ZMI mifi

Ananda ကို သူ့ router လေးနဲ့သုံးရတာ ဘက်ထရီက အဆင်မပြေ။အပြင်သယ်ရင် power bank နဲ့ တွဲပြီး သယ်နေရတာ အလုပ်ပိုရှုပ်တယ်။ ကိုယ်က တနေကုန် အိမ်  မကပ်တဲ့သူမို့ အရဲစွန့်ပြီး xiaomi ကထုတ်တဲ့ zmi router လေးဝယ်ပြီး သုံးမယ် လုပ်တာ no network ပဲ ပြလို့ စိတ်ညစ်ပြီး ချောင်ထိုးထားတာ။ ကနေ့ စိတ်ကူးပေါက်လို့ router firmware ကို upgrade လုပ်လိုက်တာ။ အိုကေ စိုပြေ သွားပြီ။



Ananda ရဲ့ mifi router battery က 2050mAh ပါတယ်။ zmi က 7800 mAh ပါတယ်။ ၄ ဆ လောက် ကွာတယ်။ zmi ကျတော့ သူ့ router app ထဲကနေ setting တွေထိန်းလို့ ပြင်လို့ရတော့ browser ကို သွားနေစရာမလိုဘူး။ ဖုန်းမှာလည်း status bar မှာ noti လေးနဲ့ပြပေးတယ်။


အားပြည့်နီးပါးကနေ သုံးရင် သူ့ battery က နာရီသုံးဆယ်ကျော်လောက် အေးဆေးပဲ။Speed ကလည်း MPT ရော Telenor ရော သုံးကြည့်တာ 30Mbps လောက်ကောင်းကောင်းရတယ်။ Telecom ဘက်က bandwidth တင်ပေးရင် အဲ့ထက်ပိုရလောက်မယ်ထင်တယ် ။ အားသွင်းရင်တော့ 1A နဲ့ သွင်းရတာဆိုတော့ ၆ နာရီလောက်တော့ သွင်းရတယ်။





#xiaomi #zmi #ananda #livemore

Comments

Popular posts from this blog

MacOS Myanmar Unicode Keyboard

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း