Skip to main content

ဖုန်းအားသွင်းရာမှာ သတိထားရမယ့် အချက်များ

အားသွင်းကြိုးကို ဖုန်းမှာထိုးတဲ့အခါ မြဲမမြဲ သေချာစစ်ဆေးပါ။ အရည်အသွေး ညံ့တဲ့ ဖုန်းကာဗာတွေကြောင့် အားသွင်းကြိုးက ဖုန်းမှာ မထိတထိ ဖြစ်နေတတ်တယ်။ စိတ်မချရရင် ဖုန်းကာဗာ ဖြုတ်ပြီးမှအားသွင်းပါ။


ဖုန်းဘတ်ထရီကို ဘယ်တော့ (ဘယ်တော့မှ အောက် လျော့တဲ့အထိ မသုံးမိပါစေနဲ့။ ၂၀နားရောက်တာနဲ့ ဖုန်းကို ပြန်အားသွင်းတဲ့ အလေ့အကျင့် လုပ်ထားပါ။ အောက် ရောက်တဲ့အထိ သုံးတဲ့အကြိမ်ရေ များလာရင် ဖုန်းဘတ်ထရီက ခ‌ဏလေးနဲ့ ပျက်စီးသွားပါတယ်။


ဒီဘက်ခေတ် ဖုန်းတွေမှာ Quick charge/ Fast Charge/ Super charge စသဖြင့် ဘတ်ထရီကို အားအမြန် သွင်းပေးတဲ့ စနစ်ပါလာတယ်။ ၈၀လောက်ကို ၄၅ မိနစ်အတွင်း ပြည့်အောင် ဖြည့်ပေးနိုင်တယ်။အဲဒါ အင်မတန်မှ အသုံးတည့်တဲ့ လုပ်ဆောင်ချက်တစ်ခုပါပဲ။ ဒါပေမယ့် သူ့မှာ အားနည်းချက် အကြီးကြီး ရှိနေပါတယ်။ သတိထားမိမယ် ထင်ပါတယ်။ Quick charge နဲ့ အားသွင်းနေတဲ့ အချိန်မှာ ဖုန်းကအတော်လေး ပူနေပါတယ်။ သဘောက ဝပ်များများနဲ့ လျှပ်အားတွေ အတင်း ထိုးသွင်းနေလို့ပါ။ ဒါကြောင့် Quick charge ချည်းပဲ အမြဲသုံးနေရင် ဘတ်ထရီရဲ့ သက်တမ်းကို ပိုတိုသွားစေနိုင်တယ်။Quick charge သွင်းပေးတဲ့ Adapter တွေက 44W/66W adapter တွေပါ။ ဘတ်ထရီသက်တမ်းကို ပိုခံစေချင်တယ် ဆိုရင်တော့ 20W ရိုးရိုး adapter တစ်လုံး ဆောင်ထားပါ။ အရေးပေါ်မလိုအပ်နဲ့ ပုံမှန်အားဖြင့် ရိုးရိုး adapter နဲ့ပဲ အားသွင်းပါ။


ဖုန်းကို အားသွင်းတဲ့အခါမှာ အကောင်းဆုံး အလေ့အကျင့်က ဘာလဲ ဆိုတော့ ဖုန်းအားကို ၂၀နဲ့၈၀အကြားမှာ အမြဲလိုလို ထားခြင်းပါပဲ။ သဘောက ဖုန်းအားကို ၂၀အောက် မလျော့စေပါနဲ့။(နံပါတ်  မှာတုန်းက ပြောပြီးပါပြီ။၈၀ထက်လည်း ခဏခဏ မကျော်လေ ကောင်းလေပါပဲ။ ဘတ်ထရီရဲ့ သက်တမ်းကို တွက်တဲ့အခါမှာ charging cycle နဲ့ တိုင်းတာပါတယ်။ သဘောက အကြိမ် ၃၀၀၀အားသွင်းလို့ရတယ် ဆိုတာမျိုးပေါ့။ တစ်နေ့တစ်ကြိမ်ပဲ အားသွင်းတယ် ဆိုရင် အဲဒီ ဘတ်ထရီဟာသီအိုရီအရ  နှစ်နဲ့  နှစ်ကြား ခံမယ်ဆိုတဲ့ သဘောပါပဲ။ ဒါက more than enough ပါပဲ။ တစ်နေ့ကိုနှစ်ကြိမ် အားသွင်းမယ် ဆိုရင်  နှစ်လောက် ခံမှာပေါ့။ အဲဒီထက် ပိုခံချင်တယ် ဆိုရင်တော့ ဘတ်ထရီကို ၂၀% - ၈၀အကြားမှာပဲ အမြဲ လည်ပတ်နေပါစေ။ ဒါဆိုရင် ဘတ်ထရီသက်တမ်းကို ပိုပြီး မြှင့်တင်ပေးနိုင်ပါတယ်။ 


Update: သီအိုရီအရတော့ ၁၀၀အပြည့်ရှိနေတဲ့ ဘတ်ထရီကို အထိ ကုန်အောင် သုံးပြီး ၁၀၀အပြည့် ပြန်ဖြစ်အောင် အားသွင်းလိုက်ရင် 1 Charging cycle လို့ ခေါ်ပါတယ်။ သဘောက ၅၀ကုန်အောင် သုံးပြီး ၁၀၀ပြည့်အောင် ပြန်ဖြည့်ရင် ½ cycle ပေါ့။ အဲ့တာကိုမှ charging cycle မတက်အောင်ဆိုပြီး အမြဲ charging plug တပ်သုံးနေလို့လည်း မထူးပါဘူး။ Charging cycle က တက်နေမှာပဲဖြစ်ပါတယ်။


တလက်စတည်း ပြောရမှာက charger နဲ့ charging cable ပါ။ အခု တလောမှာ first copy ဝယ်ရမလားမေးနေတာတွေ တွေ့လာရပါတယ်။ ကျွန်တော့် အမြင်ကတော့ first copy မဝယ်သင့်ပါဘူး။ ဥပမာApple က 20W charger ဆိုရင် တတ်နိုင်ရင် Original genuine အစစ်ပဲ ဝယ်သုံးဖို့ အကြံပေးချင်ပါတယ်။ သိန်း ၂၀ လောက် ဖုန်းဝယ်ပြီး charger ဖိုး  သောင်းကို နှမျောမနေပါနဲ့။ First copy တွေကApple logo လေးပါတာပဲ ရှိတာပါ။ Quality က apple အတိုင်းလို့ ဘယ်သူကမှ အာမ မခံပါဘူး။Original ကိုမှ အဲ့လောက် ပိုက်ဆံမသုံးချင်ဘူးဆိုရင် MFI ကိုသုံးပါ။ MFI logo ပါတဲ့ charger တွေ ကျapple ကိုယ်တိုင်က Quality approved လုပ်ထားတာမို့ Quality ပိုင်းကတော့ စိတ်ချရပါတယ်။

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...