Skip to main content

M3 Keyboard For Android


ယခင် android version 4.4 အထက်ပဲ သုံးလို့ရအောင် ကန့်သက်ထားပေမယ့် Myanmar Unicode Area မှ android version 4.4 အောက်မှာပါ ယူနီကုဒ်သုံးနိုင်အောင် လုပ်ဆောင်နေသဖြင့် 4.0 အထက်ပါသုံးနိုင်အောင် ပြင်ဆင်ပေးထားပါတယ်။
(သို့သော် android version 4.4 အောက် ဖုန်းများတွင် သွင်းထားသော ယူနီကုဒ်သည် ၁၀၀ ရာနှုန်း ပြီးပြည့်စုံမှုမရှိသဖြင့် M3 Keyboard ၏ အထူးလုပ်ဆောင်ချက်များကို ကောင်းစွာ အသုံးချနိုင်မည် မဟုတ်ပါ။)

M3 Keyboard Settings ထဲမှာ အသုံးပြုနည်းနဲ့ အထူးလုပ်ဆောင်ချက်တွေလည်း ထည့်ပေးထားပါတယ်။
ယခင်သုံးနေကျ ဇော်ဂျီဖောင့် နဲ့ မြန်မာစာယူနီကုဒ်ဖောင့်ကို အလွယ်တကူ ပြောင်းလဲပေးနိုင်တဲ့ Unicode Converter application ကို တစ်ခါတည်း ထည့်သွင်းပေးထားပါတယ်။
မိမိပြောင်းလိုသော ဇော်ဂျီဖောင့် သို့မဟုတ် မြန်မာစာယူနီကုတ်ဖောင့်ကို select မှတ်ပြီး copy လုပ်လိုက်တာနဲ့ converter က အလိုလို ပွင့်လာပါလိမ့်မယ်။
ဒီ converter service ကို ပိတ်လို/ဖွင့်လိုလျှင် M3 Keyboard Settings ထဲရှိ Advanced Functions အောက်မှာ ၀င်ရောက် လုပ်ဆောင်နိုင်ပါတယ်။
နောက်ထပ် လုပ်ဆောင်ချက် တစ်ခုကတော့ M3 Keyboard ကို သုံးခြင်းဖြင့် မြန်မာစာရိုက်ရာတွင် လက်ရေးမူ(မြန်မာစာ သက်ပုံ) အတိုင်း ရိုက်နိုင်မှာပဲဖြစ်ပါတယ်။
ဥပမာ - သင်္ဘော = သ + င + ် + ္ + ​ေ + ဘ + ာ
နှစ်ချက်ထိစနစ်ကိုလည်း ထည့်ပေးထားပါတယ်။
shift နှိပ်ပြီးရိုက်ရမည့် စာလုံးများအား shift နှိပ်စရာမလိုပဲ ၎င်းနေရာရှိ စလုံးကို နှစ်ချက်ထိရုံဖြင့် ပေါ်လာမည်ဖြစ်သည်။
ဥပမာ - ဗ ပေါ်ရန် shift + ​ေ ရိုက်ရန်မလိုတော့ပဲ ​ေ ကို ၂ ချက်ထိရုံဖြင့် ဗ ပေါ်လာပါလိမ့်မည်။
စာရိုက်ရာမှာ မကြာခဏ မှားတတ်လေ့ရှိတဲ့ စာကားလုံးများအား အလိုအလျောက်ပြင်ဆင်ပေးပါတယ်။
ဥပမာ - စ + ျ နှင့် ဈ မှားခြင်း
ယူနီကုဒ်ကို အသုံးပြုထားခြင်းကြောင့် တိုင်းရင်းသား စာပေများကိုလည်း အသုံးပြုနိုင်ပါတယ်။
လက်ရှိတွင် ရှမ်း၊ မွန်၊ ပအိုဝ်ႏ၊ သက္ကတ/ပါဠိ၊ ကယား၊ ကရင် တို့ကို အသုံးပြုနိုင်ပြီး နောက်ထွက်မည့် ဗားရှင်းများတွင်လည်း ထပ်တိုးပေးသွားမည် ဖြစ်သည်။
ကီးဘုတ် ဒီဇိုင်းများ ပြောင်းလဲ အသုံးပြုနိုင်ပါသည်။
flat theme သုံးသူများအနေဖြင့် ကီးဘုတ်၏ နောက်ခံအ​ရောင်ကို မိမိကြိုက်နှစ်သက်ရာအရောင်နှင့် ပြောင်းလဲအသုံးပြုနိုင်ပါသည်။
ပိုမိုရှင်းလင်းသော Setting အထားအသိုများဖြင့် key tone, vibrate, converter, typing method, keyboard height, key preview, font embed, keyboard language များကို အလွယ်တကူ ထိန်းချုပ်နိင်ပါသည်။
landscape mode တွင်လည်း အဆင်ပြေစွာ အသုံးပြုနိုင်ပါသည်။
အသုံးပြုရလွယ်ကူအောင် အခြားသော ပြုပြင်မှုများလည်း လုပ်ဆောင်ထားပါတယ်။

Google Play Store Link

Comments

Post a Comment

Popular posts from this blog

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Oppo Ufont ကို အရင်ဆုံး Download လုပ်ပါ။ Click here to download 1. Download   2. Download   3. Download    Color OS 6 နှင့်အထက်ဖုန်းများတွင် 1. Setting / Languages and regions / Regions,တွင် Myanmar ပြောင်းပါ။ 2. Display & Brightness / Support Dai Characters, ကို ဖွင့်ပေးပါ။ Color OS 5.2 ဖုန်းများတွင် 1. Install Font App ကို install လုပ်ပါ။ 2.App ကို Change font ကိုနှိပ်ပြီး နှစ်သက်ရာ font ကို  apply လုပ်ပါ။ ____________________________________________