Unicode on Xiaomi

လုပ်ပုံလုပ်နည်း ဗီဒီယိုကြည့်ရန်
👇👇👇👇👇

Xiaomi ဖုန်း အသုံးပြုသူများအတွက် မိမိလက်ရှိအသုံးပြုနေတဲ့ ဇော်ဂျီဖောင့်ကနေ ယူနီကုဒ်စနစ် စံမြန်မာစာကို ပြောင်းလဲအသုံးပြုလိုသူများအတွက် Default ဖောင့်ကို ပြန်လည်ပြောင်းလဲပုံကို ပြထားတဲ့ ဗီဒီယိုလေးပါ။ တကယ်တန်းတော့ MIUI မှာက ယူနီကုဒ်စနစ်က ပါဝင်ပြီးသားပါ။ အဲ့ဒီယူနီကုဒ်စနစ်ထဲမှာလည်း မြန်မာဘာသာအတွက် တစ်ပါတည်းပါပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် အကြောင်းအမျိုးမျိုးကြောင့် ဇော်ဂျီဖောင့် အသုံးပြုနေကြတဲ့သူများ ယူနီကုဒ်စနစ်ထဲမှာ ပါပြီးသား စံမြန်မာစာကို ပြန်လည်အသုံးပြုလိုကြတယ်ဆိုရင် ဖုန်းရဲ့ Home screen ပေါ်မှာရှိတဲ့ Theme ထဲဝင်ပြီး ဘယ်ဘက်အပေါ်ထောင့်လေးက လူပုံလေး (My account) ကိုနှိပ်လိုက်ပါ။ ပေါ်လာတဲ့စာမျက်နှာထဲက Font ထဲကို ဝင်ပါ။ ထိပ်ဆုံးမှာရှိတဲ့ Default ဆိုတာကို နှိပ်ပါ။ ပြီးရင် ပေါ်လာတဲ့စာမက်ေနှာထဲက အောက်နားလေးမှာရှိတဲ့ Apply ဆိုတာကို နှိပ်ပါ။ Reboot လုပ်မလားမေးရင် Reboot လုပ်ပေးလိုက်ပါ။ Reboot ဖြစ်သွားပြီး စက်ပြန်တက်လာရင် ယူနီကုဒ်စနစ် စံမြန်မာစာကို အသုံးပြုနိုင်ပြီပဲ ဖြစ်ပါတယ်။ တကယ်က ပါပြီးသားကို ပြန်ပြောင်းအသုံးချခြင်းပါပဲ ခင်ဗျာ။ ပြောင်းရတာ မခက်ခဲပါဘူး။ ကီးဘုတ်ကတော့ Gboard - The Google Keyboard ကို အသုံးပြုနိုင်ပါတယ်။ တိုင်းရင်းသားဘာသာစကားတွေပါ ရေးသားလိုတယ်ဆိုရင်တော့ Play store မှာရှိတဲ့ M3 Keyboard နဲ့ MUA (ဗေ) Keyboard ကို ဒေါင်းလုဒ်ရယူ အသုံးပြုနိုင်ပါတယ်။


Download Link for Keyboards
======================================
MUA Keyboard (ဗေ ကီးဘုတ်)
https://play.google.com/store/apps/details?id=com.sanlin.mkeyboard

M3 Keyboard
https://play.google.com/store/apps/details?id=mm.co.aty.android.m3keyboardl

Gboard - The Google Keyboard
https://play.google.com/store/apps/details?id=com.google.android.inputmethod.latin


Credit to Kyaw Soe Win

Comments

Popular posts from this blog

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

MacOS Myanmar Unicode Keyboard

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