ပုဂံ (၃)

ဒီနေ့အတွက် သတင်းကောင်းကတော့ Bagan ကို World Heritage အဖြစ်သတ်မှတ်လိုက်ပါပြီ။ ဒီအတွက်ကျိုးစားပေးခဲ့တဲ့ သူတွေကိုလည်း အများကြီး ကျေးဇူးတင်ပါတယ်။အထူးသဖြင့် ဆရာမျိုးဆွေသန်း တို့ပေါ့။

View Point

ပုဂံကို ဒီတစ်ခေါက် ရောက်တော့ ဘုရားပေါ် တက်တာနဲ့ ပတ်သက်ပြီး အမျိုးမျိုးပြောတာ ကြားခဲ့ရတယ်။ နန်းမြင့်မျှော်စင် ကို လူမလာမှာစိုးလို့ ဘုရားပေါ်တက်ခွင့် ပိတ်လိုက်တယ် ဆိုတာတွေရော ပေါ့။
ပုဂံကို ဘယ်နခေါက်သွားသွား မနှံ့ဘူး။ ဒီတခေါက် ကျတော့ ညောင်ဦး ဘက်ကနေ သွားရတဲ့ တောကျောင်း ဆိုတာလေးကို ရောက်သွားမိတယ်။ အဲ့ဒီဘက်ကျ တသီးတသန့် ဖြစ်နေတော့ ရောက်တဲ့သူ သွားတဲ့သူလည်း နည်းတယ်။ အဲ့ဒီဘက်ကရှု့ခင်းလည်း အတော်လှတယ်။ ဧရာဝတီရယ် ပုဂံရယ် ကို အပေါ်စီးက ကြည့်လို့ရတယ်။ရာသီဥတု ကောင်းနေရင် ပုပ္ပါးတောင်မကြီး ကိုပါ မြင်ရတယ်။"ကျွန်" ရုပ်ရှင်ဇာတ်ကား မှာပါတဲ့ ဇာတ်ဝင်ခန်းတစ်ချို့ကို ဒီမှာလာရိုက်သွားတယ် လို့ အဲ့က ကျောင်းထိုင်ဘုန်းကြီးက ပြောသေးတယ်။

တောကျောင်း

ပုံမှန်ဆိုရင် လူပုံတွေရိုက်ရတာမကြိုက်ဘူး။ မရိုက်ရဲတာ ကြောင့်ဖြစ်မယ်။ ကိုယ်ရိုက်တဲ့ပုံကို တကယ့်ဆရာကြီးတွေ မြင်ရင် ဟာသတစ်ခုလို အမြင်ခံရမှာ ကြောက်တာလည်း ပါမယ်ထင်တယ်။ ဒီပုံကိုတော့ လုံးဝ ပြင်ဆင်မထားပဲ ဖြစ်သလို ကြုံသလို ရိုက်မိသွားတာ။ ရိုက်တဲ့အချိန်ကလည်း ညမိုးချုပ်နေပြီ။ Flash နဲ့ လည်း ကောင်းကောင်း မရိုက်ဖူးဘူး။ ရိုက်လည်း မရိုက်တတ်သေးဘူး။ ဆိုတော့ ဒီတခေါက် ပုဂံရောက်တုန်း လူပုံရိုက်ခဲ့တယ်ပေါ့ဗျာ။
Portrait of Nang



Comments

Popular posts from this blog

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

MacOS Myanmar Unicode Keyboard

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