Skip to main content

Myanmar 3 Vs ပြည်ထောင်စု

ဖေဖော်ဝါရီ ၂၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ တတိယအကြိမ် E-Government လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတဲ့ မိန့်ခွန်းထဲမှာ "ယခုအသုံးပြုနေသည့် Myanmar-3 Font ကိုမသုံးဘဲ International Standard Organization 10646 နှင့်ပိုမိုကိုက်ညီသည့် PyiDaungSu Font စနစ်နှင့် Keyboard ကိုအသုံးပြုရန် ဦးတည်ရမည်ဖြစ်ပါ ကြောင်း၊ အစိုးရ၏ Electronic ဝန်ဆောင်မှုများကို ပြည်သူအားလုံးသိရှိနားလည်ရေးအတွက် မြန်မာဘာသာစကားဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် ကွန်ပျူတာသုံး မြန်မာဘာသာစကားစနစ်ကို ပြုပြင်ရန် လိုအပ်ပါကြောင်း “ လို့ ပြောသွားခဲ့ပါတယ်။
လူအတော်များများက ယူနီကုတ်၊ဇော်ဂျီ ၊ မြန်မာ၃ တွေနဲ့ ရင်းနှီးနေကြပေမယ့် ပြည်ထောင်စု ဆိုတဲ့နာမည်ကိုတော့ အခုမှစပြီး ရင်းနှီးကြတာမျိုး ဖြစ်ပါလိမ့်မယ်။ ဒီ Post ကနေပြီးတော့ ပြည်ထောင်စုဖောင့်စနစ်နဲ့ Myanmar3 , ဇော်ဂျီတွေ ဘာကွာလဲဆိုတာကို နှိုင်းယှဉ် ဖော်ပြပေးသွားပါမယ်။
၁. Pyidaungsu Font ဆိုတာ ဇော်ဂျီမဟုတ်၊ ယူနီကုဒ်မဟုတ်တဲ့စနစ် အသစ်လား?
မဟုတ်ပါဘူး။ Pyidaugsu Font က ယူနီကုဒ် စနစ်ကို အခြေခံထားတဲ့ ဖောင့်ဖြစ်ပါတယ်။ Myanmar3 ကို အဆင့်မြှင့်ထားတဲ့ ဖောင့်ဆိုရင် ပိုမှန်ကန်ပါလိမ့်မယ်။ ဒါပေမယ့် Pyidaungsu font ရဲ့မူရင်းဖောင့်ကတော့ Myanmar Census ဆိုတဲ့ဖောင့်ဖြစ်ပါတယ်။ နောက်ပိုင်း 2014 ခုနှစ်မှာ Pyidaungsu ဆိုပြီး အမည်ပြောင်းလဲသွားခဲ့တာပါ။

