Skip to main content

ပေါက်ကရလေးဆယ် ဘလော့များ

 ကနေ့ ပန်းချီပြပွဲတခုကို ရောက်ခဲ့တယ်။ တကူးတကသွားတာမဟုတ်ပဲ လမ်းကြုံလို့ ရောက်သွားတာ။ ပန်းချီကားတွေကို မကြည့်တတ်ပါဘူး။ ခံလည်း မခံစားတတ်ဘူး။ ဒီအတိုင်းခေါ်လို့ ရောက်သွားတာ။ အဲ့မှာ ပန်းချီကားတစ်ချပ် ကို Title ပေးထားတာလေးတွေ့မိတော့ အသံထွက်ပြီး သဘောကျမိတယ်။ နာမည်က "မင်းလဲမင်း ငါလဲငါ" တဲ့။ တကယ်ဗျာ။ ငါ့ကိုများ တည့်တည့်ကြီးပြောနေသလားပေါ့။ 



တကယ်ဆိုရင် သူနဲ့ကိုယ်နဲ့ ကိစ္စမှာ ဘယ်သူမှ မမှားခဲ့ကြဘူးလို့ ကျွန်တော်က အခုထိ ယုံကြည်နေတုန်း။ ဘယ်သူမှ မမှားခဲ့ကြပေမယ့်လည်း နှလုံးသားနဲ့ ဦးနှောက် စီးချင်းထိုးတဲ့ပွဲမှာ ကျွန်တော် ရှုံးရတာပေါ့ မဟုတ်လား။ 

ခုမှ သတိရလို့ ပြက္ခဒိန်ကို ကြည့်လိုက်မိတော့ စက်တင်ဘာလဆိုတာ သတိရသွားတယ်။ စက်တင်ဘာလရောက်တိုင်း Green Day ရဲ့ Wake me up when september ends ကို ဂစ်တာတီးပြီး ဆိုနေကျ။ ဒီနှစ်တော့ ငါ့ကို မနှိုးကြနဲ့တော့။ ငါ ဒီ စက်တင်ဘာလကုန်ရင်တော့ မနိုးသော အိပ်ခြင်းနဲ့ အိပ်ပြီပဲ လို့ ကြွေးကြော်မိလိုက်တော့တာပဲ။ စက်တင်ဘာလကုန်တာနဲ့အတူ သူမလည်း ပြန်မလာနိုင်တဲ့နေရာကို ထွက်သွားခဲ့ပြီပဲ။  Hey Googel Play a song ဆိုပြီး ပြောလိုက်မိတော့ Spotify ကနေ သီချင်းတစ်ပုဒ် အသံထွက်လာတယ်။
I'm lying on the moonMy dear, I'll be there soonIt's a quiet starry placeTime's we're swallowed up in spaceWe're here a million miles away
မင့်ကွာ ကြံကြံဖန်ဖန်ဆိုပြီး Google AI ကို ဆဲမိပါလေရော။
စကားမစပ် ပန်းချီဆရာက လာပြောသေးတယ်။ ပြပွဲသာလုပ်ရတာ ခပ်လန့်လန့််ဗျ တဲ့။ အင်း ဟုတ်မှာပေါ့။ သူလည်း CDM ပန်းချီဆရာလေ။ နောက်ပြီး ကျောင်းဆရာပြောမှ ပန်းချီကားတွေကို သတိထားမိတော့တယ်။ 


ဒီဘက်က ငှက်ကို လေးနဲ့ ဆော်လိုက်တဲ့ပုံက ကရင်နီမှာ လေယာဥ်ကို ဆော်လိုက်တဲ့ နေ့ကဆွဲထားတာတဲ့။ ဟိုဘက်ပုံက ကရင်ဘက်မှာ အုပ်စုလိုက်ကြီး အလှော်ခံလိုက်ရတဲ့ နေ့က ဆွဲတာတဲ့။ ဟီး။ သူပြောမှပဲ သဘောပေါက်တော့တာပဲ။

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။