Blogspot မှာ မြန်မာယူနီကုတ်ဖောင့်မရှိလဲ မြင်ရအောင် ဘယ်လိုလုပ်မလဲ

ကျွန်တော်လုပ်တဲ့အဆင့်တွေကို ဒီမှာ ထပ်ရေးလိုက်ပါတယ်။
ဘလော့ကို အကောင့်နဲ့ဝင်လိုက်ပြီး အပေါ်ညာဘက်ထောင့်နားက Design ကို ကလစ်လိုက်တယ်။
ပြီးတော့ အောက်ကပုံမှာ ပြထားတဲ့အတိုင်း Template ကို ကလစ်လိုက်တယ်။


Customize

ပြီးရင် Customize ကို ကလစ်လိုက်တယ်။

Add CSS
 
ပြီးရင် Advanced –> Add CSS ကို ထပ်ပြီး ကလစ်လိုက်တယ်။
Apply to blog
အဲဒီမှာ အောက်က ကုတ်တွေကို ကူးထည့်ပြီး Apply to blog ကို ကလစ်လိုက်တယ်။

@font-face {
font-family:'MON3 Anonta 1';
src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf');
}
body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}

အဲဒါတွေလုပ်ပြီးရင်တော့ ဘလော့ကို လာဖတ်တဲ့ စာဖတ်သူမှာ Myanmar Unicode Font မရှိလဲ ဘလော့က Myanmar Unicode နဲ့ရေးထားတဲ့ စာတွေကို ကောင်းကောင်းဖတ်လို့ရပါပြီ။
နောက်တစ်ခုက Mobile Theme ကို disable လုပ်ထားဖို့လိုပါမယ်။ အဲဒါမ Mobile, Tablet တွေနဲ့ကြည့်လဲ မြန်မာယူနီကုတ်ကို ကောင်းကောင်းမြင်ရမှာပါ။

Credit Saturngod & mmtechnotes.wordpress.com/

Comments

Popular posts from this blog

MacOS Myanmar Unicode Keyboard

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း