Skip to main content

Posts

Mi Book Air 12.5 hackintosh

Hackintosh  လုပ်မယ် လုပ်မယ်နဲ့ အတော်ကြာသွားတယ်။ MacOS ရှိရင် ပိုလွယ်တယ်။ မရှိရင် Window ကနေ OSX ကို downloader နဲ့ ဆွဲပေါ့။ Window အတွက်ကတော့ မူရင်းပိုစ့်မှာ ရေးထားတယ်။ ကျွန်တော်ကတော့ window အတွက် မရေးတော့ဘူး။ အရင်ဆုံး ကိုယ်တင်ချင်တဲ့ OSX ကို bootable USB installer လုပ်ရမယ်။ Apple website မှာ အသေးစိတ်ရေးထားတယ်။ အဲ့အတိုင်း လိုက်လုပ်လိုက််။ မလုပ်ခင် bootable လုပ််မယ့် USB drive ကို OSX မှာ ပါတဲ့ disk utiltity နဲ့ Format ရိုက်ရပါမယ်။ Name ကို လွယ်တာပေးလိုက်ပေါ့။ Format က MacOS Extended (Juournaled) ကို ရွေးပေးပါ။ Schema မှာ GUID partation table ကို ရွေးပြီး မှ format ရိုက်ပါ။ https://support.apple.com/en-us/HT201372 အပေါ်က Apple website မှာရေးထားသလို OSX installer ကို download လုပ်ပြီး USB Drive ကို တပ်၊ ready ဖြစ်ပြီဆိုရင် သူပေးတဲ့ command ကို terminal မှာ ရိုက်လိုက်ယုံပဲ။ သတိထားရမှာက နောက်ဆုံးမှာ ပါတဲ့ MyVolume ဆိုတဲ့ နေရာမှာ စောန usb drive ကို format ရိုက်တုန်းက ပေးခဲ့တဲ့ နာမည်ကို ထည့်ပေးရမှာပါ။ (ကျွန်တော့်တုန်းက အဲ့တာ ရွာလည်သွားလိုက်သေးလို့) ပြီးရင် ဒီကနေ နောက်ဆုံး version ကို dow...

Me & Ubuntu

 Ubuntu သုံးနေတာ တော်တော် ကြာပြီ၊ End user တယောက်အနေနဲ့ ရေးမယ် စိတ်ကူးထားတာတွေလည်း များနေပြီ ဆိုတော့ ရေးဖြစ်သွားတယ်။ ကျွန်တော်လည်း Ubuntu ကို သုံးတာ end user အဆင့်ပါပဲ။ ဟိုတလောက အကို တယောက်က လာမေးတယ်။ သာမာန် ရုပ်ရှင်ကြည့်၊ စာဖတ်ဖို့ အတွက် Ubuntu ပြောင်းချင်လို့ အဆင်ပြေမလားတဲ့။ ကျွန်တော်ကလည်း ပြောလိုက်ပါတယ်။ ပြေတာမှ ဟိုဘက်လွန်သေးတယ် အကို လို့။ ဘာလို့လဲ ဆို Window မှာ ဆို window တင်ပြီး Driver တွေ ထည့်ရ၊ ဟို Software တွေထည့်ရ၊ MS office က ထည့်ရ။ Crack ထည့်ရ Virus ရန် ကြောက်ရနဲ့။ Ubuntu ကျ တင်လိုက်တာနဲ့ လက်တင် တန်းသုံးလို့ရပြီ။ Libre Office Suit ကလည်း MS Office နဲ့ အကုန်လုံး တူတူပဲ။ တခုတော့ ရှိတာပေါ့။ mp3 mp4 တွေ အတွက် code တွေ တော့ ထည့်ဖို့လိုတာ။ အဲ့တာကလည်း အင်တာနက်ချိတ်ပြီး လုပ်လိုက်ရင် ခဏလေးပါပဲ။ Ubuntu install လုပ်ဖို့ ကတော့ Laptop model ပေါ် မူတည်ပြီး နည်းအမျိုးမျိုး ရှိတာမို့ မရေးတော့ဘူး။ ဒီမှာ Install လုပ်ပြီး ဘာတွေလုပ်ရမလဲ ဆိုတာပဲ ရေးတော့မယ်။ အသေးစိတ်ကိုတော့ ဆရာအိမောင် ရေးထားတဲ့ Ubuntu for You စာအုပ်မှာ ဖတ်လို့ရပါတယ်။ eimaung.com မှာ အခမဲ့ download လို့ ရနိုင်ပါတယ်။ Office အတွ...

