Skip to main content

ယူနီကုတ်ပြောင်းလဲအသုံးပြုသူများအတွက် ဝက်ဘ်ဆိုက်နှင့် Hot Lineဖုန်းနံပါတ်တစ်ခု စတင်ထားရှိ

  ပြည်တွင်းမှ နည်း ပညာထုတ်ကုန်အသုံးပြုသူများ အနေဖြင့် မြန်မာစာစနစ်ကို ယူနီကုတ်စနစ်သို့ ပြောင်းလဲအသုံးပြုရာတွင် အဆင်မပြေမှုများ ကြုံ တွေ့လာပါက ဖြေရှင်းပေးရန် Unicode Technology Support (UTS) အဖွဲ့တည်ထောင်ကာ ဝက်ဘ်ဆိုက်တစ်ခုနှင့် Hot Line ဖုန်းနံပါတ်တစ်ခုထားရှိကြောင်း မြန်မာနိုင်ငံကွန်ပျူတာအသင်း ချုပ် (MCF) မှ သတင်းရရှိသည်။

‘‘မြန်မာစာစနစ်နဲ့ပတ်သက် ပြီး ယူနီကုတ်ကို ပြောင်းလဲအသုံး ပြုလိုသူတွေအတွက် အဆင်မ ပြေမှုတွေ ကြုံတွေ့လာခဲ့ရင် အ လွယ်တကူဆက်သွယ်မေးမြန်း နိုင်ဖို့အတွက် ဝက်ဘ်ဆိုက်တစ်ခု နဲ့ Hot Line ဖုန်းနံပါတ်တစ်ခုထား ပြီးတော့ စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ တရားဝင်မကြေညာ ရသေးပေမယ့် ယူနီကုတ်နဲ့ပတ် သက်တဲ့ မေးမြန်းမှုတွေကို လက် ခံဖြေကြားမှုတွေ စလုပ်နေပြီဖြစ် ပါတယ်’’ဟု MCF အတွင်းရေးမှူး ဦးထွန်းသူရသက်က ပြောကြား သည်။



Unicode Technology Support (UTS) အဖွဲ့တွင် မြန်မာ MCF မှ ကျွမ်းကျင်သူများဖြင့် ပါဝင်ဖွဲ့စည်းထားပြီး http:/www.unicode.today/ ဝက်ဘ်ဆိုက် နှင့် Hot Line ဖုန်းနံပါတ် ၀၉- ၇၉၆၂၀၉၇၀၁ တို့တွင် လက်ခံ ဖြေရှင်းပေးလျက်ရှိပြီး ဖေ့စ်ဘွတ်ခ် ပေါ်တွင်လည်း Unicode Technology Support Myanmar အ မည်ဖြင့် Page တစ်ခုဖွင့်ကာ ယူ နီကုတ်နှင့်ပတ်သက်သည့် နည်း ပညာများကို ဖြန့်ဝေပေးလျက်ရှိ ကြောင်း သိရသည်။

‘‘ယူနီကုတ်ကို ပြောင်းပြီးသုံး ဖို့အတွက် Tool တွေ သုံးတဲ့အခါ အဆင်မပြေတာတွေရှိရင် ဖြေ ပေးမယ်။ ချက်ချင်းဖြေလို့မရသေး တဲ့ ကိစ္စဆိုရင် အဖြေရှာပြီးတော့ ပြန်အကြောင်းကြားပေးမယ်။ အဲ ဒီအတွက် MCF က ဝန်ထမ်းတွေ ကို သီးသန့်တာဝန်ပေးပြီး ဆောင် ရွက်စေမှာ ဖြစ်ပါတယ်’’ဟု ဦးထွန်းသူရသက်က ရှင်းပြသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာနအနေဖြင့် ပြည် တွင်း၌ ဝန်ဆောင်မှုပေးနေသည့် မိုဘိုင်းဆက်သွယ်ရေး အော်ပရေ တာများကို အသုံးပြုသူများထံ SMS စာတိုများပေးပို့ရာတွင် ယူနီကုတ်ကို အသုံးပြု၍ပေးပို့ရန် အ ကြောင်းကြားစာ ပေးထားပြီးဖြစ် ကြောင်း မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်မှ သတင်းရရှိသည်။
Source ; 7 day

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။