Skip to main content

မြန်မာပြည်နှင့် Zawgyi Font Marketing အကြောင်း တစ်စေ့တစ်စောင်း

ဒီကိစ္စနဲ့ ပတ်သက်ပြီး နည်းနည်းလောက် ပြောချင်တယ်
တကယ်တော့ ယူနီကုဒ်ကို သုံးစွဲဖို့
လိုက်ပြီး "သုံးကြည့်ပါ" ပြောစရာမလိုဘူး
အဲ့ဒီခေတ်က ကုန်သွားခဲ့တာ ကြာပြီ
တကယ်တော့ သုံးကြည့်ပါလို့ ပြောဖို့လည်း
မလိုအပ်ခဲ့ဘူး ... ဘာလို့လည်းဆိုတော့
ယူနီကုဒ်ဆိုတာ ထုတ်ကုန်တစ်ခု မဟုတ်လို့ပဲ
ဘယ်လိုပဲ Zawgyi font က လူသုံးများများ
အနာဂတ် ခေတ်ပေါ်နည်းပညာတွေက
ယူနီကုဒ်ကိုပဲ ထောက်ပံ့သွားမှာ ...
အဲ့ဒါကို ထိုင်ပြီး မနာလိုနေလို့လည်း မရဘူး
ဘေးထိုင်ဘုပြောနေလည်း အပိုပဲ ဖြစ်မှာပဲ
ကိုယ့်ဘာသာ မသုံးချင်လို့ အပိုတွေ ပြောနေတာ
ယူနီကုဒ်သုံးလိုက်ရင် Zawgyi family နဲ့
အဆက်အသွယ်ပြတ်မှာကို စိုးရိမ်နေကြတာ
အဲ့ဒါကို ဝန်မခံဘဲ ယူနီကုဒ်ကောင်တွေဘာညာဆိုပြီး
ကိုယ်မသုံးချင်တိုင်း တစ်ခြားသူတွေ မသုံးအောင်
လျှောက် ဖောင်းထုပြီး အပုတ်ချနေတာ ...
ဟုတ်လားမဟုတ်လား ကာယကံရှင်တွေ အသိဆုံးပဲ
ဇော်ဂျီဖောင့် ဘာလို့ လူသုံးများသွားလဲ ဆိုရင်
မသိတဲ့သူကို မတတ်တဲ့သူက ဆရာလုပ်ခဲ့လို့ပဲ
Costumer ကော Service ပေးတဲ့သူတွေကော
Unicode ဆိုတာ "မြန်မာစာ မမှန်ဘူး" ဆိုတာပဲ
သူ့အသိစိတ်ထဲမှာ ရှိတယ် ... ကျန်တာ မရှိဘူး
Google က ထောက်ပံ့ပေးတာလည်း မသိဘူး
တစ်ခြား နယ်ပယ်အကျယ်ကြီးကို မမြင်ကြဘူး
"ယူနီကုဒ်ကို သုံးရင် ဘယ်လို အကျိုးကျေးဇူးတွေရမယ် ... ဘာတွေ ဘယ်လို သုံးလို့ရလာမယ်" စသည်ဖြင့်
ကိုယ်တိုင်က မတတ်တော့ ရှင်းမပြခဲ့ဘူး
အဲ့ဒီတော့ မသိတဲ့သူကလည်း Facebook မှာ
မြန်မာစာကို အမှန်မြင်ရရင် ပြီးရော ဖြစ်လာတယ်
အဲ့ဒီတော့ service သမားက ဇော်ဂျီဖောင့်ကို
ဖုန်းဝယ်ရင်/မြန်မာစာမမှန်ရင် ထည့်ပေးလိုက်တယ်
ဒါပဲ ... ဒီနည်းနဲ့ ဇော်ဂျီက ကြီးထွားနေတာပဲ ...
ဒီကြားထဲမှာ Dev တွေ ကိုယ်တိုင်ကလည်း
ယူနီကုဒ်ကို လျစ်လျူရှုပြီး (တစ်ချို့လည်း မသိဘဲ)
ဇော်ဂျီဖောင့်ကိုပဲ မြင်ရအောင် လုပ်ပေးခဲ့ကြတယ်
ဆင်ဖြူတော်မှီပြီး ကြံစုပ်တယ် ခေါ်မလား
စိန်နားကပ်ရောင်ကြောင့် ပါးပြောင်ချင်တာလား
သူတို့ရဲ့ tools တွေကို ကြော်ငြာတာကိုက ဒီလို
"ဖုန်းမှာ မြန်မာစာ အမှန်မမြင်ရလျှင်"
"Windows 8, 8.1, 10 တို့မှာ မြန်မာစာ မမှန်ရင်"
"MacBook မှာ မြန်မာစာတွေ တလွဲဖြစ်နေရင်"
အဲ့လို ကြော်ငြာတော့ ဘယ်ပြောကောင်းမလဲ
တစ်တိုင်းပြည်လုံးဝိုင်းပြီး သုံးကြတာပေါ့
ကျွန်တော်ကိုယ်တိုင်လည်း ဖြစ်ခဲ့ဖူးတာပဲ
တကယ်လည်း ဟုတ်တော့ဟုတ်တယ်လေ
မြန်မာစာက မှန်မှမမှန်တာ ... လိမ်တာမဟုတ်ဘူး
ဖြစ်ပျက်နေတာတွေကို အမှန်တွေပြောပြီး
ယူနီကုဒ်စံကို လက်တစ်လုံးခြားလုပ်သွားတာ
လုပ်ပုံကိုက မှန်နေတာကို အမှားဖြစ်အောင်
လုပ်ယူပြီး အမှားကြာ အမှန်ဖြစ်နေကြတယ်
ဒါပေမယ့် ကျေးဇူးတင်ထိုက်ပါတယ် ...
