Skip to main content

SDB Account ဖွင့်ကြမယ်

ရေးမယ် လုပ်နေပြီး မရေးဖြစ်၊ Myan Crypto က ရေးထားတာတွေ့တာနဲ့ သူ့ဆီကပဲ copy ကူးလိုက်တယ်။ Special Thanks and Credit to Myan Crypto Facebook Page.

 SDB (Spring Development Bank) account ဖွင့်ဖို့ စောင့်နေကြသူတွေရှိလား? 


အချိန် ၅ မိနစ်ပေးရုံ၊ E-mail address တစ်ခုရှိရုံနဲ့ SDB account ကို လူတိုင်းအလွယ်တကူဖွင့်လို့ရနေပါပြီ။ ဒါပေမယ့် သတိထားစရာအချက်အချို့ကိုတော့ သိထားရပါမယ်။ မြန်မာပြည်တွင်းနေထိုင်သူတွေအနေနဲ့ SDB account ဖွင့်ဖို့အတွက် email တစ်ခု သက်သက်ဖွင့်သင့်ပါတယ်။ ဒီ email ကိုလည်း Google Chrome လိုမျိုး built-in browser တွေထဲမှာ မထည့်ဘဲနဲ့ Kiwi browser၊ Brave browser နဲ့ Opera Mini တို့လိုမျိုး third party browser တွေထဲမှာသာ ထည့်ထားသင့်ပါတယ်။ဒါ့အပြင် website ထဲဝင်တဲ့အခါ VPN ခံဝင်သင့်ပါတယ်။  

ဒါမှသာ အစစ်အဆေးတစ်ခုခုနဲ့ကြုံလာတဲ့အခါ browser ကိုပါ တစ်ခါတည်း uninstall လုပ်လိုက်ဖို့လွယ်ကူမှာပါ။ ဒါကြောင့် SDB ဖွင့်ထားတဲ့ email password၊ SDB account password တွေကိုတော့ သေချာမှတ်ထားဖို့ လိုအပ်ပါတယ်။ 

.

Waitlist မှာတုန်းက join ထားပြီးတော့ Account Activation email ဝင်ထားတာ မသိလိုက်သူတွေအနေနဲ့လည်း email ကို ပြန်စစ်ကြည့်ပါ။ SDB ဖက်ကနေ account activation mail ဝင်ထားတာတွေ့ရင် Verify Email Now ဆိုတာကို နှိပ်လိုက်ပါ။ Verified ဆိုပြီးပေါ်သွားရင်တော့ အဆင်ပြေပါပြီ။ ဝင်လို့မရဘဲ 404 error ပေါ်လာရင်တော့ https://beta.springdevelopmentbank.com မှာ email နဲ့ password ကို ပြန်ထည့်၊ log in ဝင်လိုက်ပြီးတော့ Resend Verification Email ကို နှိပ်လိုက်ပါ။ ပုံ ၅ ထဲကလိုမျိုး email ဝင်လာရင် link ကို နှိပ်လိုက်တဲ့အခါ ပုံ ၆ ထဲကလို Verified ဆိုတာလေး ပေါ်လာရင်ရပါပြီ။ 

.

နောက်ပိုင်းတွေမှာ MCM Community ရဲ့ reward တွေကိုလည်း SDB ကနေတဆင့်ပဲ ပေးသွားတော့မှာဖြစ်တာကြောင့် MCM Community ထဲက လူတိုင်းလည်း SDB account ဖွင့်ထားကြဖို့ တိုက်တွန်းပါတယ်။ USDT နဲ့ လည်း Cash In/Out အလွယ်တကူရတဲ့ အတွက် Crypto Bro တွေအတွက်ကတော့ အရမ်းသုံးရလွယ်ကူတဲ့ Bank တခု ဖြစ်လာမှာပါ။ 

.

SDB account ဖွင့်ကြည့်ပြီးတော့ အဆင်မပြေတာတွေရှိရင်လည်း ဒီ post အောက်မှာ ပြောခဲ့နိုင်ပါတယ်။ ကျနော်တို MCM Team အနေနဲ့လည်း SDB Step-by-Step guide တွေ ဆက်တင်ပေးသွားဦးမှာပါ။

အခု guide မှာလည်း ပုံတစ်ပုံချင်းစီအောက်မှာ စာတွေရေးပေးထားပါတယ်။


https://beta.springdevelopmentbank.com/register ကို Chrome မဟုတ်တဲ့ browser တစ်ခုထဲကနေ ဝင်ရပါမယ်။

Username ကို အနည်းဆုံး ၈လုံးအထိ ထားပေးပါ။ ကိုယ့်နာမည်မဟုတ်တဲ့ နာမည်ဝှက်ဆိုရင်ပိုကောင်းပါတယ်။ 
Password ကလည်း English စာလုံးအကြီးအသေး၊ နံပါတ်တို့ပါတဲ့ password ဖြစ်ရပါမယ်။

မှန်းရမလွယ်စေမယ့် pin code မျိုးကိုသုံးစေချင်ပါတယ်။


တခါတလေဆိုရင် code ချက်ချင်းမရောက်တာမျိုးဖြစ်တတ်တာကြောင့် ခဏစောင့်ပေးရပါမယ်။


Browser ထဲမှာ ထည့်သိမ်းထားလို့ အဆင်မပြေတဲ့အတွက် email နဲ့ password ကို မမေ့ဖို့က အရမ်းအရေးကြီးပါတယ်။

Comments

Popular posts from this blog

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Oppo Ufont ကို အရင်ဆုံး Download လုပ်ပါ။ Click here to download 1. Download   2. Download   3. Download    Color OS 6 နှင့်အထက်ဖုန်းများတွင် 1. Setting / Languages and regions / Regions,တွင် Myanmar ပြောင်းပါ။ 2. Display & Brightness / Support Dai Characters, ကို ဖွင့်ပေးပါ။ Color OS 5.2 ဖုန်းများတွင် 1. Install Font App ကို install လုပ်ပါ။ 2.App ကို Change font ကိုနှိပ်ပြီး နှစ်သက်ရာ font ကို  apply လုပ်ပါ။ ____________________________________________