Skip to main content

Posts

မြူးဇစ်

သီချင်းတွေကို အဖေနဲ့ ဦးလေးကနေ တဆင့် အရင်ဆုံးနားထောင်ရတယ်။သူတို့ဖွင့်တာ နားထောင်ရတာကိုး။ အဖေကတော့ ခင်မောင်တိုး ၊ ထီးဆိုင် တို့ပေါ့။ နောက်တော့ ဦးလေးတွေက လေးဖြူ မျိုးကြီး အငဲ နားထောင်တော့ အကုန်လုံးနားထဲရောက်ခဲ့တယ်။ အဲ နားထဲပဲရောက်တာဗျ။ ဘာမှ ခံစားတတ်တာမဟုတ်ဘူး။ဆယ်တန်းကျတော့ အမ ဆီကနေ Avrillavigne တို့ Greenday တို့ Original Hits တို့ နားထောင်မိပြန်ရော။ ဆယ်တန်းအောင်လို့ ရန်ကုန် တက်လာတော့မှ MTV channel ကြည့်မိပြီး နိုင်ငံတကာ သီချင်းတွေ နားထဲစရောက်တာ။ အဲ့အချိန်မှာ အကြိုက်ဆုံးက Hey soul sister တို့ Slipknot ရဲ့ dead memories တို့ Your guardian Angel တို့ပဲ။ အဲ့နောက်ကျတော့ Taylor swift တို့ Katy Perry တို့ မိန်းကလေး သီချင်းတွေ နားထဲရောက်လာပြန်ရော။ နောက်တနှစ်လောက်ကြာတော့ တိုက်ခန်းစုငှားမိပြီး တောင်ကြီးက လူတွေနဲ့ နေမိပြန်တော့ A7X ကို ကြိုက်သွားပြန်ရော။ အဲ့အချိန်တုန်းက ရည်းစား ပူပူနွေးနွေးလေးက နယ်ပြန်သွားတော့ Dear God နဲ့ ဖီးလ် ခဲ့တာပေါ့။ ကြုံလို့ ပြောရဦးမယ်။ သီချင်းတွေက ဘယ်လောက်သစ်သစ် ဟောင်းဟောင်း ခံစားချက်နဲ့ ဆိုက်ဆိုင်မှ ကြိုက်မိသွားတာတွေချည်းပဲ။ Metallicaရဲ့ nothing else matters ဆိုရင် ပထမဆုံး...

ယူနီကုဒ်ဆိုတာ ဂြိုလ်သားစကားလား

ဒီ မေးခွန်းကို ဖြေဖို့ဆိုရင်တော့ ကွန်ပျူတာတွေ ဖုန်းတွေက လူစကားကို နားမလည်ဘူးဆိုတာကနေ စပြောရမှာပဲ။ ဖြစ်ဖို့များတာကတော့ မိတ်ဆွေက ဒီစာကို ဖုန်းတစ်လုံးပေါ်မ...

ပုဂံ (၃)

