသနာအသေးအဖွဲကလေးတွေကို တွေ့တဲ့အချိန်မှာ ဒါပြဿနာ မဟုတ်သေးပါဘူးလေ ဆိုပြီး ဖြေရှင်းဖို့ မကြိုးစားကြပါဘူး။ အဲဒီအတွက် ပြဿနာကတဖြည်းဖြည်း ကြီးလာတဲ့အခါမှာ ကျွန်တော်တို့ ဖြေရှင်းလို့မရနိုင်အောင် ဖြစ်ကြရပါတယ်။
မလုပ်သင့်တာကို လုပ်မှ မှားတယ်လို့ ပြောလို့ရတာမဟုတ်ပါဘူး။ လုပ်သင့်တာကို လုပ်သင့်လုပ်ထိုက်တဲ့ အချိန်မှာ မလုပ်ရင်လဲ မှားတာပါပဲ။ အခုလက်ရှိ ဇော်ဂျီကို သုံးနေတဲ့ User တွေအားလုံးဟာ ရေအိုးထဲထည့်ပြီး တဖြည်းဖြည်း မီးမြှိုက်ခံနေရတဲ့ ဖားတွေလိုပါပဲ။

အနာဂတ်မှာဘာပြဿနာတွေရှိလာနိုင်လဲ?
လူတိုင်း ပြောနေကြတဲ့ အကြောင်းကတော့ Searching နဲ့ Sorting ပါ။ ဒါပေမယ့် ဒီ Searching နဲ့ Sorting က သာမန် အသုံးပြုသူတွေအတွက် အကြီးအကျယ်မထိခိုက်နိုင်ပါဘူး။ ကျွန်တော့် အမြင်အရ အဓိက ပြသနာက Localization နဲ့ Normalization ပါ။ တစ်ချိန်ချိန်မှာ Database တွေက သူတို့ အထဲမှာ Store လုပ်တဲ့စာတွေကို Unicode Scheme နဲ့ Normalize လုပ်ပြီး သိမ်းလာနိုင်ပါတယ်။ အလားတူပဲ Firefox, Thunderbird လို ဆော့ဖ်ဝဲတွေ၊ Microsoft Word, Excel, Outlook လို ဆော့ဖ်ဝဲတွေက UTF-8 နဲ့ ရိုက်တဲ့စာကို Unicode Scheme နဲ့ Normalize လုပ်ပြီး Display လုပ်လာနိုင်ပါတယ်။ အဲဒါဆိုရင် ယခုလက်ရှိ ဇော်ဂျီသုံးတဲ့ User တွေ ပြဿနာ အကြီးအကျယ်တက်နိုင်ပါတယ်။ ဖြေရှင်းဖို့ နည်းလမ်းက Software တိုင်းကို Workaround လုပ်ပြီး သုံးဖို့ ပဲရှိပါတယ်။ အဲဒီနည်းလမ်းက လူတိုင်းအတွက် အဆင်ပြေနိုင်မယ့် နည်းလမ်းမဟုတ်ပါဘူး။

နောက်တစ်ခုက ကျွန်တော်တို့လည်း သူများတွေနည်းတူ ဆော့ဖ်ဝဲလ်တွေကို Localize လုပ်ဖို့ လိုအပ်လာပါပြီ။ Software Community အကြီးစားတွေက Unicode Standard မဟုတ်တဲ့ ဖောင့် နဲ့ Localize လုပ်တာကို လက်ခံမှာ မဟုတ်ပါဘူး။ အဲဒီတော့ အားလုံးကို အင်္ဂလိပ်လိုသုံးပြီး ဘာသာမပြန်ပဲ နေရုံပဲရှိပါတယ်။

