Skip to main content

Self Study

ငယ်ငယ်ကတည်းက ဒါကျက် ဒါဖြေ၊ အိမ်မှာဆို Guide ဆရာ၊ ပြီးတော့ ကျောင်း၊ ပြီးတော့ ကျူရှင် လုံးချာတွေလိုက်။ ဆရာ က သင်မပေးတော့ရင် မတတ်တော့ဘူးလို့ ခံစားလာရတာတွေ၊ ခူးပြီးခပ်ပြီးသားလေးတွေ စားနေကြဆိုတော့ ကိုယ်တိုင် မလုပ်တတ်တော့တာတွေ များလာတယ်။ Self study နဲ့ကျွန်တော်တို့နဲ့က အတော်ကြီး အလှမ်းဝေးသွားတယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒါပေမယ့် အင်တာနက်ခေတ်မှာတော့ self study က အတော်လေးကို အလုပ်ဖြစ်ပါတယ်။ Covid က ကျွန်တော်တို့ကို ထိုင်ရာမထပဲ meeting တွေ လုပ်လို့ ရတယ်၊ သင်တန်းတွေတက်လို့ရတယ် ဆိုတာ ပြောပြသွားတယ်။ (တကယ်က အရင်ကတည်းက ရှိတာပါ။ မြန်မာမှာ လူသုံးနည်းကြတာ) Facebook ပေါ်က သင်တန်းဂရုတွေကိုကြည့်ပါ။ Facebookပေါ်မှာ ပညာရပ်အစုံ ဂရုအစုံ ရှိပါတယ်။ မသိရင် မေးလို့ရတယ်။ မသိတဲ့သူကို သိတဲ့သူက ပြန်ရှင်းပြတယ်။ comment ပြန်ပေးကြတယ်။ ဆိုပေမယ့် Facebook က မြန်မာမှာ လူသုံးများတဲ့ social media platform ဖြစ်နေတာကိုး။ Facebook ကို ဖယ်ပြီး ကျွန်တော်တို့ ကြည့်ကြည့်ရအောင်။ 
စာအုပ်ဖတ်တဲ့သူတွေအတွက်ဆို pdfdrive . com ရှိတယ်။ အဲ့မှာ လေ့လာစရာ ပညာရပ်ဆိုင်ရာ အတော်များများရှိတယ်။ တကယ်ဖတ်နိုင်မယ်ဆိုရင် ဖတ်စရာတွေမှ အများကြီးပါ။ pdf အပြင် epub နဲ့ mobi ပါ ရနိုင်တယ်။ 
နောက် ဝတ္ထုတွေ ဖတ်မယ် ဆိုရင်တော့ z-lib . org ရှိတယ်။ ဝတ္ထုဖတ်တာကိုလည်း ကျွန်တော် self study လုပ်တဲ့အထဲပဲ ထည့်ထားတယ်။ English ဝတ္ထုတွေ ဖတ်ရင်း vocabulary အသစ်တွေ သိလာတယ်။ နိုင်ငံတကာစာပေ ကို ထိတွေ့ခွင့်ရလာတယ်။ နောက်ပြီး self study အထဲမှာ ရုပ်ရှင်ကြည့်တာလည်း ပါတယ်။ ဖြစ်နိုင်ရင် ရုပ်ရှင်တွေကို English စာတန်းထိုးနဲ့ပဲ ကြည့်စေချင်တယ်။ ရုပ်ရှင်လည်းကြည့်ရင်း English usage တွေ လည်း အလိုလို သိလာတာပေါ့။ English စာ လေ့လာဖို့ အချိန် သက်သက်ပေးစရာ မလိုတော့တာပေါ့။ ကျွန်တော် အခုထိ English စာကို သေသေချာချာမလေ့လာခဲ့ရပါဘူး။ ရုပ်ရှင်ကိုတော့ ငယ်ငယ်ကတည်းက အခုထိ Englishစာတန်းထိုးနဲ့ပဲ ကြည့်ပါတယ်။ နားလည်လို့လား ဆိုတော့ ကြည့်သာ ကြည့်နေတာပါ အကုန် နားမလည်ပါဘူး။ ဒါပေမယ့် English အတွက် listening နဲ့ speaking ကတော့ ကျွန်တော် ရုပ်ရှင်တွေကြည့်ရင်း သူ့ဟာသူ သင်ပြီးသားဖြစ်သွားပါတယ်။ 
နောက်ပြီး YouTube ကတော့ အကုန် ရှိတယ်။ ကျွန်တော် သိချင်တာမှန်သမျှ အဲ့မှာ ပဲ အရင်ဆုံး လိုက်ရှာတာပဲ။ သူကျ video tutorial တွေဆိုတော့ သူပြတာ လိုက်ကြည့်ရင်း လုပ်ရတာပေါ့။ စာသင်ပေးတဲ့ YouTube channel တွေကတော့ အများကြီးပဲ။ ကျွန်တော် တခုပဲ မှတ်မိတော့တယ်။ Crash Course ပဲ။ အဲ့မှာ ဘာသာရပ်တွေကို လိုတိုရှင်း Animation လေးတွေနဲ့ သင်ပေးတယ်။ တော်တော်များများ ဘာသာရပ်တွေ လည်း ရှိတယ်။ အဲ့ဒီ channel ကလည်း ကျွန်တော် statistic သင်ရင်း စာမလိုက်နိုင်လို့ စာဖတ်ရမှာကို စာမဖတ်ချင်လို့ အဲ့က statistic crash course ကို နားထောင်ဖြစ်ရင်း အတော် သဘောကျသွားတာ။ 

နောက်တခုက courseupload . com အဲ့မှာကျ premium video course တွေရှိတယ်။ သူက free ဆိုပေမယ့် daily quota ရှိတယ်။ တရက်ကို ဘယ်လောက် GB ပဲ download လုပ်လို့ရမယ်ဆိုတာပေါ့။ နောက်ပြီးတော့ ads တွေ ခံထားတယ်။ ဒါကတော့ သည်းခံရမှာပဲ။ cm က ကားတွေတောင် အဲ့လိုနဲ့ download လုပ်ပြီး ကြည့်ရသေးတာပဲ မဟုတ်လား။ အဲ့ ဆိုဒ်မှာလည်း photography, photo and video editing တွေ၊ programming courses တွေက အစ ဆော်ကြွေအောင်လုပ်နည်း အထိ ရှိတယ်။ ( အဲ့လိုရေးမှ သကောင့်သားတွေက သွားကြည့်ကြမယ် ဆိုတာ သိနေတယ်) 

နောက်တခုက တော့ language app ဗျ။ လူတိုင်းသိမယ်လို့တော့ ထင်တယ်။ Duolingo ဆိုပြီး Google Play Store မှာရော Apple App Store မှာရော ရှိတယ်။ အဲ့ကနေ ဂျပန်စာ၊ ပြင်သစ်စာ၊ တရုတ်စာ တော်တော်များများ သင်လို့ရတယ်။ တရက်ကို မိနစ် ၃၀ လောက် အချိန်ပေးပြီး ဖုန်းလေးနဲ့ သင်ယုံပဲ။ ဒီတိုင်း ငုတ်တုတ်ကြီးနဲ့ Facebook News feed ကို အဆုံးမရှိ ထိုင်ပွတ်နေသေးတာပဲ။ ဒီလောက်ကတော့ အချိန်ပေးပြီး သင် သင့်တာပေါ့။ မဟုတ်ဘူးလား။ 

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...