Skip to main content

IA နဲ့ AI

 IA အကြောင်းရေးမယ် ရေးမယ်နဲ့ မရေးဖြစ်။ စိတ်ထဲ ရှိနေတာတော့ ကြာပြီပေါ့။ IA ဆိုတာ Facebook မှာ ရှိတဲ့ Instant Article တွေပေါ့။ IA က ဘာထူးခြားလဲဆိုတော့ facebook နဲ့ ချိတ်ထားတဲ့ website တွေကို ဖွင့်လိုက်တာနဲ့ browser နဲ့ ဖွင့်စရာ မလိုပဲ  instant ပွင့်သွားတာပေါ့။ မြန်လည်းမြန်တယ်။ စိတ်အနှောင့်အယှက်လည်း မဖြစ်ဘူးပေါ့။ Facebook app မှာ အောက်နားလေးမှာ မိုးကြိုးသွားလို ပုံစံလေးနဲ့ဟာဆို IA လို့ သတ်မှတ်လို့ရတယ်။ 




AI ကတော့ Artificial Intelligence ပေါ့။ ခုနောက်ပိုင်းမှာ လူတွေ ပိုပြီး သတိထားလာမိကြတဲ့ စကားလုံးပေါ့။ ကွန်ပျူတာဦးနှောက်လို့ တင်စားထားကြတယ်။ AI အကြောင်းသာ ပြောရရင် ပြီးမှာ မဟုတ်ဘူး။ ခုကိစ္စမှာတော့ AI က ဘယ်လို အလုပ်လုပ်သလဲ ဆိုတော့ ခင်ဗျား က facebook သုံးတယ်ပေါ့။ အဲ့ ခင်ဗျားက facebook မှာ ဘယ်လို post တွေကို အချိန်ပေးဖတ်သလဲ၊ ဘယ်လိုဟာတွေကို ဝယ်တတ်သလဲ၊ ရောင်းတတ်သလဲ၊ ဘယ်လို ကိစ္စတွေကို စိတ်ဝင်စားတတ်လဲ၊ ဘယ်လို post တွေမှာ ဘယ်လို comment တွေ ပေးတတ်သလဲ ဆိုတာ အမြဲလေ့လာစောင့်ကြည့်ပြီး သိမ်းဆည်းထားတယ်။ ပြီး ရင် ပြန်အသုံးချတယ်။ ဆိုပါတော့၊ ခင်ဗျားက ကား group တွေထဲ ဝင်ပြီး ကားအကြောင်းတွေလိုက်မေးတယ်။ post တင်တယ်၊ comment ပေးတယ် ဆို ခဏ နေရင် ခင်ဗျား wall ပေါ်မှာ ကားကြော်ငြာတွေ ချည်း တက်လာတာမျိုးပေါ့။ 

IA ရဲ့ မူလရည်ရွယ်ချက်ကတော့ကောင်းပါတယ်။ သူ့ facebook app ထဲမှာတင် website တွေကို ကြည့်လို့ မြန်အောင်လုပ်ပေးလိုက်တာ။ ဒါပေမယ့် သိတယ်မလား။ မြန်မာပြည်က ဝိသမသလောဘသမားတွေ လက်ထဲ ရောက်သွားတော့ လုပ်စားစရာ ငွေတွင်းကြီး ဖြစ်သွားရော။ IA အကုန် မကောင်းဘူးလို့ ကျွန်တော်မပြောဘူးနော်။ ခုပြောမှာက လုပ်စားနေတဲ့ IA တွေ အကြောင်းကိုပဲ ပြောနေတာ။

ဒီလို လုပ်စားနေတဲ့ IA တွေမှန်းဘယ်လိုသိအောင်လုပ်မလဲဆို လွယ်ပါတယ်။ Facebook page နာမည်နဲ့ အောက်က website နာမည်နဲ့က လွဲနေလိမ့်မယ်။ website နာမည်ကလည်း ပေါက်ကရ ပေးထားတာကို မြင်လိမ့်မယ်။ များသောအားဖြင့် အတင်းအဖျင်းတွေပဲ တင်တာများပြီး သတင်းဆိုလို့ မည်မည်ရရ မတင်ကြဘူး။ သတင်းတင်တာလည်း မရှိပါဘူး။ နာမည်ကြီးသူတွေရဲ့ အညှီအဟောက်တွေ တင်တယ်။ Facebook ပေါ်က လူကြိုက်များတဲ့ post တွေ copy ကူးပြီး တင်တယ်။ ဘာကျင့်ဝတ်မှ မရှိဘူး။ အဓိက က သူတို့ website ထဲ လူများများ ဝင်ကြည့်ရေးပဲ။ လူဝင်ကြည့်အောင်လည်း ခေါင်းစဉ်ကို စိတ်ဝင်စားအောင် ရေးထားတယ်။ ဘာမဟုတ်တာလေးကိုလည်း လူစိတ်ဝင်စားနိုင်တဲ့ ခေါင်းစဉ်တပ်ပြီး တင်တယ်။ ပြီးတော့ ထိလွယ် ရှလွယ် emotional ဖြစ်နိုင်တဲ့ ခေါင်းစဉ် တပ်ပြီး post က ကျတော့ဘာမှ မဟုတ်တဲ့ အီးယို သေးပေါက်သတင်းလိုမျိုး အတင်းအဖျင်းတွေ ကို ချဲ့ကားပြီး ရေးထားတာမျိုးတွေ။ ပြီးတော့ ကြည့်လိုက်ရင် အဲ့ page က တင်တဲ့ post မှာ ရှိတဲ့ like အရေ အတွက် က ကြောက်စရာ ကောင်းလောက်အောင် များတယ်။ Reach များတယ်ပေါ့ဗျာ။ 

