အင်ဒီ ရော့ခ်

Music က ခေတ်ရေစီးကြောင်း အတိုင်း ပြောင်းလဲနေတယ်။ အခု နောက်ပိုင်း ( ဒီစာရေးနေတဲ့ အချိန်ကာလ ပေါ့ ) indie rock ပုံစံလေးတွေ ကြိုက်နေမိတယ်။ သူက မြူးမြူးလေးတွေ ဆိုတော့ စိတ်ကြည်နေတဲ့ အချိန်
နားထောင်ရင် ပိုကောင်းတယ်။ ဟိုတနေ့က Sunrise 18 ရဲ့ သီချင်း နားထောင်မိတာ ရေရေလည်လည် ကြိုက်တယ်။ သီချင်းနာမည်က ဥပါဒန် တဲ့။လွမ်းတာတောင် အမြူးလေးနဲ့ဗျ။ indie မှာ ဘာကို ကြိုက်သလဲ ဆိုရင် ကျွန်တော်ကတော့ ဂစ်တာသံ လို့ပြောရမှာပဲ။


နောက်ပြီး နားထောင်မိပြီး ကြိုက်မိတဲ့အဖွဲ့က Side Effect။ သူတို့ရဲ့  "မိုးညအိမ်မက်များ" နဲ့ "Side Effect" ဆိုတဲ့ album နှစ်ခွေမှာကို ပဲ နားထောင်ကြည့်စေချင်တယ်။ သူတို့သီချင်းတွေထဲမှာ  ဖိနှိပ်မှု့တွေထဲ ကို မထေ့တထေ့ လေး သရော် ထားတာတွေကို ကြားရလိမ့်မယ်။ မိုးညအိမ်မက်များ သီချင်းဆိုရင် ဂစ်တာသံကိုက မိုးခြိမ်းသံတွေလို ကို ကြားနေရတော့တာ။




Comments

Popular posts from this blog

MacOS Myanmar Unicode Keyboard

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း