Note app for Cross-Platform

 MacOS နဲ့ Android ဖုန်း တွဲ သုံးပြီး note တွေ sync လုပ်ဖို့ ဆိုတာ တော်တော် တိုင်ပတ်တာပဲ။ အရင်က Google keep သုံးနေတာ။ Window နဲ့ Android မှာကျတော့ အဆင်ပြေတယ်။ MacOS မှာလည်း အဆင်တော့ပြေပါတယ်။ Laptop မှာကျ browser ကနေ တဆင့်သွားနေရတာ ကြာတော့ အလုပ်ရှုပ်လာတယ်လို့ မြင်လာတယ်။ အဲ့တာနဲ့ ဟို app စမ်းလိုက် ဒီ app စမ်းလိုက်နဲ့ နောက်ဆုံးကျတော့ Joplin ကို သွားတွေ့တယ်။ သူက သူ့ကိုယ်ပိုင် server တင်မကဘူး။ ရှိပြီးသား cloud တွေပါ sync အတွက် သုံးလို့ရတယ်။ ကျွန်တော်ကတော့ cloud sync အတွက် dropbox ကို သုံးတယ်။ ဟိုးအရင်ကတည်းက dropbox သုံးနေကျဆိုတော့ အဆင်ပြေတယ်။ ဒီမတိုင်ခင်က Craft ကို သုံးပေမယ့် ယှဉ်သုံးကြည့်တော့ Joplin က ပိုပြီး lightweight ဖြစ်တယ်။ ပြီးတော့ စောန ကျွန်တော်ပြောသလိုပဲ cross-platform ရတာ က ကျွန်တော့် အတွက် ပိုအသုံးဝင်တယ်။ Window, Linux, MacOS, Android, iOS အကုန် ရတယ်။ အကုန် sync လုပ်လို့ရတော့ platform အကုန် သုံးတဲ့ သူတွေဆို သုံးသင့်တယ်။ Import, export လည်း ရတယ်။ ကျွန်တော် craft က notes တွေ အကုန် markdown နဲ့ ထုတ်ပြီး Joplin ထဲ import လုပ်လိုက်တာ တမိနစ်တောင်မကြာဘူး။ ခုတော့ window, MacOS နဲ့ Android မှာ dropbox မှာ sync လုပ်ပြီး သုံးနေတယ်။ dropbox sync လုပ်ဖို့ကတော့ dropbox account ရှိဖို့လိုပြီး သူပြထားတဲ့ tutorial လေးအတိုင်း လိုက်လုပ်ယုံပဲ။ 

https://joplinapp.org

Comments

Popular posts from this blog

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

MacOS Myanmar Unicode Keyboard

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