Skip to main content

Intel CPU(Processors) တွေအကြောင်း



 Laptop တလုံး ဝယ်ယူရတော့မယ်ဆို အဓိက စဉ်းစား ရမဲ့ အစိတ်အပိုင်း တွေ လိုအပ်ချက်တွေ ထဲကမှ အဓိက ဦးစားပေး စဉ်းစားရမှာက CPU ခေါ် Processor တွေပါပဲ

CPU Chip Maker တွေ Manufactures တွေ အများကြီးက Model တွေ ဘယ်လိုပဲထုတ်ထုတ် ကိုယ်တကယ်တမ်း အသုံးတဲ့မ​ယ့် CPU တွေကို ပဲ ရွေးချယ်ရမှာပါ


ပထမဆုံး Intel CPU ရဲ့ i series မျိုးဆက်တွေအကြောင်း အရင်ပြောပြမယ်။ အခုဆို i series တွေရဲ့ မျိုးဆက်ဟာ 11th Gen အထိ ရောက်ရှိနေပါပြီ။ 

i3,i5,i7 CPU တွေဟာ သူတို့ရဲ့ ညီကိုတွေဖြစ်တဲ့ Intel Celeron, Pentium တို့ထက် Performance ရော Costing ရော ပိုမို မြင့်မားသာလွန်ကြပါတယ်။ 


i series CPU တွေကို Generation ခွဲဖို့ဆိုရင် CPU ရဲ့နောက်က No. လေးတွေကိုကြည့်ပြီး အလွယ်တကူ ခွဲခြားနိုင်ပါတယ်။ 


Eg. 

Intel@Core i3-360M ဆို 1st Gen(2009-11)

Intel@Core i3-2*** ဆို 2nd Gen(2011-12)

Intel@Core i3-3*** ဆို 3rd Gen(2012-13)

Intel@Core i3-4*** ဆို 4th Gen(2013-14)

Intel@Core i3-5*** ဆို 5th Gen(2014-15)

Intel@Core i3-6*** ဆို 6th Gen(2015-16)

Intel@Core i3-7*** ဆို 7th Gen(2016-Present)

Intel@Core i3-8*** ဆို 8th Gen(At Present) 


i5,i7 တွေလဲ တူတူပါပဲ


အခုဆက်ပြီး CPU တွေရဲ့ Code လေးတွေ ပြောပြပါ့မယ်။

i series CPU တွေရဲ့ Gen ခွဲတဲ့ No. လေးတွေရဲ့နောက်မှာ ပါတဲ့ M, U, HQ, G ဆိုတဲ့ အက္ခရာလေးတွေ အကြောင်းပေါ့

M ဆိုတာက Mobile series တွေအတွက်ပါ Mid Range Type ပေါ့။

U ဆိုတာကတော့ Ultra Low Power CPU တွေပါ ပေါ့ပါးတယ်။ Power Consumption နည်းတယ်။ Battery ခံတယ် ဒါပေမဲ့ clock speed နည်းပါတယ်။ Clock speed နည်းတော့ မသွက်ဘူး နှေးတယ် လေးတယ်ပေါ့။ Heavy Job တွေ မရဘူးပေါ့။

HQ ဆိုတာကတော့ High Quality High Performance ပါ Gaming Type နဲ့ Server Type တွေပါ... 


ကဲ Gen ခွဲတာတွေ Code လေး တွေအကြောင်းပြောပြီးပြီ ဆိုတော့... ရွေးချယ်မှုလေးတွေ မစခင်.... CPU တွေရဲ့ မြန်နှုန်း(Speed) ကို တိုင်းတာတဲ့ Clock Speed အကြောင်းရှင်းပြမယ်။

Clock Speed ကို တိုင်းတဲ့, ဖော်ပြတဲ့ ယူနစ်က Hz ပါ။

ပမာဏ အပေါ်မူတည်ပြီး Megahertz(MHz), Gigahertz(GHz) ဆိုပြီး ကွဲသွားတယ်။ CPU speed ကို MHz နဲ့ ဒီခေတ်မှာ မရှိတော့ပါဘူး။


အဲ့တော့ Clock Speed ဆိုတာဘာလဲ???

Clock speed ဆိုတာ CPU ရဲ့ Clock Cycle ကြိမ်နှုန်းကို ရေတွက်တာပါ ကြိမ်နှုန်းများလေ CPU speed မြန်လေ ပါပဲ.... for eg. 3.6GHz ဆိုတာ Clock cycle ကြိမ်နှုန်းပေါင်း တစ်စက္ကန့်ကို 3,600,000,000 ရှိတယ်လို့ပြောတာပါ။ 


ကဲ clock speed အကြောင်းလဲ သိပြီဆိုတော့ overclocking လေး အကြောင်းဆက်ပြောပြပါမယ်.

What is overclocking???