Disable Gate Keeper on MacOS

 Google ကို အားကိုးတာ လျော့မှဖြစ်တော့မယ်။ တခုခုဆို google ပြေးခေါက်နေတော့ ဦးနှောက်က ဘာမှကို မမှတ်မိတော့တာ။ ဟိုတလောကပဲ Gate Keeper ကို disable လုပ်နည်း ရှာဖတ်ပြီး လုပ်ထားတာ ခုကျ ပြန်ပွင့်နေလို့ ပိတ်မယ်လုပ်တော့ command ကို မမှတ်မိတော့ဘူး။  ဘာမှခက်တာလည်းမဟုတ်တာကို။    Terminal ကနေ ဒီ command ရိုက်လိုက်။ ပြီးတော့  password ရိုက်လိုက်ရင် ရပြီ။  sudo spctl --master-disable Gate Keeper ပိတ် မပိတ် စစ်ဖို့ ဒီ command ရိုက်ရင် ပြလိမ့်မယ်။ spctl --status Virtual Box ကို install နေတာ ဘယ်လိုမှ ထည့်မရလို့ google ထပ်ခေါက်တော့ အဖြေတွေ့ပြန်ရော။ Virtual Box ရဲ့ kernel extension ကို ထည့်ပေးမှ install လို့ ရမှာတဲ့။  MacOS  ကို reboot ချ၊ ပါဝါ ပြန်ပွင့်တဲ့ အချိန် cmd နဲ့ R နဲ့ တွဲနှိပ်၊ ပြီးရင် ကိုယ့် အကောင့်ကို ရွေး၊ ပြီးရင် terminal ကို ဖွင့်ပြီး ရိုက်  open a Terminal and enter: spctl kext-consent add VB5E2TV963 ပြီးရင် restart ပြန်ချ။ VB5E2TV963 ဆိုတာက VB အတွက် kext Restart ပြီး ပြန်ပွင့်လာရင် စောနက Virtual box in...

Xiaomi Notebook Air 12.5

ပေါ့ပေါ့ပါးပါးနဲ့ အလေးကြီး မသယ်ချင်လို့ side kick အနေနဲ့ Xiaomi Notebook Air 12.5 inch တပါတ်ရစ်လေး ဝယ်မိတယ်။ အဓိက က အလုပ်ထဲမှာသုံးတဲ့ Engineering software တချို့က ( အတော်များများ ) က MacOS မှာ အလုပ်မလုပ်လို့ ဒါလေးနဲ့ အသက်ဆက်နေရတာ။ သုံးသမျှတော့ အတော်လေး ကောင်းတယ်လို့ ပြောလို့ရတယ်။ Second ဆိုပေမယ့် battery က ၆ နာရီလောက်ထိ အသာလေးခံတာတွေ့ရတယ်။ (ရှေ့က ပိုင်ရှင်က ရိုရိုသေသေ ကိုင်ထားလို့လည်းနေမယ် ) Charging သွင်းတာကလည်း Mi Type C Charger နဲ့ သွင်းတော့ တစ်နာရီခွဲလောက် သွင်းရင် ၁၀၀ ပြန်ပြည့်တယ်။   ကျွန်တော့် လက်က သေးလို့လားတော့မသိ ကီးဘုတ်က စာရိုက်ရတာ တော်တော်လေးကို အဆင်ပြေတာ။ keyboard backlit လေးပါတော့ ညဘက် စာရိုက်ရတာလည်း အဆင်ပြေတယ်။   Screen resolutionကတော့ Full HD ဆိုတော့ ရုပ်ထွက်က အဆင်ပြေတယ် ဆိုတာထက် ပိုတယ်။ Screen size က 12.5 လက်မ ဆိုတော့ နည်းနည်းသေးတယ် ဆိုတဲ့ အထဲ ပါတယ်။ ဒါပေမယ့် စာရိုက်ဖို့ စာဖတ်ဖို့လောက်ပဲ ဆိုတော့ အနေတော်ပေါ့။ ဘေးဘောင်တွေက သေးတယ်ဆိုပေမယ့် အောက်ဘောင်ကတော့ တော်တော်ကြီးတယ်။ အောက် ဘောင်သာ သေးသွားမယ်ဆို Laptop size ကလည်း ဒီထက်...

Covid19 ရက်စွဲများ (၂)

