Skip to main content

၂၀၁၉ ရဲ့ ရန်ကုန်အဆုံး

ဒီနေ့တွေဟာ ၂၀၁၉ အတွက် ရန်ကုန်မှာ နေရတဲ့ နောက်ဆုံးရက်တွေပဲ။ ဖျားနေတာရော စိတ်ကျန်းမာရေး မကောင်းတာရော ဘာတွေမှန်းမသိအောင် အလုပ်တွေရှုပ်နေတာရော ပေါင်းပြီး လူက ဘာလုပ်ရမယ် မှန်း ကို မသိတော့တာ။ စိတ်ရှုပ်ရှုပ်နဲ့ Facebook ကိုပါ log out လုပ်ပစ်လိုက်တယ်။ လူက ဖျားနေတော့ နားမှ သက်သာမယ် ဆိုတာ သိပေမယ့် မလုပ်လို့ မရတဲ့ အလုပ်တွေက ရှိနေပြန်တော့ ဖျားပေမယ့်လည်း လုပ်နေရပြန်ရော။ အဲ့တာနဲ့ ဖျားတာလည်း သက်သာလာတယ်ကို မရှိဘူး။ အရင်လို သူငယ်ချင်းတွေနဲ့ မနေ‌ တော့တဲ့ အကျိုးဆက်ပေါ့။ သူငယ်ချင်းတွေ ရှိနေရင် ဘာကူလုပ်ပေးပါဦး ညာကူလုပ်ပေးပါဦးနဲ့ ့အကုန်ဝိုင်းလုပ်ပေးတော့ မြန်မြန် ပြီးတာပေါ့။
ရန်ကုန်ကလည်း သိတဲ့အတိုင်း တနေရာနဲ့ တနေရာ သွားရတာ မလွယ်လှဘူး။ ဒီရက်ပိုင်းတော့ တရက်ကို taxi ခ သုံးသောင်းနီးပါးကျနေတယ်။ ဘတ်စ်ကားကျတော့လည်း အချိန် တအားကုန်တယ်။ တနေကုန်မှ ၂ နေရာ လောက်ပဲ သွားလို့ရတယ်။ အချိန်သည် ငွေ ဆိုတာ အဲ့တာကို ပြောတာနေမှာ လို့တောင် တွေးမိလိုက်သေးတယ်။
စာရေးရတာ ပျင်းတဲ့ ကိုယ်ဟာ ခုတလောဆို စာပဲ ရေးချင်စိတ်ပေါက်နေတော့တယ်။ ဒီစာတွေတောင် taxi ပေါ် ရောက်နေတဲ့အချိန်တွေမှာ ရေးနေဖြစ်တာ သာကြည့်တော့။ ဖြစ်တာက ကိုယ့်ခံစားချက်တွေကို ပြောရမယ့်သူ နားထောင်မယ့် သူ မရှိတော့ ဒီမှာပဲ လာပြော လာပေါက်ကွဲ နေသလို ဖြစ်နေတာ။ တွေးကြည့်ရင် ရယ်စရာကြီးပေါ့။ တစ်ကိုယ်တော် မနေခဲ့တာ ကြာပြီ။ ရင်ဖွင့်စရာ လူလေး စကားပြောဖော်လေး ရလာတော့ အဲ့လူကိုပဲ ပြောနေကျ ဖြစ်တာက အကျင့်ပါသွားပြီး တစ်ကိုယ်တော် မနေတတ်တော့ဘူး ဖြစ်သွားတယ်။ အလွန်အကျွံ ဆိုတာ ဘယ်ဟာမှ မကောင်းဘူးပဲ။ မိမိကိုယ်သာ ကိုးကွယ်ရာ ဆိုတာ အလကား ပြောခဲ့တာ မှ မဟုတ်ပဲ။ အဟဲ။ နောက်ပြီးတော့
နောင်တ ဆိုတာ နောင်မှ ရတယ် ဆိုတာ အမှန်ပဲ။


Yangon 2019

ခွဲခွာရတာ သဘာဝ ဆိုပေမယ့်လည်း ခွဲခွာခြင်းတွေနဲ့ ဘယ်တော့မှ အသားကျလာမယ် မထင်ဘူး။
ခွဲခွာရမယ့် အချိန်မှာလည်း ကိုယ်က လူမသိ သူမသိလေးပဲ ပျောက်သွားချင်ခဲ့တယ်။ ကျန်ခဲ့တဲ့သူတွေကို ဘာဝေဒနာမှ မပေးခဲ့ချင်ဘူး။ ခွဲရမှာ သိသိကြီးနဲ့ မြင်တွေ့နေရတာ ဘယ်သူ့အတွက်မှ အဆင်မပြေဘူးလို့ ခံစားရတယ်။ ခဏပဲ ခွဲခွဲ တသက်လုံး အတွက် ခွဲခွဲ ခံစားရတာက ခံစားရတာပဲ။
စဉ်းစားမရတာက ကိုယ်ဟာ ဘယ်တုန်းက ခွဲခွာခြင်းတွေကို မုန်းတတ်သွားတာလဲ ဆိုတာပဲ။

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။