ဒီနေ့အတွက် သတင်းကောင်းကတော့ Bagan ကို World Heritage အဖြစ်သတ်မှတ်လိုက်ပါပြီ။ ဒီအတွက်ကျိုးစားပေးခဲ့တဲ့ သူတွေကိုလည်း အများကြီး ကျေးဇူးတင်ပါတယ်။အထူးသဖြင့် ဆရာမျိုးဆွေသန်း တို့ပေါ့။ ပုဂံကို ဒီတစ်ခေါက် ရောက်တော့ ဘုရားပေါ် တက်တာနဲ့ ပတ်သက်ပြီး အမျိုးမျိုးပြောတာ ကြားခဲ့ရတယ်။ နန်းမြင့်မျှော်စင် ကို လူမလာမှာစိုးလို့ ဘုရားပေါ်တက်ခွင့် ပိတ်လိုက်တယ် ဆိုတာတွေရော ပေါ့။ ပုဂံကို ဘယ်နခေါက်သွားသွား မနှံ့ဘူး။ ဒီတခေါက် ကျတော့ ညောင်ဦး ဘက်ကနေ သွားရတဲ့ တောကျောင်း ဆိုတာလေးကို ရောက်သွားမိတယ်။ အဲ့ဒီဘက်ကျ တသီးတသန့် ဖြစ်နေတော့ ရောက်တဲ့သူ သွားတဲ့သူလည်း နည်းတယ်။ အဲ့ဒီဘက်ကရှု့ခင်းလည်း အတော်လှတယ်။ ဧရာဝတီရယ် ပုဂံရယ် ကို အပေါ်စီးက ကြည့်လို့ရတယ်။ရာသီဥတု ကောင်းနေရင် ပုပ္ပါးတောင်မကြီး ကိုပါ မြင်ရတယ်။"ကျွန်" ရုပ်ရှင်ဇာတ်ကား မှာပါတဲ့ ဇာတ်ဝင်ခန်းတစ်ချို့ကို ဒီမှာလာရိုက်သွားတယ် လို့ အဲ့က ကျောင်းထိုင်ဘုန်းကြီးက ပြောသေးတယ်။ ပုံမှန်ဆိုရင် လူပုံတွေရိုက်ရတာမကြိုက်ဘူး။ မရိုက်ရဲတာ ကြောင့်ဖြစ်မယ်။ ကိုယ်ရိုက်တဲ့ပုံကို တကယ့်ဆရာကြီးတွေ မြင်ရင် ဟာသတစ်ခုလို အမြင်ခံရမှာ ကြောက်တာလည်း ပါမယ်ထင်တယ်။ ဒီပုံကိုတော့ လုံးဝ ပြင်ဆင...

ကျွန်တော်နဲ့ ဂြိုလ်သား

ကျွန်တော့်မှာ ဂြိုလ်သားမိတ်ဆွေ တယောက်ရှိတယ်။ သူက ကျွန်တော့်ထက် ခေတ်ရှေ့ပြေးတယ်။ ကျွန်တော် ရှာဖွေခဲ့တဲ့ အရာတွေကို သူ့ဆီမှာ ဆယ်နှစ်လောက် စောပြီး တွေ့ခဲ့ရတယ်။ ဒါတွေကို ဘာလို့ ခုမှ ပြောလဲ ဆိုရင် ဂြိုလ်သားနဲ့ ကျွန်တော် သိတာ ဆယ်စုနှစ် တခု ကြာတော့ တရက် မှာ နှစ်ယောက်သား စကား ထိုင် ပြောဖြစ်ကြတယ်ပေါ့။ အဲ့ချိန်ကျမှ ကျွန်တော် လွန်ခဲ့တဲ့ ၁၀  နှစ်က ရှာခဲ့တာတွေကို ဂြိုလ်သား ဆီမှာ အကုန်တွေ့တော့တာပဲ။ သူ အခု ပြောနေပြီ။ သူ ဒီ ကမ္ဘာပေါ် မနေနိုင်တော့ဘူးတဲ့။ ကျွန်တော်က မသွားသေးပါနဲ့လို့ တားနေရတယ်။ ကျွန်တော်လည်း နောက်ထပ် ဆယ်စုနှစ် တခုကြာရင် ဒီမှာ နေချင်မယ် မထင်ဘူး။ ဂြိုဟ်သားက အမြဲတမ်း အသစ်တွေကို ရှာဖွေတယ်။ သူကိုယ်တိုင်လည်း ရှာဖွေတယ်။သူများကိုလည်း သူရှာတွေ့တဲ့ အသစ်တွေကို မျှဝေပေးတယ်။ ကျွန်တော့်ကို မျှဝေတာတွေလည်း ရှိတယ်။ တခါတလေ သူ့ကိုယ်သူ ရှာဖွေနေရင်းလည်း ပျောက်နေတတ်တယ်။ ဂြိုဟ်သားနဲ့ ကျွန်တော်တူတာတွေတော့ရှိတယ်။ အပြင်ပန်းမှာ Rock တွေ Metal တွေ ကြိုက်တယ် ပြောလေ့ ရှိပေမယ့် တကယ်က blue လို jazz လို အေးအေးလေးတွေ ကို အသည်းထဲက ကြိုက်တာမျိုးပေါ့။ တခါတုန်းကဆိုရင် Auroa ရဲ့ Murder Song ကို ဖွင့်ပြီး က နေတဲ့ ဂြိ...