Overclocking ဆိုတာ CPU ရဲ့ စံသတ်မှတ်ထားတဲ့ clock speed ထက် ပိုအောင် အသုံးပြုခြင်းကိုပြောတာပါ။ Turbo Boost လို့လဲ ခေါ်ပါတယ်။ ဒါပေမဲ့ Turbo Boost လုပ်ခြင်းဟာ CPU Heat တက်စေပါတယ်။ Turbo Boost ဟာ Time Limit ရှိပါတယ်။ အမြဲ Boost up လုပ်တာမဟုတ်ပါဘူး။ 


များသောအားဖြင့် Turbo Boost ဟာ i5 နဲ့ i7 တွေမှာပဲ ပါပေမဲ့ အခုနောက်ထွက်တဲ့ i3 Gen အမြင့်တွေမှာ လဲ Turbo Boost ပါလာပါတယ်။


ဘယ်လိုပဲ Turbo Boost ပါပါ CPU တစ်ခုမှာ ထပ်ပြီးစဉ်းစားစရာ ရှိတာက Cores and Multi Threading ပါ။

Laptop Core i3 CPU ဟာ dual cores base 

Core i5 ကတော့ quad cores base ဖြစ်ပြီး Core i7 ကတော့ သာမန် U series တွေမှာ six cores ဖြစ်ပေမဲ့ multi threading 12 ပါ။

HQ series တွေမှာတော့ 8 cores 12 multi threading ပါ။


ကဲ i series CPU တွေ အကြောင်း အကြမ်းဖျဉ်းကတော့ နားလည်ကြပြီထင်ပါတယ်။ 


အဲ့တော့ Laptop တလုံးဝယ်တော့မယ်ဆို ကိုယ်သုံးမှာက ဘာတွေလဲ စဉ်းစားကိုယ်က Business သမား

Accounting တွေ Finance တွေ Office တွေကို ကျကျနန သုံးတော့မယ်ဆိုရင်တော့ အနိမ့်ဆုံး i5 တော့ သုံး။


ကိုယ်က Adobe Premier pro လို video editing တွေ 3D High Performance process တွေအတွက်ဆိုရင်တော့ အနိမ့်ဆုံး i7 လောက်သုံး။


ဒါက အကြမ်းဖျဉ်းပြောတာပါ... Laptop တလုံး ဝယ်တဲ့အခါ CPU တစ်ခုထဲ ကြည့်လို့မရပါဘူး 

RAM, GPU နဲ့ Storage device တွေကိုပါ ကြည့်ရှုရွေးချယ်ရမှာ ဖြစ်ပါတယ်။


CPU Generation အကြောင်း....


1- CPU မြင့်လာလေ စက်ရဲ့ Performances ကောင်းလာလေဆိုတာ ရိုးရှင်းတဲ့အမြင်ပါ။ အဲ့လို့ပဲ ရိုးရိုးလေး မြင်ရင် ရပါပြီ။ တခြားရှုပ်ရှုပ်ယှက်ယှက်တွေ စဉ်းစားမနေပါနဲ့ဦး။ 


2- ဒါကြောင့်လဲ CPU ထုတ်တဲ့ ကုမ္ပဏီတွေက i3 ပြီးတော့ i5 i5 ပြီးတော့ i7 i7 ပြီးတော့ Core M ဒီလို Upgrade မြှင့်ပြီး ထုတ်လာကြတာပေါ့။


ဒီနေရာမှာ ကျွန်တော်တို့ဟာ နည်းပညာပါးဝဖို့လိုပါတယ်။ ပုံပြင်ထဲကလို အသက်အကြီးဆုံး အဖိုးကြီးက အတွေ့အကြုံအရှိဆုံးဆိုတဲ့ အမြင်ကို ထားခဲ့ရပါလိမ့်မယ်။ 


နည်းပညာမှာ Latest ဖြစ်လေ ကောင်းလေပါ။ 


ထပ်ပြောပါမယ်။ လွန်ခဲ့တဲ့ ငါးနှစ်ကခေတ်စားခဲ့တဲ့ Nokia keypad ဖုန်းတွေဘယ်လောက်ကောင်းကောင်း အခုပေါ်နေတဲ့ china ဖြစ် Clone touch ဖုန်းတွေကိုတောင်မမှီပါဘူး။ 

ဒါက စကားချပ်ပါ။


ပြောချင်တဲ့ Generation အကြောင်းပြန်ဆက်ရရင် လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက i7 ပေါ်နေတာပဲ။ ဒီနေ့လည်း i7 ပေါ်နေတာပဲ။ ကုမ္ပဏီက i7 ပြီးတော့ ဘာဖြစ်လို့ i9 တွေ၊ i11 တွေ မထုတ်ပဲ generation တွေပဲ မြှင့်ထုတ်နေလဲ စဉ်းစားစရာပါ။ တိုးတက်မှုမရှိရင်၊ ထူးခြားမှုမရှိရင် သူတို့လည်း အချိန်ကုန်ခံပြီး သုတေသနတွေလုပ်ပြီး ထုတ်နေမှာမဟုတ်ပါ။ ထူးခြားမှုရှိလို့ကို Generation တစ်ခုပြီးတစ်ခု မြှင့်ပြီးထုတ်နေတာပါ။ ရိုးရိုးလေးပါ။


