Skip to main content

SDB Account ဖွင့်ကြမယ်

ရေးမယ် လုပ်နေပြီး မရေးဖြစ်၊ Myan Crypto က ရေးထားတာတွေ့တာနဲ့ သူ့ဆီကပဲ copy ကူးလိုက်တယ်။ Special Thanks and Credit to Myan Crypto Facebook Page.

 SDB (Spring Development Bank) account ဖွင့်ဖို့ စောင့်နေကြသူတွေရှိလား? 


အချိန် ၅ မိနစ်ပေးရုံ၊ E-mail address တစ်ခုရှိရုံနဲ့ SDB account ကို လူတိုင်းအလွယ်တကူဖွင့်လို့ရနေပါပြီ။ ဒါပေမယ့် သတိထားစရာအချက်အချို့ကိုတော့ သိထားရပါမယ်။ မြန်မာပြည်တွင်းနေထိုင်သူတွေအနေနဲ့ SDB account ဖွင့်ဖို့အတွက် email တစ်ခု သက်သက်ဖွင့်သင့်ပါတယ်။ ဒီ email ကိုလည်း Google Chrome လိုမျိုး built-in browser တွေထဲမှာ မထည့်ဘဲနဲ့ Kiwi browser၊ Brave browser နဲ့ Opera Mini တို့လိုမျိုး third party browser တွေထဲမှာသာ ထည့်ထားသင့်ပါတယ်။ဒါ့အပြင် website ထဲဝင်တဲ့အခါ VPN ခံဝင်သင့်ပါတယ်။  

ဒါမှသာ အစစ်အဆေးတစ်ခုခုနဲ့ကြုံလာတဲ့အခါ browser ကိုပါ တစ်ခါတည်း uninstall လုပ်လိုက်ဖို့လွယ်ကူမှာပါ။ ဒါကြောင့် SDB ဖွင့်ထားတဲ့ email password၊ SDB account password တွေကိုတော့ သေချာမှတ်ထားဖို့ လိုအပ်ပါတယ်။ 

.

Waitlist မှာတုန်းက join ထားပြီးတော့ Account Activation email ဝင်ထားတာ မသိလိုက်သူတွေအနေနဲ့လည်း email ကို ပြန်စစ်ကြည့်ပါ။ SDB ဖက်ကနေ account activation mail ဝင်ထားတာတွေ့ရင် Verify Email Now ဆိုတာကို နှိပ်လိုက်ပါ။ Verified ဆိုပြီးပေါ်သွားရင်တော့ အဆင်ပြေပါပြီ။ ဝင်လို့မရဘဲ 404 error ပေါ်လာရင်တော့ https://beta.springdevelopmentbank.com မှာ email နဲ့ password ကို ပြန်ထည့်၊ log in ဝင်လိုက်ပြီးတော့ Resend Verification Email ကို နှိပ်လိုက်ပါ။ ပုံ ၅ ထဲကလိုမျိုး email ဝင်လာရင် link ကို နှိပ်လိုက်တဲ့အခါ ပုံ ၆ ထဲကလို Verified ဆိုတာလေး ပေါ်လာရင်ရပါပြီ။ 

.

နောက်ပိုင်းတွေမှာ MCM Community ရဲ့ reward တွေကိုလည်း SDB ကနေတဆင့်ပဲ ပေးသွားတော့မှာဖြစ်တာကြောင့် MCM Community ထဲက လူတိုင်းလည်း SDB account ဖွင့်ထားကြဖို့ တိုက်တွန်းပါတယ်။ USDT နဲ့ လည်း Cash In/Out အလွယ်တကူရတဲ့ အတွက် Crypto Bro တွေအတွက်ကတော့ အရမ်းသုံးရလွယ်ကူတဲ့ Bank တခု ဖြစ်လာမှာပါ။ 

.

SDB account ဖွင့်ကြည့်ပြီးတော့ အဆင်မပြေတာတွေရှိရင်လည်း ဒီ post အောက်မှာ ပြောခဲ့နိုင်ပါတယ်။ ကျနော်တို MCM Team အနေနဲ့လည်း SDB Step-by-Step guide တွေ ဆက်တင်ပေးသွားဦးမှာပါ။

အခု guide မှာလည်း ပုံတစ်ပုံချင်းစီအောက်မှာ စာတွေရေးပေးထားပါတယ်။


https://beta.springdevelopmentbank.com/register ကို Chrome မဟုတ်တဲ့ browser တစ်ခုထဲကနေ ဝင်ရပါမယ်။

Username ကို အနည်းဆုံး ၈လုံးအထိ ထားပေးပါ။ ကိုယ့်နာမည်မဟုတ်တဲ့ နာမည်ဝှက်ဆိုရင်ပိုကောင်းပါတယ်။ 
Password ကလည်း English စာလုံးအကြီးအသေး၊ နံပါတ်တို့ပါတဲ့ password ဖြစ်ရပါမယ်။

မှန်းရမလွယ်စေမယ့် pin code မျိုးကိုသုံးစေချင်ပါတယ်။


တခါတလေဆိုရင် code ချက်ချင်းမရောက်တာမျိုးဖြစ်တတ်တာကြောင့် ခဏစောင့်ပေးရပါမယ်။


Browser ထဲမှာ ထည့်သိမ်းထားလို့ အဆင်မပြေတဲ့အတွက် email နဲ့ password ကို မမေ့ဖို့က အရမ်းအရေးကြီးပါတယ်။

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...