Skip to main content

Facebook Private Video Downloader

 အခုနောက်ပိုင်း facebook မှာ private group ကနေ သင်တန်းလုပ်ပြီး စာသင်တာတွေ ရှိလာတယ်။ အဲ့ private group ထဲက video တွေကို download လုပ်တာကျ downloader တော်တော်များများ က အလုပ် မလုပ်ဘူး။ အဲ့တော့ download လုပ်လို့ ရတဲ့နည်း ရှာရတာပေါ့။ ဘာမှ တော့ မခက်ပါဘူး။ Browser ကနေ ဒီ link ကိုသွား

https://snapsave.app/download-private-video


https://pastedownload.com/facebook-private-downloader/


ပြီးရင် အပေါ်ဆုံး အကွက်မှာ download လုပ်ချင်တဲ့ video url ရိုက်ထည့်၊ ရိုက်ထည့်လိုက်တာနဲ့ ဒုတိယအကွက်မှာ စာတန်း တစ်ခု ပေါ်လာလိမ့်မယ်။ အဲ့စာတန်းကို copy ကူး၊ ( copy ဆိုတဲ့ ခလုတ်ကလေးလည်းပါတယ် ) 

copy ကူးပြီးရင် browser မှာ new tab ဖွင့်လိုက်။ copy ကူးလာတာ ကို paste လုပ်လိုက်၊ ပြီးရင် enter ခေါက်။ စာတွေ အများကြီး ပေါ်လာလိမ့်မယ်။ အဲ့စာတွေ အကုန်လုံးကို select မှတ်ပြီး copy ပြန်ကူး။ ပြီးရင် တတိယ အကွက်မှာ paste လုပ်လိုက်၊ ခဏစောင့်လိုက်၊ ပြီးရင် download ခလုတ်ကို နှိပ်လိုက်။ ပြီး ရင် လိုချင်တဲ့ video quality ကို ရွေးပြီး download လုပ်လိုက်ရင် ရပြီ။ 

တစ်ခုရှိတာက MacOS ရဲ့ safari က အဲ့အတွက် သုံးမရဘူး။ Chrome ဖြစ်ဖြစ် Firefox ဖြစ်ဖြစ်နဲ့မှ ရမယ်။

Comments