မြန်မာလူမျိုးတွေကလည်း သိတယ်မလား။ အားနေရင်ကို ရပ်ကွက်ထဲ လှည့်ပြီး အတင်းတုပ်နေတာ။ အတင်းတုပ်ဖို့ ဆိုတာကလည်း သတင်း  source ရှိဦးမှမလား။ ခုက ထိုင်ရာမထ အတင်းအဖျင်းတွေ ထိုင်ဖတ်နေရတာကိုလည်း သဘောတွေ တွေ့နေကြတာ။ အဲ့ဆိုဒ်တွေကို ဝင်ကြည့်နေတဲ့ သူတွေကလည်း မနည်းမနောပဲ။ 

ဘာလို့ ဒီလိုလုပ်စားနေတာလဲဆိုတော့ Facebook က အဲ့ IA တွေကို page per view နဲ့ ပိုက်ဆံပေးနေလို့ပဲ။ IA တွေမှာ ဝင်ကြည့်ရင် ကြော်ငြာတွေ မနည်းမနောကို မြင်ရလိမ့်မယ်။ Facebook က အဲ့ ကြော်ငြာတွေ အတွက် IA ပိုင်ရှင်ကို ပိုက်ဆံပေးနေတာပေါ့။ ဆိုတော့ IA ပိုင်ရှင်တွေ အနေနဲ့လည်း လူဝင်များဖို့ အရေးပဲ လုပ်တော့တယ်။ မတင်သင့်တဲ့ သတင်းလည်း တင်တာပဲ။ Ethic လည်း မရှိတော့ဘူး။ ပုံတင်ရင် ခွင့်ပြုချက်ဘာညာလည်း မတောင်းဘူး။ မျက်နှာတွေလည်း မဖျက်ဘူး။ ပိုက်ဆံ ရရေးကိုပဲ ဦးတည်တော့တယ်။ လူများများဝင်ကြည့်လေ သူပိုက်ဆံများများရလေပဲကိုး။ 

ကျွန်တော်ဘာလို့ မဆီမဆိုင် IA တွေအကြောင်းပြောနေရလဲ ဆိုတော့ ခု Covid နဲ့ Coup ဖြစ်တော့ facebook ပေါ်မှာ သတင်းတွေ က အတော်ကို ဖောင်းပွလာတယ်။ သတင်းဖောင်းပွယုံတင်မကဘူး။ အခုလို IA တွေက မီးလောင်ရာလေပင့်ပြီး မဖြစ်နိုင်တာတွေ မတင်သင့်တာတွေ အတင်းနင်းကန်တင်နေတော့ သတင်းတွေက တားမရ ဆီးမရ နဲ့ အကုန်လုံး false information တွေချည်းပဲ ရပ်ကွက်ထဲမှာ ရှိနေတော့တာ။ ရပ်ကွက်ထဲက လူတွေ ပြောတာ ရပ်နားထောင်လိုက်ရင် အဲ့ မဟုတ်က ဟုတ်က သတင်းတင်တဲ့ ဆိုဒ် တွေက သတင်းတွေကို ကိုးကားပြီး ပြောနေကြတော့တာပဲ။ အဲ့လို IA တွေကိုပဲ ရွေးဖတ်နေတဲ့ သူတွေကိုမှာ စောနက AI က "ဒီကောင် ဒီလိုသတင်းတွေ ကြိုက်တတ်တာဟ" ဆိုပြီး အဲ့သတင်းနဲ့ အလားတူ IA တွေကို သူ့ wall ပေါ်မှာ လာပြပေးတော့ အဲ့လို လူတွေက သတင်းမှား သံသရာထဲမှာ တဝဲဝဲ တလည်လည်နဲ့ ဖြစ်ကုန်တော့တာပဲ။ 

အဲ့ ပြဿနာကို ဘယ်လိုရှင်းရမလဲ ကျွန်တော့်ကို လာမမေးနဲ့။ ကျွန်တော်လည်း မသိဘူး။ တရက် တရက် IA တွေ မြင်နေရတာ စိတ်မချမ်းသာလို့ ဒီစာရေးနိုင်တာလောက်ပဲ ရှိတာ။ 

Comments

  1. Bet365, Betway, Betway, Betway and Betway Online Casino
    Bet365 offers its services from the biggest bookmakers and the 인카지노 world's 온카지노 largest betting 바카라 community, with more than 1000 betting markets to choose

    ReplyDelete

Post a Comment

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...