ဘာတွေထူးခြားသွားလည်း။ Generation မြင့်လာလေး Bug တွေနည်းလာလေပါပဲ။ Heat တွေနည်းလာတယ်။ performance ပိုကောင်းလာတယ်။ power စားတာပိုသက်သာတယ်။ Onboard Graphic လို့ ပြောပြောနေကြတဲ့ intel graphic Series  ပိုပြီးမြှင့်လာတယ်။ တခြား သူနဲ့တွဲမယ့် ခေတ်ပေါ် hardware တွေနဲ့ ပိုပြီး Fix ဖြစ်လာမယ်။


ဒါအနည်းအကျဉ်းပါ။ ပြောင်းလဲသွားတဲ့ အသေးစိတ်ကို သိချင်ရင် intel site ထဲသာဝင်ဖတ်။ ကျမ်းတစ်စောင်လောက်ရေးပြီး PHD တောင် လျှောက်လို့ရလောက်တယ်။ 


နောက်တစ်ခုက ကျွန်တော်တို့ ကွန်ပျူတာဝယ်တာဟာ CPU တစ်ခုထဲ ထိုင်သုံးမှာ မဟုတ်ဘူး ဆိုတာပါ။ ဘယ်ပစ္စည်းဖြစ်ဖြစ် Expire ဆိုတာ ရှိပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကပစ္စည်းက ဘယ်အချိန်အထိကောင်းနေမှာလဲဆိုတာ အာမခံနိုင်ပါ။ 


အသစ်မဝယ်နိုင်လို့ ဂျပန်ကျကားလေးဝယ်စီးပါတယ်။ ကိုယ့်လက်ထဲရောက်မှ အင်ဂျင်ကကျ၊ မီးခိုးကလိုက်၊ အောက်ပိုင်းကမကောင်းနဲ့ဆို တော်တော်ဒုက္ခရောက်ရပါတယ်။


2009 model ကားနဲ့ 2015 model ကားက Design ပဲ ကွာသွားတာမဟုတ်ပါ။ အဲ့လို့လွယ်လွယ်ပြောလို့မရပါ။


Design ပိုလှလာတယ်။ နည်းပညာပိုမြင့်လာတယ်၊ ဒီလောက်ပဲ မဟုတ်သေးဘူး။ 


2009 ကြီးက 6 နှစ်တောင် ခိုင်းပြီးသားကြီး ဆိုတာကိုပါ သဘောပေါက်ရပါမယ်။ 


Expire ဖြစ်လို့ ဂျပန်က မသုံးတော့တဲ့ဟာကို ကျွန်တော်တို့က လုံးဝကောင်းပါတယ်လို့တော့ အာမခံမပေးချင်ပါ။ HDD တစ်လုံးရဲ့ သက်တမ်းဟာ အများဆုံး သုံးနှစ်ပါ။ သုံးနှစ်ကျော် သုံးထားတဲ့ HDD ဘယ်အချိန်အထိကောင်းနေဦးမလဲ ဘယ်သူမှအာမခံနိုင်ပါ။ စက်ရုံကတောင်အာမခံတာ ကျွန်တော်တို့က ပိုဆိုးပါတယ်။


 ဒါကြောင့် Generation ကြည့်ဝယ်တာဟာ Expire ကြည့်ဝယ်တာပါပဲ။ Expire လေးတော့ ကြည့်ခွင့်ပေးသင့်တယ် ထင်ပါတယ်။ နောက်ပြီး ကိုယ်တွေက သွက်သွက်လက်လက် 

လည်းရှိ၊ ခေတ်စတိုင်လေးကလည်းမိ၊ အသက်က ၁၈ နှစ် ဆိုတာမျိုးကို ရွေးချယ်စေချင်ပါတယ်။ ပေါင်းရမှာ တစ်ညထဲမှမဟုတ်တာ။ ရေရှည်စိတ်ချမ်းသာရဖို့ အရေးကြီးပါတယ်။ အသက်ကြီးပြီး၊ ဘယ်အချိန် ထဖောက်မလဲ မသိတာမျိုးကျတော့ အဲ့ဒုက္ခ အခုပေါင်းနေတဲ့သူတွေ သိပါလိမ့်မယ်။


အဲ့တော့ကား generation က ဘာမှမထူးပါဘူးကွာ ဆိုသူများကလည်း အဲ့အတိုင်းပဲ ဆက်လက်ယူဆကြပါ။

ကျွန်တော်ကတော့ ဒီလိုယူဆပါတယ် ပြောရင် နိဂုံးချုပ်ပါတယ်။


Comments

Popular posts from this blog

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Oppo Ufont ကို အရင်ဆုံး Download လုပ်ပါ။ Click here to download 1. Download   2. Download   3. Download    Color OS 6 နှင့်အထက်ဖုန်းများတွင် 1. Setting / Languages and regions / Regions,တွင် Myanmar ပြောင်းပါ။ 2. Display & Brightness / Support Dai Characters, ကို ဖွင့်ပေးပါ။ Color OS 5.2 ဖုန်းများတွင် 1. Install Font App ကို install လုပ်ပါ။ 2.App ကို Change font ကိုနှိပ်ပြီး နှစ်သက်ရာ font ကို  apply လုပ်ပါ။ ____________________________________________