ကျွန်တော်တို့ သုံးစွဲသူတွေက ကျေးဇူးလည်း တင်ပါတယ်
စေတနာတော့ စေတနာ ဖြစ်ပေမယ့်
စေတနာက တလွဲဆံပင်ကောင်းနေတယ်
တကယ်တော့ ကျွန်တော်တို့က အိုင်ထဲက ငါးပဲ
Facebook နဲ့ ကျွန်တော်တို့ ပတ်ဝန်းကျင်
(တနည်းပြောရရင် မြန်မာနိုင်ငံ တစ်ခုတည်း)
လူသုံးများနေရုံနဲ့ အဆင်ပြေတယ် ထင်နေကြတယ်
တကယ်တော့ ရေက နည်းနည်းလေးရယ်
ပင်လယ်ပြင်ကြီး ရှိနေတာကို မြင်တွေ့ဖို့လိုတယ်
ဇော်ဂျီကို မြင်ရအောင် အတင်းလုပ်ခိုင်းတယ်
လုပ်လည်း ပြီးရော ကုမ္ပဏီတွေက ပေးထားတဲ့
Feature တွေလည်း သုံးရော ပြဿနာတက်ပါရော
Wikipedia မှာ စာတွေက မှန်လည်းမမှန်ဘူး
Google Translate ကလည်း တလွဲကြီး သုံးမရဘူး
အဲ့ဒါတွေ customer က ဖြစ်လည်းဖြစ်လာရော
Dev တွေနဲ့ ဇော်ဂျီ servicemen တွေငြိမ်နေကြတယ်
ဘယ်ပြောရဲမလဲ အမှားလုပ်ထားတဲ့သူတွေလေ
ဒါပေမယ့် တိုးတိုးတိတ်တိတ်စကားထွက်လာတယ်
"သူတို့က ယူနီကုဒ်သုံးထားတာ ဇော်ဂျီနဲ့ ဖတ်မရဘူး"
အဲ့ဒီမှာ ဖောင်းထုတယ်ဆိုတာ စ,တော့တာပဲ
"သုံးစွဲသူတွေ အဆင်မပြေအောင် အဲ့ဒါကြီးသုံးထားတယ်"
"သူတို့က မာနကြီးတယ် ... ရိုင်းတယ် ..."
"သူတို့ဟာကမှ အမှန်ဆိုပြီး ဇော်ဂျီကို ပုတ်ခတ်တယ်"
"ဇော်ဂျီက တစ်နိုင်ငံလုံးသုံးနေတာ ... ဇော်ဂျီနဲ့ လုပ်ပေးပါ"
"ယူနီကုဒ်စံဆိုတာကြီးကို သူတို့ဘာသာ လုပ်ပစ်တယ်"
"ယူနီကုဒ်စံဆိုတာကို ဇော်ဂျီအတိုင်း ပြင်ပေးပါ"
ကျန်သေးတယ် ... အမယ်လေး ... ရေးရင်မကုန်နိုင်ဘူး
ကျွန်တော်ပြောရင်လည်း လွန်ရာကျဦးမယ်
မြန်မာလူမျိုးတွေ အစွဲကြီးတယ် ...
တစ်ခါတစ်လေ အသိဉာဏ်ခေါင်းပါးတတ်တယ်
ဇော်ဂျီဖောင့် ဆိုတာက စံစနစ် မဟုတ်ဘူးဗျ
နောက်ပြီး လူအုပ်စု တစ်ခုတည်းက လုပ်ထားတာ
ဟုတ်ပြီ ... အဲ့ဒါဆို ယူနီကုဒ်က သိကြားမင်းလုပ်ထားတာလား
မဟုတ်ပါဘူး ... အဲ့လို ပြန်ရွဲ့ပြီး မေးရင်လည်း ဖြေမယ်
ယူနီကုဒ်ဆိုတာက မြန်မာစာပါမောက္ခတွေလည်း ပါတယ်
ကွန်ပျူတာ ပညာရှင်တွေလည်း အများကြီးပါတယ် ...
