Battery ကြာကြာသုံးချင်သူများအတွက်

ကျွန်တော်တို့လက်ရှိသုံးနေတဲ့ Battery … ( Lithium battery ) တွေဟာ အပူကြောက်တဲ့ battery တွေပါ ။

ပထမဆုံးရှောင်သင့်တာတော့ အပူချိန်များနေတဲ့နေရာမှာမထားသင့် မသုံးသင့်ပါဘူး။ ဒုတိယအနေနဲ့ usb hub ကြားခံပြီး အားသွင်းတာ လုံးဝလုံးဝမလုပ်ပါနဲ့။Battery တင်မကပဲ board ပါထိခိုက်စေနိုင်ပါတယ်။
နောက်တခုက ဒီ battery တွေက active ဖြစ်နေမှ ရေရှည်ခံမှာပါ။ ဘာကိုဆိုလိုတာလဲဆိုတာက in-out ဖြစ်နေအောင်လုပ်ပေးရမှာပါ။ ဆိုလိုတာက ၁၀၀ ထိ အားသွင်းပြီး အားကုန်တဲ့ထိ သုံးတာမျိုးမလုပ်သင့်ပဲ သုံးနေရင်း အားသွင်းပေးတာတို့ ၊ အားအပြည့်မသွင်းချင်တောင်မှ ခဏလောက်သွင်းပေးတာမျိုးလုပ်ပေးသင့်ပါတယ်။ တချို့က ခဏခဏသွင်းရင် cc ( cycle count ) များမှာကြောက်ပြီးမသွင်းကြတာရှိပါတယ်။ CC က percentage နဲ့တွက်တာပါ ဘယ်လိုသွင်းသွင်းတူတူပါပဲ။ မတူတာက ရေရှည်မှာ ခဏခဏသွင်းတဲ့အလုံးနဲ့ ကြာကြာမှ အားကုန်မှသွင်းတဲ့အလုံးအသုံးခံနိုင်တဲ့ချိန် မတူတော့တာတွေ့ရပါလိမ့်မယ်။ တစ်ယောက်လာမေးတာ ကြုံဖူးတယ်။ Plug တပ် အားသွင်းရင်းသုံးရင် CC မတက်တော့ဘူးမလားတဲ့။ ဘယ်လို လုပ်လုပ် တက်ပါတယ်။ နောက်ပိုဆိုးတဲ့အချက်က battery ကို လုံးဝ ကုန်အောင်ထားပြီးမှအားသွင်းတာ အဆိုးဆုံးဖြစ်ပါတယ်။ စက်ပြင်ဆရာတွေအသိဆုံးပါ 0 to 1% ရောက်ဖို့ battery ဘယ်လိုပူတယ်ဆိုတာ။ အဲ့လိုများလေလေ battery life လျော့လာလေလေပါ။ အကောင်းဆုံးက battery 20% ရောက်ရင် အားသွင်းကြိုးတပ်လိုက်၊ 80% ရောက်ရင် ပြန်ဖြုတ်တာ အကောင်းဆုံးပဲ။ အမြဲတမ်းကြီး အားသွင်းကြိုးတပ်သုံးတာလည်း ရေရှည်မှာ battery life ကို ထိ စေနိုင်ပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပဲ in-out မဖြစ်တော့တာပေါ့။ နောက်တချက်က အားသွင်းတဲ့ချိန် တချို့က အားသွင်းကြိုးကို power outlet မှာ အရင်မတပ်ပဲ laptop မှာ အရင်တပ် ပြီးမှ ပထပ်ထိုးတာ battery ကို ထိခိုက်စေပါတယ်ဗျ။ ဒီထဲက တချို့ အချက်တွေက phone အတွက်လဲ အကျုံးဝင်ပါတယ်။ ကိုယ့်ရဲ့ mac , phone လေးတွေကို မြတ်မြတ်နိုးနိုးနဲ့ရေရှည်သုံးနိုင်ကြပါစေ။

Comments

Popular posts from this blog

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

MacOS Myanmar Unicode Keyboard

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