Userများဖက်မှစဉ်းစားခြင်း
User တွေဖက်က ဘယ်လိုစိုးရိမ်မှုတွေ ရှိသလဲဆိုတာ လက်တွေ့ကျကျ စဉ်းစားကြရအောင်။
ဥပမာ Blogger တစ်ယောက်ဆိုပါစို့။ သူ့ရဲ့ ဘလော့ခ်ကို Unicode 5.1 နဲ့ ပြောင်းပြီးရေးမယ်ဆိုရင် သူ့ဆီကို လာဖတ်တဲ့ စာဖတ်သူအရေအတွက် လျော့သွားမှာ စိုးရိမ်တာ ပထမဆုံး အချက်ပါပဲ။ နာမည်ကြီးဘလော့ဂါမဟုတ်ရင် ဘယ်သူမှ အပင်ပန်းခံ Font အသစ် Install လုပ်ပြီး ဖတ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် နာမည်ကြီး ဘလော့ခ်တွေ မှာတော့ Advantage ရှိပါတယ်။ ဥပမာ - မိုးမခ ဘလော့ခ်ဆိုရင် BIT Font သုံးထားပေမယ့် သူ့ရဲ့ Popularity က လျော့မသွားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့အတွက် အမာခံ ပရိသတ် ရှိပြီးဖြစ်လို့ပါ။
Forum လုပ်တဲ့သူတွေဖက်က စဉ်းစားကြည့်ကြရအောင်။ ဖိုရမ်ဆိုတာ အများအားဖြင့် ပရိသတ်အမာခံ ရှိပြီးသားပါ။ သူတို့ သုံးချင်တဲ့ဖောင့် သုံးလို့ရပါတယ်။ သူတို့ သုံးတဲ့ ဖောင့်ကို သူ့ပရိသတ်က လိုက်သုံးမှာပါပဲ။ ဥပမာ - Native Myanmar ဆိုရင် Win Kalaw လို အသုံးမများတဲ့ ဖောင့်သုံးထားပေမယ့် အားလုံးက Win Kalaw လိုက်သုံးကြတာပါပဲ။ Myanmar Cupid ဆိုရင် Myanmar Cupid Font Pack ဆိုပြီးတော့တောင် Download လုပ်ဖို့ ပေးထားလို့ User တွေက Download လုပ်ပြီး သုံးကြတာပါပဲ။ ဒါပေမယ့် ဖိုရမ် Moderator တွေရဲ့ စိုးရိမ်မှုက Unicode ပြောင်းသုံးတဲ့ အတွက် Display ပြဿနာဖြစ်မှာ၊ တစ်ချို့ဖိုရမ်တွေမှာဆိုရင် Interface တွေ အကုန်လုံးက Localize လုပ်ပြီးသား ဖြစ်တဲ့အတွက် Unicode ပြောင်းရင် Localize ပြန်လုပ်ရမှာ စတဲ့ပြသနာတွေပါ။

ဘယ်လိုဖြေရှင်းရင်ကောင်းမလဲ
ဘေးထိုင်ပြီး ဘုပြောနေမယ့်အစား လက်တွေ့ကျကျစဉ်းစားကြရအောင်ပါ။ ကျွန်တော် စဉ်းစားမိသလောက် ပြောပါမယ်။ တစ်ခြားစဉ်းစားမိတာရှိရင် ထပ်ဖြည့်ကြတာပေါ့။
ပထမဆုံး အဆင့်အနေနဲ့ ဘာကြောင့် Unicode 5.1 ပြောင်းသုံးသင့်သလဲဆိုတာ User တွေ သိအောင် ပညာပေးဖို့လိုပါတယ်။ အဲဒီတော့ အားလုံးဝိုင်းစဉ်းစားပြီး အနာဂတ်မှာ ဘာပြဿနာတွေ ဖြစ်လာနိုင်တယ်၊ ဘယ်လို အကျိုးကျေးဇူးတွေ ရလာနိုင်တယ်ဆိုတာ ဝိုင်းစဉ်းစားပြီး စာရင်းပြုစုဖို့ လိုအပ်ပါလိမ့်မယ်။
ဒုတိယအဆင့်အနေနဲ့ User တွေအတွက် Conversion မှာ အထောက်အကူပေးဖို့ လိုအပ်ပါလိမ့်မယ်။ ဖိုရမ် Administrator တွေအတွက် MySQL Conversion Tools တွေ၊ Blogger တွေအတွက် အလွယ်တကူ Convert လုပ်နိုင်မယ့် Tools တွေလိုအပ်ပါလိမ့်မယ်။ နောက်တစ်ခုက Unicode 5.1 Keyboard Layout ကို အကျွမ်းတဝင်မရှိတဲ့ User တွေအတွက် ဇော်ဂျီ ကီးဘုတ်နဲ့ Unicode 5.1 Display တွဲထားတဲ့ Keyboard Driver မျိုးပါ ပြင်ဆင်ထားဖို့လိုအပ်ပါလိမ့်မယ်။ အပိုအနေနဲ့ PHPBB Localization, Fusion Localization လို လူသုံးများတဲ့ ဖိုရမ်ဆော့ဖ်ဝဲတွေကို မြန်မာလို Localize ကြိုလုပ်ထားနိုင်ရင် User တွေအတွက် ပိုပြီး ဆွဲဆောင်မှုရှိပါလိမ့်မယ်။
တတိယအဆင့်အနေနဲ့ Public Campaign လုပ်ဖို့ လိုအပ်ပါလိမ့်မယ်။ အင်တာနက်ပေါ်မှာ Campaign လုပ်ရတာ အပြင်မှာ လုပ်ရသလောက် မခက်ပါဘူး။ နာမည်ကြီး ဘလော့ဂါတွေ ကစလုပ်ရင် နောက်လူတွေ အားလုံးလိုက်လုပ်ကြမှာ သေချာပါတယ်။ အဲဒီလိုအချိန်မျိုးမှာ User တွေကို ကျွန်တော်တို့ ပထမအဆင့်က စာရင်းပြုစုထားတဲ့ အချက်တွေ ၊ ဒုတိယအဆင့်မှာ ကျွန်တော်တို့ ပြင်ဆင်ထားတဲ့ Tools တွေနဲ့ User တွေကို Unicode 5.1 ရဲ့ အကျိုးကျေးဇူးတွေ၊ ပြောင်းဖို့လွယ်တယ်ဆိုတဲ့ အကြောင်းတွေ ပြလို့ရပါတယ်။ Date တစ်ခုကို Set လုပ်ပြီး Internet Campaign တစ်ခုအနေနဲ့ အားလုံးပြောင်းကြမယ်ဆိုရင် ဖြစ်နိုင်ခြေရှိပါတယ်။ အဲဒီလို ပြောင်းတဲ့အခါမှာ User တွေကို Technical ပိုင်းက အကူအညီပေးမယ့် Team တစ်ခုက Ready ရှိနေဖို့တော့ လိုအပ်ပါလိမ့်မယ်။ နောက်တစ်ခုက မြန်မာနိုင်ငံထဲက Team တွေက အင်တာနက် ကဖေးတွေကို Technical Support ပေးပြီး ကင်န်ပိန်းထဲမှာ ပါဖို့ ဆွဲဆောင်ပေးနိုင်ရင် ပိုကောင်းပါတယ်။