နိုင်ငံတော်က အမျိုးသားအဆင့် အမိန့်ထုတ်ပြန်စာနဲ့
အဲဒီ မြန်မာယူနီကုဒ်အဖွဲ့ကို ဖွဲ့စည်းပေးခဲ့တာပါဗျ
ပြီးတော့မှ အဆင့်ဆင့် ဆွေးနွေးတိုင်ပင်ကြတယ်
ပြီးတော့ Unicode consortium ကို စာတင်တယ်
အဲ ... ခင်ဗျားတို့ ဇော်ဂျီဖောင့်ကို ထွင်တဲ့သူကြီးလည်း
အဲ့ဒီစာတမ်းကို သဘောတူလက်မှတ်ထိုးထားသေးသဗျာ
အဲ့ဒီမှာ consortium က ပညာရှင်တွေက ထပ်မံပြီး
အဆင့်ဆင့်စစ်ဆေး ညှိနှိုင်းဆွေးနွေးပြီးတော့မှ
တစ်ကမ္ဘာလုံးကို Unicode version ဘယ်လောက်ဆိုပြီး
အသစ် ထုတ်ပြန်ပြီး ဖြန့်ချိပေးလိုက်ကြတယ် ...
စဉ်းစားကြည့်ပေါ့နော် ... မြန်မာပြည်ကလူတွေက
နေရာတကာ ပညာရှင်တွေကို အားကိုးတယ်
တစ်ခါလာ ပညာရှင် ... တစ်ခါလာ ပညာရှင်နဲ့
ဟုတ်ပြီ ... ဒါနဲ့ ယူနီကုဒ်လိုမျိုး ပညာရှင်ပေါင်းများစွာ
အဆင့်ဆင့် စစ်ဆေးပြီးမှ သတ်မှတ်ထားတဲ့ စံစနစ်ကို
လူအုပ်စုလေးသေးသေးလေးက တီထွင်ထားတဲ့
ဖောင့်လေး တစ်ခုနဲ့ ဘာလို့ နှိုင်းယှဉ်ရတာလဲ
"ဟုတ်တယ် ... မှန်တယ် ... ခင်ဗျားတို့ အပြောတွေကြောင့် ယူနီကုဒ်ကို မသုံးတာဗျာ ... ရှင်းလား" ဆိုရင်တော့ ကိုယ့်ဘာသာ ကိုယ့်ဒုက္ခနဲ့ နေခဲ့ပေတော့ဗျို့
ကျွန်တော်တို့ကလည်း ကိုယ့်ထမင်းကိုယ်စားပြီး
ကိုယ့်ဘေလ်ကိုယ် အကုန်ကျခံပြီး လူတကာကို
ကောင်းတာသုံးစေချင်လို့ ပြောပြပေးနေတာ
လူဆိုတာ ရန်စရင် ... ကိုယ့်ကို အထက်စီးနဲ့ပြောရင်
ဘယ်သူကများ ကြိုက်ကြလို့လဲဗျ ... စဉ်းစားပေါ့
အဲ့လိုအပြုအမူတွေ လုပ်ပြီး ဖောင်းထုမှတော့လည်း
ကျုပ်တို့အမှားပဲ ဖြစ်တာပါပဲ ... စပြောတဲ့သူကို မကြည့်ဘူး
ဥပမာ တစ်ခုပေးပြမယ် ...
ဇော်ဂျီဆိုတာကို ဂျစ်ကားလို့ ထားလိုက် ...
ယူနီကုဒ်ဆိုတာကို Lexus လောက်ပဲ ထားလိုက် ...
Lexus စီးနေတဲ့သူတွေက ရော့ ... စီးကြည့်
အဲ့လိုကူညီပြီး ဆွဲခေါ်နေတာကို မမြင်ဘဲနဲ့
"သူတို့က Lexus စီးပြီး ဂျစ်ကားကို ဖောင်းထုတယ် ... ဂျစ်ကားသမားတွေကို သူတို့လောက် မစီးနိုင်ဘူးဆိုပြီး နှိမ်တယ်" အဲ့လိုမျိုးကြီး မြင်နေကြတာ ...
မကြာခင် ဂျစ်ကားတွေ အပ်ဖို့အတွက် လုပ်ကြတော့မယ်
ပညာရေးဝန်ကြီးဌာနကလည်း အဖွဲ့ဖွဲ့ပေးပြီးပြီ ...
စေတနာနဲ့ Lexus စီးခိုင်းနေတာကိုမှ မစီးချင်ဘဲ
ဂျစ်ကားပဲ စီးချင်နေလည်း သဘောပဲဗျို့ ...
စကားလေးတစ်ခုနဲ့ နိဂုံးချုပ်ပါမယ်
If it's not Unicode, it's not Unicode.
ယူနီကုဒ်မှ မဟုတ်ရင် ယူနီကုဒ် မဟုတ်နိုင်ပါဘူး

Phyo Min Thaw

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...