Skip to main content

Note app for Cross-Platform

 MacOS နဲ့ Android ဖုန်း တွဲ သုံးပြီး note တွေ sync လုပ်ဖို့ ဆိုတာ တော်တော် တိုင်ပတ်တာပဲ။ အရင်က Google keep သုံးနေတာ။ Window နဲ့ Android မှာကျတော့ အဆင်ပြေတယ်။ MacOS မှာလည်း အဆင်တော့ပြေပါတယ်။ Laptop မှာကျ browser ကနေ တဆင့်သွားနေရတာ ကြာတော့ အလုပ်ရှုပ်လာတယ်လို့ မြင်လာတယ်။ အဲ့တာနဲ့ ဟို app စမ်းလိုက် ဒီ app စမ်းလိုက်နဲ့ နောက်ဆုံးကျတော့ Joplin ကို သွားတွေ့တယ်။ သူက သူ့ကိုယ်ပိုင် server တင်မကဘူး။ ရှိပြီးသား cloud တွေပါ sync အတွက် သုံးလို့ရတယ်။ ကျွန်တော်ကတော့ cloud sync အတွက် dropbox ကို သုံးတယ်။ ဟိုးအရင်ကတည်းက dropbox သုံးနေကျဆိုတော့ အဆင်ပြေတယ်။ ဒီမတိုင်ခင်က Craft ကို သုံးပေမယ့် ယှဉ်သုံးကြည့်တော့ Joplin က ပိုပြီး lightweight ဖြစ်တယ်။ ပြီးတော့ စောန ကျွန်တော်ပြောသလိုပဲ cross-platform ရတာ က ကျွန်တော့် အတွက် ပိုအသုံးဝင်တယ်။ Window, Linux, MacOS, Android, iOS အကုန် ရတယ်။ အကုန် sync လုပ်လို့ရတော့ platform အကုန် သုံးတဲ့ သူတွေဆို သုံးသင့်တယ်။ Import, export လည်း ရတယ်။ ကျွန်တော် craft က notes တွေ အကုန် markdown နဲ့ ထုတ်ပြီး Joplin ထဲ import လုပ်လိုက်တာ တမိနစ်တောင်မကြာဘူး။ ခုတော့ window, MacOS နဲ့ Android မှာ dropbox မှာ sync လုပ်ပြီး သုံးနေတယ်။ dropbox sync လုပ်ဖို့ကတော့ dropbox account ရှိဖို့လိုပြီး သူပြထားတဲ့ tutorial လေးအတိုင်း လိုက်လုပ်ယုံပဲ။ 

https://joplinapp.org

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။