Skip to main content

ပြည်ထောင်စုဖောင့်

Myanmar3 ကနေ Pyidaungsu Font ပြောင်းသုံးရမယ်ဆိုလို့ အထိတ်တလန့် ဖြစ်သွားသူတွေအတွက်တော့ Myanmar3 ရော Pyidaungsu ရော နှစ်ခုလုံးက Unicode စံစနစ်ကိုလိုက်နာထားတဲ့ Font အမျိုးအစားတွေဖြစ်တဲ့အတွက် ပြောင်းသုံးလိုက်လို့ စာရိုက်ရတဲ့နေရာမှာ အပြောင်းအလဲ စိုးစဉ်းမြူမှုန်မှ ရှိမှာမဟုတ်တဲ့အကြောင်းပြောကြားလိုပါတယ်။ Pyidaungsu Font က Myanmar3 ထက်ဘာပိုသာလဲဆိုရင် တိုင်းရင်းသားစာပေတွေပါ စုပေါင်းပါဝင်လာတာက ပိုသာသွားတာပဲဖြစ်ပါတယ်။ Zawgyi ကနေ Pyidaungsu ပြောင်းသုံးမယ့် ပြည်သူတွေအတွက်တော့ အခက်အခဲလေးတွေကြုံရနိုင်ပါတယ်။ ဒီအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ ကူညီပေးမယ့် Unicode စံစနစ်ကိုအသုံးပြုတဲ့ မြန်မာပြည်သားတွေ ဒုနဲ့ဒေး ရှိပါတယ်။ Warmly welcome ပါ။
ပြောချင်တာတော့ Zawgyi ကို စွန့်ခွာပါတော့လို့။

တကယ်တော့ Unicode က TimesNewRoman, Arial, Roboto, Calibri, Pyidaungsu, Myanmar3, Zawgyi-One, အစရှိတဲ့ Font တွေလို မျိုး Font တခုမဟုတ်ပါဘူး။
Unicode ဆိုတာ စံစနစ်ကြီးတခုဖြစ်ပါတယ်။ TimeNewsRoman Font ရဲ့ A နဲ့ Arial Font ရဲ့ A က ကြည့်ရတဲ့ပုံစံ( ထောင့်ချိုး ၊အနားသပ် စသည် )ကွဲပြားပေမယ့် မူရင်းအဓိပ္ပါယ်ကတော့ Aပါပဲ။

ဥပမာ ငြိမ်းချမ်းရေးအတွက် သီချင်းတပုဒ်ရှိနေမယ်ဆိုတဲ့ သီချင်းက Unicode ဆိုရင် သူ့ Style နဲ့သူဆိုကြတဲ့ အဆိုတော်တွေရဲ့ Version တွေက Font တွေပါပဲ။
ဖြူဖြူကျော်သိန်းဆိုရင် တမျိုး၊ နီနီခင်ဇော်ဆိုရင်တမျိုး၊ ဝိုင်းစုခိုင်သိန်းဆိုရင်တမျိုး စသည်စသည်ပေါ့နော်။
သူတို့ ကိုယ်စီ Version တွေမှာ Key တွေ Performance တွေ  ဘယ်လို ပြောင်းပြီးတော့ပဲ  ဆိုဆို သီချင်းရဲ့မူရင်း အဓိပ္ပါယ်တွေ စကားလုံးတွေ စာသားတွေကို မပျောက်ပျက်အောင် ဆိုရမှာဖြစ်ပါတယ်။

စံမီတဲ့ Font တွေမှာ A ကို ဘယ်လိုပုံစံ မျိုးနဲ့ ရေးရေး A နေရာမှာ မြန်မစာထဲက "ခ" ဖြစ်သွားအောင် အစားထိုးလို့မရပါဘူး။

အဲ့ဒီတော့ Font Developer တယောက်က ကိုယ့်စိတ်ကြိုက် Font တခုကိုရေးသားထုတ်ဝေတော့မယ်ဆိုရင် စံစနစ်နဲ့ ကိုက်ညီလား မညီဘူးလားဆိုတာ စဉ်းစားရပါတော့မယ်။

Zawgyi Font ဟာ နိုင်ငံတကာက သတ်မှတ်ထားတဲ့ စံတွေနဲ့ မကိုက်တော့ပါဘူး။ မွမ်းမံပြင်ဆင် Upgrade လုပ်ဖို့လိုနေပါပြီ။ Zawgyi Font ဟာ မြန်မာစာရဲ့ "်" အသတ်နေရာမှာ "ျ" ကိုထည့်ထားပါတယ်။ သီချင်းဥပမာနဲ့ပြောရရင်တော့ ငြိမ်းချမ်းရေးအတွက်သီချင်းတပုဒ်ဆိုတဲ့ သီချင်းထဲက စာသားတွေကို "ချမ်းတွက်ရေးငြိမ်းအ ချင်းသီပုဒ်တမယ်ရှိနေ" ဆိုပြီး ကပြောင်းကပြန်တွေ ဆိုလိုက်သလိုဖြစ်နေပါတယ်။

ကိုယ်သုံးနေတဲ့ မြန်မာ Font က နိုင်ငံတကာစံမီလား ဘောင်ဝင်လားဆိုတာကိုသိချင်ရင်
အခုနိုင်ငံခြားမှာနေတဲ့ နိုင်ငံခြားသားမိတ်ဆွေတယောက်ဆီကို
"မင်္ဂလာပါ" လို့ မြန်မာလိုရိုက်ပို့လိုက်ပါ။
ပြီးရင် သူ့ဖုန်းထဲမှာ အဲ့ဒီ စာကြောင်းကို ဘယ်လိုပေါ်လဲဆိုတာ screenshot ရိုက်ပြီးပြန်ပို့ပေးဖို့ပြောပါ။
အဲ့ဒီမှာ ကိုယ်သုံးတဲ့ Font က နိုင်ငံတကာ စံမီလား မမီဘူးလား ဘောင်ဝင်လားမဝင်ဘူးလားဆိုတာကို သိရပါလိမ့်မယ်။

ရန်အောင်မိုး

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။