ထင်ထားတဲ့အတိုင်း second wave ဖြစ်တော့တာပဲ။ ရက်ပိုင်းနဲ့ ထောင်ဂဏန်း ဖြစ်သွားတယ်။ ဆရာ မောင်မောင်ဦး ရေးသလိုပဲ တဖြည်းဖြည်းနဲ့ ကိုယ့်နားရောက်လာတယ်။ အရင်က ရန်ကုန်တခုတည်းကနေ အခုဆို နယ်ပေါင်းစုံအထိ ဖြန့်ကျက်သွားပြီ။ နယ်မြို့တွေပါ lockdown ချရတဲ့အထိ ဖြစ်ကုန်တယ်။ ကံကောင်းတာလား ကံဆိုးတာလားမသိ။ second wave မှာ ကိုယ်က ကမ္ဘာ့အပြင်ဘက်ရောက်နေတာပဲ။ နယ်က ကိုယ့်အဖေနဲ့အမေ တောင် lockdown ထဲပါသွားတယ်။  second wave ဖြစ်တဲ့အချိန်မှာ ကျွန်တော် မြန်မာနိုင်ငံထဲ မရှိတော့ ရန်ကုန်က ဘော်ဒါတွေကတော့ လှမ်းပြောကြတယ်။ မင်းသာ ရန်ကုန်မှာဆို ပျင်းနေမှာတဲ့။ အကုန်လုံး ဘယ်မှ သွားလို့မရတော့ဘူး။ လမ်းတွေလည်း ပိတ်ထားကြတယ်တဲ့။ ဟုတ်ရင်လည်း ဟုတ်မှာ။ ကျွန်တော်က အိမ်ထဲနေရတာ သိပ်မကြိုက်ဘူး။ ပျင်းစရာကြီးကိုး။ မြန်မာ မှာ မရှိပေမယ့်လည်း အခု အလုပ်ရုံနဲ့ အိပ်ခန်းနဲ့ပဲ ကူးချည်သန်းချည် နေနေရတာပါပဲ။ အလုပ်လေး ရှိပြီး အာရုံလေးလွဲလို့ရနေတော့ မပျင်းတော့တာပေါ့။ ပြီးတော့ အရင်လို မဟုတ်ပဲ အင်တာနက်က အမြဲရနေတော့ အားနေရင် အွန်လိုင်းပေါ်ရှိတဲ့သူနဲ့ အာလူးဖုတ်နေတာ၊ မပျင်းရတော့ဘူးပေါ့။  ဒီရက်ပိုင်း လူက motivation မရှိဘူး ဖြစ်နေတယ်။ စာဖတ်စရာတွေလည်း အမ...

ဖုန်းဆိုင်ပုံပြင် (၃)

လွန်ခဲ့တဲ့ သုံးနှစ်ကပေါ့။ ကျွန်တော့်သူငယ်ချင်းတယောက် Xiaomi Redmi Note 3 လေး ခါးပိုက်နှိုက်ခံလိုက်ရတယ်။ အဲ့တာနဲ့ find device နဲ့ရှာတယ်။ မတွေ့ဘူး။ မတွေ့တာနဲ့ lost mode ဖွင့်ထားလိုက်တယ်ပေါ့။ ပြန်လည်း မတွေ့တော့ပါဘူး။ အဲ့လိုနဲ့ မေ့မေ့ ပျောက်ပျောက်နေလိုက်တာ။ လွန်ခဲ့တဲ့ ၂ လ က ကျွန်တော့်ဆီကို ဖုန်း ဝင်လာပါလေရော။ ဖုန်းထဲမှာက မိန်းကလေး အသံနဲ့ "အကို အကို့ ဖုန်း ရဲ့ password လေးပေးပါတဲ့"။ ကျွန်တောင်လည်း ဘာပြန်ပြောရမှန်းမသိဖြစ်သွားတယ်။ အဲ့တာနဲ့ "ဘာဖြစ်လို့လဲ" လို့ ပြန်မေးမှ "ညီမ ဖုန်းကို လေး လို့ဆိုပြီး factory reset ချလိုက်တာ ပြန်ပွင့်လာတော့ အကို့ဖုန်းနံပါတ်ကြီးပဲပေါ်နေတော့တာ ။ ဘာမှ လုပ်မရတော့လို့" ဆိုပြီး ပြောပါလေရော။ အဲ့ကျမှ သတိရတယ်။ ဟိုကောင် ဖုန်းပျောက်တုန်းက lost mode ဖွင့်တုန်းက ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကို ကျွန်တော့်ဖုန်း ထည့်ထားမိတာကိုး။  အဲ့တာနဲ့ ကျွန်တော်လည်း password ပေးချင်ပေမယ့် ကိုယ်ဖုန်းမဟုတ်တာရော ဖုန်းပိုင်ရှင်ကလည်း နိုင်ငံခြားရောက်နေတာ ဖြစ်တဲ့အတွက် မေးပေးလို့ မရတော့တာ ဖြစ်လို့ " ညီမရေ အဲ့ဖုန်းကတော့ ကျွန်တော် ပျောက်တာ ၃ နှစ်ရှိသွားပြီ။ ပြန်လည်း မလိ...

Equation

အချစ်က ကျန်းမာရေးနဲ့ တိုက်ရိုက်အချိုးကျတယ်။  အချစ်မရှိတော့ ခေါင်းကိုက်သလိုလို ဖျားချင်သလိုလိုနဲ့။