Redmi airdots

Airdot မဟုတ်ရင်တောင် bluetooth နားကြပ် ဝယ်မလို့ လုပ်နေတာကို redmi လေး ဈေးသက်သက်သာသာနဲ့ ရတော့ ဝယ်ဖြစ်သွားတယ်။

အစက နားထဲကနေ ပြုတ်ကျမှာ ကြောက်နေတာ တကယ်တပ်လိုက်တော့ တော်တော်နဲ့ ပြုတ်မကျဘူး။ အသံကွာလတီကလည်း ပေးရတာနဲ့ တန်တယ်ဆိုတာထက် ပိုတယ်။ ဒီဇိုင်းကလည်း ရိုးရိုးလေးပဲ။ LED မီးလေးတွေကအစ သေးသေးလေးတွေ။ တချို့ airdot တွေလို အဝေးကနေ LED မီးကြီးကို မြင်နေရတာမျိုးမဟုတ်ဘူး။ နောက်ထပ် ကြိုက်တာက Charging ဘူးထဲထည့်လိုက်တာနဲ့  ပါဝါပိတ်သွားတာနဲ့ ဘူးထဲက ထုတ်လိုက်တာနဲ့ ပါဝါဖွင့်ပြီးသား ဖုန်းနဲ့ချိတ်ပြီးသား ဖြစ်သွားတာ။
Battery life တော့ မစမ်းရသေးဘူး။

အရင် Remax RBS5 တုန်းကလို device 2 ခု ပြိုင်တူ ချိတ်လို့လည်း မရသေးဘူး။ အဲ့ကောင်တုန်းက iPad နဲ့ ချိတ်ပြီး ရုပ်ရှင်ကြည့်နေတုန်း android ဖုန်းကနေ ဖုန်းလာရင် နားကြပ်ကနေ ဖုန်းကိုင်ပြီး ပြောလို့ရတယ်။ device ၂ ခုလုံးနဲ့ ချိတ်ထားတော့ အေးဆေးပဲ။ အလုပ်မရှုပ်ဘူးပေါ့။
အင်တာနက်မှာ ရှာဖတ်တော့ device 2 ခုနဲ့ ချိတ်လို့မရပါဘူးတဲ့။ နောက်ပြီး airdots တွေက IPX4 waterproof ပါတဲ့(charging case ကတော့ မရပါဘူး)။

Mic ကလည်း အသံအကျယ်ကြီး အော်ပြောစရာမလိုပဲ အေးဆေးပြောယုံနဲ့ ဟိုဘက်လူက ကြားရတယ်။ Bluetooth နားကြပ်တွေလို ကြိုးတွဲလောင်း ကြီးနဲ့ မဟုတ်တော့ အလုပ်ရှုပ်သက်သာပြီး စတိုင်ကျကျ ရှိုးထုတ်လို့ရတာပေါ့။

Comments

  1. စျေးသက်သက်သာသာဆိုတာ ဘယ်လောက်မလို့တုန်း အစ်ကိုရေ။ :|

    ReplyDelete

Post a Comment

Popular posts from this blog

MacOS Myanmar Unicode Keyboard

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