၂. Myanmar3 နဲ့ဘာတွေကွာခြားသွားပါသလဲ?
Myanmar 3 ဖောင့်ကို တီထွင်ခဲ့တာ အတော် ကိုကြာမြင့်ခဲ့ပါပြီ။ဆက်လက် ထိန်းသိမ်းဖို့ရာ အကြောင်းအမျိုးမျိုးရှိလို့. Pyidaungsu Font ကို ဖန်တီးပြီး အဆင့်မြှင့်တင်ထားတာပါ။ Myanmar3 နဲ့ မကိုက်ညီတဲ့ စက်တွေ၊ ကွန်ပျူတာစနစ်တွေအတွက် Pyidaungsuနဲ့ ပိုမို အဆင်ပြေအောင် ပြုလုပ်ထားပါတယ်။
အရေးအကြီးဆုံးတစ်ခုကတော့ Myanamar 3 မှမပါဝင်တဲ့ တိုင်းရင်းသား ဘာသာစကား
၁၆ မျိူးပါဝင်ပါတယ်။
အောက်မှာအသေးစိတ်ဖော်ပြပေးထားပါတယ်။
ဗမာ, သက္ကတ/ပါဠိ, မွန်, ရှမ်း, စကောကရင်, ပိုးကရင်(အနောက်ပိုင်း), ပိုးကရင် (အရှေ့ပိုင်း), ပအိုဝ်း, ကယား, အရှိုချင်း, ပလေးပလောင်, ရူမာည်းတအောင်း,ခန္တီးရှမ်း, Aiton & Phake, တိုင်းလျမ်ခေါ်ရှမ်းနီ, ရွှေပလောင်
၃.Pyidaungsu font ကိုရိုက်ဖို့လက်ကွက်အသစ်တွေဖြစ်သွားမှာလား?
လုံးဝမဖြစ်ပါဘူး ။ ယခင် Myanmar3 ကိုရိုက်တဲ့ နည်းစနစ်အတိုင်းပဲ ဆက်လက်ရိုက်လို့ရပါတယ်။ ယခင် Myanmar3 နဲ့ရိုက်ခဲ့တဲ့စာတွေကိုလည်း ဖောင့်ကို Pyidaungsu အဖြစ်ပြောင်းလဲလိုက်ရင် စာလုံးပုံစံအနည်းငယ် ပြောင်းလဲသွားတာကလွဲလို့ အခြားဘာမှ အမှားအယွင်းမဖြစ်ပေါ်နိုင်ပါဘူး။
၄.Window XP တို့ 7 တို့ 10 တို့ ပေါ်မှာကောင်းကောင်းအလုပ်လုပ်ပါသလား?
Pyidaungsu font က တစ်မျိုးတည်းရှိတာမဟုတ်ပါဘူး။ ၂မျိုးလောက်ရှိပါတယ် ။
Window OS အနိမ့်တွေ၊ (ဥပမာ- Window 7 or xp ) နဲ့ Window office အနိမ့်( MS word 2007, 2010) စာတာတွေအတွက် Pyidaungsu font 1.8 ဗားရှင်းကိုအသုံးပြုရပါတယ်။
Pyidaungsu font version 2.5 နဲ့စတာတွေကို MS office 2016 နှင့်အထက် ဗားရှင်းများမှာ ကောင်းကောင်းအသုံးပြုနိုင်ပါတယ်။
တကယ်လို့ကိုယ်ကခေါင်းအရှုပ်မခံချင်ရင်တော့ ဒီ Link လေးကိုသွားကြည့်ပြီး ဘယ်စက်အတွက် ဘာရွေးရမယ်ဆိုတာကို ရွေးချယ်လို့ရပါတယ်။
https://www.unicode.today/fonts-download/
၅.Microsoft Office ဖြစ်တဲ့ MS word, powerpoint စတာတွေမှာတော့ဟုတ်ပါပြီ။ အခြား Adobe photoshop တို့ဘာတို့မှာကောသုံးလို့ရသလား?
Adobe ရဲ့ နောက်ဆုံး Update ထွက်တဲ့ ကုန်ပစ္စည်းတွေမှာဆိုရင်တော့ မည်သည့်ယူနီကုဒ် ဖောင့်ကိုမဆိုထည့်သုံးလို့ရပါတယ်။ ဒါပေမယ့် ဗားရှင်းအဟောင်းတွေမှာဆိုရင်တော့ Pyidaungsu Book ဆိုတဲ့ ဗားရှင်းကို သုံးရတယ်လို့ဆိုထားပါတယ်။

၆.Pyidaungsu Zawdecode Font ဆိုတာကကောဘာလဲ?
စနစ်ကူးပြောင်းရေးကာလတွင် သုံးစွဲသူများကို အဆင်ပြေစေရန် ရည်ရွယ်၍ ယူနီကုဒ်စနစ် အပြည့်အဝမှန်ကန်ပြီး ဇော်ဂျီ စာသားများပါ တတ်နိုင်သလောက် ဖတ်ရှုနိုင်သော အဆင့် ဖြစ်စေရန်အတွက် 30/8/2015 ရက်နေ့တွင် ထုတ်လုပ်ဖြန်ချိခဲ့ပါသည်။ ပြည်ထောင်စုဖောင့် လိုင်စင်အတိုင်း ဖြစ်ပါသည်။(ref : mcf.org.mm)
ဒါပေမယ့် ယခုအချိန်မှာတော့ ဒီအမျိုးအစားဖောင့်ကို မထည့်သွင်းမိဖို့အရေးကြီးပါတယ်။ သုံးစွဲဖူးသော အတွေ့အကြုံများအရ မလိုလားအပ်သော ထပ်မံရှုပ်ထွေးမှုများ ဖြစ်ပေါ်လာတတ်လို့ ဖြစ်ပါတယ်။
၇. ဒါဆိုစက်ထဲကို ဘယ်တစ်ခုကိုသွင်းရမလဲ။ ?
မိမိစက်အမျိုးအစားအလိုက် ဖောင့်ကိုရွေးသွင်းပေးရပါတယ်။ Chrome Browser   တို့ Mozilla Firefox တို့မှာလည်းဖောင့် ဆက်တင်ကို Pyidaungsu လို့ရွေးလိုက်တာနဲ့ တန်းမြင်နိုင်ပါတယ်။

ရေးသားသူ
Nyein Chan Ko Ko
( Tech for Change, Phandeeyar)

Comments

  1. Adobe Acrobat (pdf) တွင် Pyidaungsu font ရိုက်လို့မရသေးပါသဖြင့် ဘယ်လိုလုပ်ရမလဲဆိုတာ တစ်ချက်ပြောပြပေးစေချင်ပါတယ်။ နောက်ဆုံးVersion လည်းမရပါ။

    ReplyDelete

Post a Comment

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...