Skip to main content

Frozen Keyboard

Frozen Keyboard က အရင် ယူနီကုဒ်ဗားရှင်း ထွက်ပြီးသားပါ။ အခုက Dev ပြောင်းသွားတာလားတော့ မသိဘူး။ အကုန် အသစ်တွေဖြစ်ကုန်တယ်။ ထားလိုက်ပါ။ ဘာဖြစ်ဖြစ်ပေါ့။ အခု အသစ်မှာတော့ ယူနီကုဒ်အတွက် support ပေးလာပါပြီ။ သူတို့ Facebook page မှာ ရေးထားတဲ့အတိုင်း ပြန်ကူးထည့်ပေးလိုက်ပါတယ်။

🔥🔥 Hot Update - 3.4 🔥🔥
(ကျေးဇူးပြု၍ စာဆုံးတဲ့အထိဖတ်ပေးပါခင်ဗျာ။)

အောက်တိုဘာ ၁ရက်နေ့ကစပြီး Mobile ဖုန်းနဲ့ ကွန်ပြူတာအကုန်လုံးမှာ Unicode Font, Unicode လက်ကွက်ကို တစ်နိုင်ငံလုံးအနေအထားဖြင့် ပြောင်းလဲဖို့ အစိုးရအနေဖြင့် ညွှန်ကြားထားပြီး ဖြစ်ပါတယ်။

🇲🇲 မြန်မာနိုင်ငံရဲ့ လူငယ်နည်းပညာအဖွဲ့တစ်ခုဖြစ်တဲ့ ကျွန်တော်တို့ Frozen Keyboard အဖွဲ့ မှလဲ ကိုယ်တတ်နိုင်တဲ့ တစ်ထောင့်တစ်နေရာမှ လူထုအကျိုးပြုဖို့ အတွက် Mobile Phone မြန်မာစာလက်ကွက်နေရာမှာ Unicode သုံးစွဲရလွယ်ကူအောင်၊ အလွယ်တကူကူးပြောင်းနိုင်အောင် အချိန်ယူပြီး ယခု version ကို ထုတ်လုပ်ပေးလိုက်ပြီဖြစ်ပါတယ်။ 🇲🇲

🤔🤔 ဘာတွေ ထူးခြားလာပြီလဲ ??? 🤔🤔

1. Zawgyi Unicode Converter ပါလာပါပြီ။
--------------------------------------
👉 Feature ဖွင့်ရန် - Frozen Keyboard > Setting > Zawgyi to Unicode Converter ကိုဖွင့်ပေးလိုက်ပါ။
👉 အသုံးပြုနည်း - မိမိ ဖတ်ချင်တဲ့ မည်သည့်စာပိုဒ်ကိုမဆို Copy ကူးလိုက်တာနဲ့ auto Zawgyi <> Unicode ပြောင်းပြီး ဖတ်လို့ မရတာတွေ အကုန်ဖတ်လို့ ရသွားပါမယ်။

2. Unicode ကို Zawgyi Function, Zawgyi လက်ကွက်အတိုင်း ရိုက်မယ်။
-------------------------------------
👉 Feature ဖွင့်ရန် - Frozen Keyboard > Setting > Unicode ကိုဖွင့်ပေးပါ။ (မှတ်ချက် ။ ။ Zawgyi Font ကိုဖြုတ်ရန် လိုအပ်ပါသည်။)
👉 အသုံးပြုနည်း - ယခင်ရိုက်နေတဲ့ Zawgyi လက်ကွက် အတိုင်းရိုက်လို့ ပြောင်းလဲခြင်းမရှိ အသုံးပြုနိုင်မှာပါ။
☺️ ဘယ်သူတွေအတွက် သင့်တော်မလဲ - Zawgyi လက်ကွက်ကနေ Unicode ပြောင်းချင်သူများအတွက် အလွယ်တကူ ပြောင်းသုံးနိုင်ပါမယ်။

3. Pure Typing (Unicode လက်ကွက် အတိုင်းရိုက်နိုင်ပါပြီ။)
------------------------------------
👉 Feature ဖွင့်ရန် - Frozen Keyboard > Setting > Pure Typing ကိုဖွင့်ပေးပါ။ (မှတ်ချက် ။ ။ Zawgyi Font ကိုဖြုတ်ရန် လိုအပ်ပါသည်။ Unicode ကိုဖွင့်ထားရန် လိုအပ်ပါသည်။)
👉 အသုံးပြုနည်း - Unicode လက်ကွက်အတိုင်း ရိုက်နိုင်ပါသည်။ နှစ်လုံးဆင့်တွေမှာသုံးတဲ့ virama key ကိုလဲ ကီးဘုတ်အလယ်မှာ ထည့်သွင်းပေးထားပါတယ်။ "ကြ" ကိုရိုက်လ ျှင်လဲ "က" ပြီးမှ "ြ    " ရိုက်တဲ့ ပုံစံဖြစ်သွားပါမယ်။

👇👇👇 Download လုပ်ရန် 👇👇👇
Download Play Store - http://bit.ly/psfrozen
APK Download - http://www.mediafire.com/file/kcdmmqr46b2ynd9/Frozen_3.4.apk/file

👍 "ကျွန်တော်တို့တူတူ ပြောင်းလဲကြရအောင်" 👍

#frozenkeyboard #unicode #newupdate #newversion
#store #theme #zawgyi #converter

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter