MUA ရဲ့ မှတ်တိုင်တစ်ခုဖြစ်တဲ့ Android အတွက် Unicode keyboard လေးပါ။ ဘာလို့ "ဗေ" လို့ နာမည်ပေးရသလဲဆိုတော့ စပြီး လုပ်တုန်းက ဗေ ဆိုတဲ့ စာလုံးကလွဲလို့ ကျန်တာရိုက်မရတဲ့ကီးဘုတ်လေးမို့ အမှတ်တရအနေနဲ့ ဗေ ဆိုပြီး ပေးခဲ့ကြတာပါ။ မြန်မာစာတင်မက တိုင်းရင်းသားဘာသာစကားတွေဖြစ်တဲ့ မွန်၊ ရှမ်း၊ ပအို့ဝ်၊ ပလောင်၊ ကရင်(စကောကရင်၊ အနောက်ပိုးကရင်၊ အရှေ့ပိုးကရင်) တွေကိုလည်း ရိုက်လို့ရအောင် ထောက်ပံ့ပေးထားတဲ့ ပထမဆုံး ကီးဘုတ်လည်းဖြစ်ပါတယ်။
Smart Keyboard ဖြစ်တဲ့အတွက် သဝေထိုး ကိုလည်း ရှေ့ကရိုက်လို့ရပါတယ်။
Google Play Store Link

Comments
Post a Comment