၂၀၁၉ ရဲ့ ရန်ကုန်အဆုံး

ဒီနေ့တွေဟာ ၂၀၁၉ အတွက် ရန်ကုန်မှာ နေရတဲ့ နောက်ဆုံးရက်တွေပဲ။ ဖျားနေတာရော စိတ်ကျန်းမာရေး မကောင်းတာရော ဘာတွေမှန်းမသိအောင် အလုပ်တွေရှုပ်နေတာရော ပေါင်းပြီး လူက ဘာလုပ်ရမယ် မှန်း ကို မသိတော့တာ။ စိတ်ရှုပ်ရှုပ်နဲ့ Facebook ကိုပါ log out လုပ်ပစ်လိုက်တယ်။ လူက ဖျားနေတော့ နားမှ သက်သာမယ် ဆိုတာ သိပေမယ့် မလုပ်လို့ မရတဲ့ အလုပ်တွေက ရှိနေပြန်တော့ ဖျားပေမယ့်လည်း လုပ်နေရပြန်ရော။ အဲ့တာနဲ့ ဖျားတာလည်း သက်သာလာတယ်ကို မရှိဘူး။ အရင်လို သူငယ်ချင်းတွေနဲ့ မနေ‌ တော့တဲ့ အကျိုးဆက်ပေါ့။ သူငယ်ချင်းတွေ ရှိနေရင် ဘာကူလုပ်ပေးပါဦး ညာကူလုပ်ပေးပါဦးနဲ့ ့အကုန်ဝိုင်းလုပ်ပေးတော့ မြန်မြန် ပြီးတာပေါ့။ ရန်ကုန်ကလည်း သိတဲ့အတိုင်း တနေရာနဲ့ တနေရာ သွားရတာ မလွယ်လှဘူး။ ဒီရက်ပိုင်းတော့ တရက်ကို taxi ခ သုံးသောင်းနီးပါးကျနေတယ်။ ဘတ်စ်ကားကျတော့လည်း အချိန် တအားကုန်တယ်။ တနေကုန်မှ ၂ နေရာ လောက်ပဲ သွားလို့ရတယ်။ အချိန်သည် ငွေ ဆိုတာ အဲ့တာကို ပြောတာနေမှာ လို့တောင် တွေးမိလိုက်သေးတယ်။ စာရေးရတာ ပျင်းတဲ့ ကိုယ်ဟာ ခုတလောဆို စာပဲ ရေးချင်စိတ်ပေါက်နေတော့တယ်။ ဒီစာတွေတောင် taxi ပေါ် ရောက်နေတဲ့အချိန်တွေမှာ ရေးနေဖြစ်တာ သာကြည့်တော့။ ဖြစ်တာက ကိုယ့်ခံစားချက်တွေကို ပြေ...

Frozen Keyboard

Frozen Keyboard က အရင် ယူနီကုဒ်ဗားရှင်း ထွက်ပြီးသားပါ။ အခုက Dev ပြောင်းသွားတာလားတော့ မသိဘူး။ အကုန် အသစ်တွေဖြစ်ကုန်တယ်။ ထားလိုက်ပါ။ ဘာဖြစ်ဖြစ်ပေါ့။ အခု အသစ်မှာတော့ ယူနီကုဒ်...

Facebook နဲ့ Unicode migration

ဒီနေ့ Facebook နဲ့ တွေ့တဲ့ပွဲမှာ ကိုယ်ပြောမယ် လုပ်ထားတာတွေကို တခြားသူတွေ ပြောသွားတာနဲ့ ဘာမှတောင် မပြောလိုက်ရပါဘူး။ auto detect လုပ်တဲ့နေရာမှာ တိုင်းရင်းသားစာတွေ ကို detect လုပ်မ...