ဇော်ဂျီဖက်ကစဉ်းစားခြင်း
ကျွန်တော်တို့ မြန်မာလူမျိုးများ သံယောဇဉ် အလွန်ကြီးတတ်ကြသလို အလွန်အရိုးစွဲတတ်ကြပါတယ်။ အဲဒီတော့ Unicode 5.1 Conversion မှာ ဇော်ဂျီ ကို ဖယ်ထုတ်ခဲ့လို့မလွယ်ပါဘူး။ အဲဒီတော့ ဇော်ဂျီရဲ့ ပူးပေါင်းပါဝင်မှုလည်း လိုအပ်ပါတယ်။ ကျွန်တော် အကြံပေးချင်တာက Alpha အနေနဲ့လည်း Zawgyi 5.1 ပဲခေါ်ခေါ်၊ Zawgyi-two ပဲခေါ်ခေါ် 5.1 Compatible ဖြစ်တဲ့ ဖောင့်တစ်ခုကို User တွေအတွက် ထုတ်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ အဲဒီလို ဖောင့်အသစ် စီစဉ်ပြီးတဲ့အခါမှာ Alpha ကိုယ်တိုင်က ဦးဆောင်ပြီး Campaign ကိုလုပ်နိုင်မယ်ဆိုရင် ပိုပြီးတွင်ကျယ်မှာ သေချာပါတယ်။

အမေရိကန်လို နိုင်ငံမျိုးတောင် သူတို့ထွင်ထားတဲ့ CDMA-2000 စနစ်ကို ဘေးဖယ်ပြီး တကမ္ဘာလုံးသုံးတဲ့ GSM နောက်ကို လိုက်ရသေးတာ ကျွန်တော်တို့လည်း ကိုယ့်ဘာသာကိုယ် ထွင်ထားတဲ့ De facto စနစ်တွေကို ဘေးဖယ်ပြီး တကမ္ဘာလုံးသုံးတဲ့ Unicode Standard နောက်ကို လိုက်ကြရအောင်ပါ။ တဖြည်းဖြည်း မီးမြှိုက်ခံရတဲ့ ဖားတွေလို အသေခံကြမယ့်အစား လုပ်သင့်တာကို ပြတ်ပြတ်သားသား လုပ်ကြရအောင်ပါ။ Personal Hatred တွေ ကိုယ်ကျိုးစီးပွားတွေ အားလုံးဘေးဖယ်ထားပြီး အနာဂတ်အတွက် အားလုံးတက်ညီလက်ညီ လုပ်ကြမယ်ဆိုရင် အားလုံးအတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

http://mmfontconvert.blogspot.com/2008/11/blog-post.html?m=1 မှ ကူးယူဖော်ပြပါသည်။

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။