Hallucinations

 ဆရာ အားနေဆက် ပြောတဲ့ ကျွန်တော်တို့တွေ အားလုံးက ဘုံ hallucination ဖြစ်နေကြတာ ဆိုတာကို ယုံတယ်။ သာမန် hallucination မှာ မရှိတဲ့အရာကို ရှိတယ်လို့ တစ်ယောက်က ထင်နေပေမဲ့ ကျန်တဲ့သူတွေက မထင်ဘူး။ ဘုံ hallucination မှာတော့ အားလုံးက လက်ခံတဲ့အခါ ဒီမရှိတဲ့ ကမ္ဘာကြီးကို ကျွန်တော်တို့ အားလုံး ဦးနှောက်ထဲမှာ hallucinate ဖြစ်နေတော့ ရှိသလို ဖြစ်နေတာ။


ဦးနှောက်က တချိန်လုံး story တွေ ဖန်တီးပြီး ဒီ ဇီဝစက်ရုပ်ကြီးကို ထိန်းကြောင်းပေးနေတာ။ တယောက်နဲ့ တယောက် story တွေက ဘုံဖြစ်လာတဲ့အခါ society ဆိုတာကြီး ပေါ်လာတာပဲ။ အဲဒီ society တွေမှာ ဘုံ norm တွေ ပေါ်လာပြီး တစ်ယောက်ချင်းစီရဲ့ story တွေကို ပြန်လွမ်းမိုးချုပ်ကိုင်ခံရတဲ့အခါ ခုန ဇီဝစက်ရုပ်ကြီးပေါ်ကို ပြန်ပြီး ဝန်ပိစေတာပဲ။ ဒါကို stress လို့ခေါ်တယ်။


ဥပမာလေးနဲ့ ပြောရရင် အလုပ်၊ လစာ၊ ပိုက်ဆံဆိုတာ တကယ်မရှိဘူး။ Social norm တွေက ဖန်တီးထားတဲ့အရာတွေ။ တကယ်တော့ ဒီခန္ဓာ ဇီဝစက်ရုပ်ကြီးက သူ့အတွက် energy ရှာဖွေဖို့ ဖန်တီးထားတဲ့ story တခုဟာ evolve ဖြစ်လာပြီး social norm တခုဖြစ်လာတဲ့အခါ မလိုအပ်ပဲ အလုပ်အတွက် stress တွေ ဖြစ်တာ၊ ပိုက်ဆံအတွက် stress တွေ ဖြစ်တာတွေ ဖြစ်လာတယ်။ 


ဒီအတွက် ခန္ဓာမှာ ဒီ story တွေ အမြဲတမ်း hallucinate လုပ်နေရင် ဦးနှောက်က ပင်ပန်းတော့ ညကျရင် အိပ်အိပ် ပေးရတယ်။ မအိပ်ပဲနဲ့ လူတယောက်က အသက်မရှင်နိုင်ဘူး။ အိပ်လိုက်တာဟာ reset ပဲ။ ဘယ်လောက်ပဲ stress ဖြစ်နေနေ အိပ်လိုက်ရင် ပြေသွားတာပဲ။ လေးနေတဲ့ Computer reset ချလိုက်ရင် ပေ့ါသွားသလိုပေါ့။


ဒါပေမယ့် ဒီနေရာမှာ တရားထိုင်တာဟာ အိပ်လိုက်သလိုပဲ ဦးနှောက်ကို မအိပ်ပဲ reset ချလို့ရတယ်။ ပိုကောင်းတာက (နိုးနေတော့) ဦးနှောက်ရဲ့ neuro pathway တွေကိုပါ တခါပြင်ဆင်ပေးနေတဲ့အတွက် အိပ်တာထက် ပိုပြီး အကျိုးရှိတယ်။ ရေရှည်မှာ ခုန stress ဖြစ်စေတဲ့ story တွေ ပေါ်မလာအောင် လုပ်ဆောင်ပေးနိုင်တယ်။


ဒါပေမယ့် ထိုင်ပုံထိုင်နည်းတော့ မှန်ဖို့လိုတယ်။ တရားထိုင်ခြင်းဆိုတာ ဦးနှောက်ရဲ့ hallucination level ကို တတ်နိုင်သလောက် လျော့ချတာလို့ပြောရင် အမှန်ဆုံးဖြစ်လိမ့်မယ်။ hallucination ကို သုညဖြစ်အောင် လျော့ချတာကတော့ တကယ်လုပ်လို့ရမရ မပြောတတ်ဘူး။ ဘာသာရေးတွေက ပြောတဲ့ နိဗ္ဗာန်ဆိုတာ ဒါပဲ။ ဒါပေမဲ့ physically possible ဖြစ် မဖြစ် မပြောနိုင်ပေဘူး။ ကားတစ်စီးကို အင်ဂျင်ရပ်ပြီး မောင်းခိုင်းသလိုပဲ မြင်မိတယ်။ ဒီဇီဝစက်ရုပ်ကို မောင်းနှင်နေတဲ့ operating system က hallucination ပဲမလား။


တကယ်တန်း hallucination သုညဖြစ်သွားရင် deepsleep အိပ်သွားတာနဲ့တော့ အတူတူပဲ။ အဲတော့ နိဗ္ဗာန်ဆိုတာ ဘာလဲသိချင်ရင် အိပ်လိုက်လို့ ပြောရမလားပဲ။ :)


သေချာတာက တရားထိုင်ပေးမယ်ဆိုရင် ဦးနှောက်ရဲ့ stress level လျော့ချနိုင်တယ်။ Social norm တွေနဲ့ story တွေ ဝန်ပိမနေပဲ happy hallucination ဖြစ်လာမှာတော့ သေချာတယ်။


(P.S - ကိုMKT ရေးထားတာကို သူ့ဆီကခွင့်တောင်းပြီး ကူးလာတာပါ။)

Comments

Popular posts from this blog

MacOS Myanmar Unicode Keyboard

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