Skip to main content

Slipknot ရဲ့ Snuff

မနေ့က ဘော်ဒါတစ်ယောက်နဲ့ သီချင်းတွေအကြောင်းပြောနေရင်း snuff  အကြောင်း ရောက်သွားတယ်။ ဘယ်သီချင်းကိုမှ ကျွန်တော် အဲ့လောက် တန်းတန်းစွဲစွဲ မကြိုက်မိဘူး။  Snuff မှာအဆိုတော် Corey Taylor ရဲ့ အသံနဲ့ Music Video က အဓိက ကျနေတယ်။ တစ်ချို့ သီချင်းစာသားတွေကို ဆိုလိုက်တဲ့အချိန်မှာ Corey ရဲ့ နာနာကျည်းကျည်း အသံကို ခံစားမိတယ်။ MV မှာလည်း သူ ဝုန်းဒိုင်းကျဲအောင် သရုပ်ဆောင်တာကို Acting လို့ကို မမြင်နိူင်ပဲ တကယ် ကိုယ်လည်း သူ့အတိုင်းပဲ အဲ့လိုလုပ်မိမှာပဲ ဆိုပြီး တွေးနေမိသေးတယ်။
သီချင်းတစ်ပုဒ်ကို ဘာလို့ကြိုက်လဲ လို့ ကျွန်တော့်ကိုလာမေးရင် အဲ့ဒီသီချင်းနဲ့ ကျွန်တော့်ခံစားချက်နဲ့ တိုက်ဆိုင်လို့ လို့ပဲ ကျွန်တော် ဖြေရပါလိမ့်မယ်။

သီချင်းအစ စာသားကး Bury all your secrets in my skin ဆိုကတည်းက ထိတော့တာပဲ။ သူ့ကြောင်းတွေကို ကိုယ်က တခုမကျန်သိ အောင်သိနေတာမျိုး။ 







Snuff သီချင်းက Slipknot အတွက် သီချင်းရေးလေ့မရှိတဲ့ Corey ကိုယ်တိုင် သူ့ ခံစားချက်တွေ ကို ရေးထားတဲ့ သီချင်း ဖြစ်ပြီး သီချင်းကို အကြမ်းသွင်းပြီး Joey ( Drummer ) က Corey ကို ပြတဲ့အခါ Corey မျက်ရည်ပါ ကျခဲ့ပါတယ် လို့ Joey က ပြောခဲ့ပါသေးတယ်။


Comments