၉.၅.၂၀၂၁
NUG/CRPH
တိုက်ပွဲသတင်း
မြင်းခြံ
PDF & NUG
မင်းတပ်မြို့သတင်း
တိုက်ပွဲ
တိုက်ပွဲသတင်း
NUG/CRPH
- NUG အစိုးရ၊ CRPH နဲ့ ပြည်သူ့ကာကွယ်ရေးတပ်များကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် လူသတ်ဓားပြတိုက်နေသည့် အာဏာသိမ်းစစ်တပ်က ကြေညာ
- ပြည်သူ့ဆန္ဒဆန့်ကျင်သော စစ်ကောင်စီနှင့်ဆွေးနွေးရေးပြုလုပ်မည်မဟုတ်ဟု NUGကြေညာ
- ရန်ကုန် မြို့နယ်အချို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖွဲ့စည်း
- ပြည်သူ့ကာကွယ်ရေးတပ် - ပြင်ဦးလွင် ဖွဲ့စည်းပြီးကြောင်း ကြေညာ
- မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာ
- စစ်ကောင်စီကကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများစာရင်းကို စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်
- ပြည်သူ့ကာကွယ်ရေးတပ် PDF - သန်လျင် ဖွဲ့စည်းပြီးကြောင်း ကြေညာ
- CDM ပညာရေးဝန်ထမ်း တစ်သောင်းခန့် ရာထူးမှထုတ်ပယ်ခံရသော်လည်း CDMဆက်လုပ်မည်။
- စစ်ကိုင်းပညာရေးတက္ကသိုလ်က ဆရာ/မ ၁၅၆ ဦး တာဝန်မှရပ်ဆိုင်းခံရ
- တိုက်ပွဲသတင်း
- ကွတ်ခိုင်တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်တပ် တိုက်ပွဲပြင်းထန်နေ
- ကနီမြို့နယ်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်တပ် တိုက်ပွဲဖြစ်
- ကချင်၊ ဝိုင်းမော်မြို့နယ်တွင် KIA နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်
- ချင်းလဲန်းကာကွယ်ရေးတပ် CDF - ဟားခါးက စစ်တပ်စခန်းတခုကို သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီး
- ပြည်သူများကို လက်နက်အားကိုးပြီး အကြမ်းဖက်နှောက်ယှက်ခြင်းမပြုရန် ချင်းလဲန်းကာကွယ်ရေးတပ် - ကန်ပက်လက်က စစ်တပ်ကို သတိပေး
- မြင်းခြံ CB ဘဏ်၊ ရိုးမဘဏ်၊ ကညနရုံးနဲ့ MyTel ရုံး တို့တွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွား
- ဘားအံမြို့မရဲစခန်းရှေ့နှင့် စည်ပင်သာယာရုံးအနီးတွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွား
- ပြည်မြို့မှာ ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရ
- ကညွတ်ကွင်းမြို့နယ် ကျွန်းတောလမ်းရှိနေအိမ်တခုတွင် အသံဗုံးပေါက်ကွဲမှုဖြစ်ပွား
- ရွှေဘိုမြို့တွင် ယမန်နေ့က စစ်တပ်ကဖမ်းဆီးသွားတဲ့ ကဗျာဆရာခက်သီ ကျဆုံး
- မြင်းမူတွင် စစ်တပ်က ပြည်သူများကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးနေ
- မြင်းမူ၌ ဒေသခံနှစ်ဦးဖမ်းဆီးခံရ၍ တင်းမာမှုများဖြစ်ပွား၊ ကျဆုံးပြည်သူ ၁ဦးရှိဟု ကနဦးသိရ
- ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်ကောင်စီကခန့်ထားတဲ့ စည်ပိုင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးခေါင်းကို သေနတ်နဲ့ပစ်သတ်ခံရ
- ကနီတွင် စစ်တပ်က ပြည်သူပိုင်ပစ္စည်းများကိုလုယူပြီး ပစ်ခတ်သောင်းကျန်းနေ
- စစ်ကောင်စီကို ဘဏ္ဍာရေးပံ့ပိုးမှုဖြတ်တောက်ရန် အစိုးရအေဂျင်စီ ၇ ခုနှင့် ကုမ္ပဏီ ၁၂ ခုကို ဂျပန်နိုင်ငံသားများ တောင်းဆို
- စစ်ကောင်စီနဲ့ပူးပေါင်းရန် ကမ်းလှမ်းချက်ကို မန္တလေးအခြေစိုက် အရပ်ဖက်အဖွဲ့အစည်း ၁၁၆ ဖွဲ့က ငြင်းဆို
- ကနီမြို့နယ် ကင်းရွာသားတဦးကို စစ်တပ်ကပစ်သတ်၊ ၁ ရက်အကြာမှ အလောင်းပြန်လုယူပြီး သင်္ဂြိုလ်ခဲ့ရ
- မန္တလေးသံဃသပိတ်စစ်ကြောင်း ရက်ပေါင်း ၉၀ မြောက် ချီတက်ဆန္ဒပြ
- ထိုင်းနိုင်ငံဖက်ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ဘေးဒုက္ခသည်များ မြန်မာဖက်ပြန်လာ
- စစ်အာဏာရှင်ပြုတ်ကျရေးနှင့် စစ်ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း ရတနာပုံတက္ကသိုလ်ကျောင်းသားများ ချီတက်ဆန္ဒပြ
- နယ်စပ်ဒေသများက မော်တော်ဆိုင်ကယ်တင်သွင်းခွင့်ကို စစ်ကောင်စီပိတ်ပင်
- နတ်မောက်မြို့နယ်က ဒေသခံ ၇ ဦးကို စစ်တပ်က အကြမ်းဖက်ဖမ်းဆီး
- မင်းပြားမြို့နယ်တွင် လက်နက်ကြီးကျည်ကိုထုခွဲရာမှ ပေါက်ကွဲပြီး ၃ ဦးဒဏ်ရာရ
- ကနီမြို့နယ် ကျေးရွာများကို စစ်တပ်ကအငြိုးထားပြီး အကြမ်းဖက်ပစ်ခတ် ဖမ်းဆီးနေ
- တိုကျို၌ မြန်မာအပါအဝင် ၆ နိုင်ငံက တရုတ်ဆန့်ကျင်ရေး ဆန္ဒပြ
- ငါန်းဇွန်မြို့နယ်က NLD ပါတီဝင်တဦးကို စစ်တပ်ကဖမ်းဆီး
- မိုးကုတ်မြို့တွင် ဆယ်အိမ်မှူးအပါအဝင် ပြည်သူ ၁၁ ဦးကို စစ်တပ်ကအကြမ်းဖက်ဖမ်းဆီး
- စစ်ကိုင်းတိုင်း ပုလဲမြို့က သပိတ်ခေါင်းဆောင်တဦး ဖမ်းဆီးခံရ
- ကန့်ဘလူမြို့နယ် နေအိမ်များမှ ရွှေငွေများကို စစ်တပ်ကလုယက်သောင်းကျန်းနေ
- မန္တလေးမြို့တော်ပန်းစျေးက ဆိုင်ခန်းခများကို ခြိမ်းခြောက်တောင်းခံနေ
- မင်္ဂလာဒုံ၊ လမ်းမပေါ် We Want Democracy စာတန်းရေးသားနေစဥ် လူငယ်တဦး ဖမ်းဆီးခံရ
- မြင်းမူတွင် စစ်တပ်ကပစ်သတ်ခဲ့တဲ့ လူငယ်တဦး မိသားစုထံဆက်သွယ်မရသေး
- အကြမ်းဖက် ပစ်ခတ်ဖမ်းဆီးမှုများကြားက ရန်ကုန်၊ မန္တလေးအပါအဝင် နိုင်ငံအဝှမ်း စစ်အာဏာရှင်ပြုတ်ကျရေးနှင့် စစ်ကျွန်ပညာရေးစနစ် သပိတ်မှောက်ရေး ချီတက်ဆန္ဒပြ
- မြစ်ကြီးနား ၂၁မိုင်ဂိတ်တွင် လိုင်စင်မဲ့ကားများအားဖမ်းဆီး
- မေ ၈ထိ ကျဆုံးပြည်သူ ၇၇၆ဦး၊ဖမ်းဆီးထိန်းသိမ်းခံရဆဲ ၃၈၁၃ဦး
တိုက်ပွဲသတင်း
- RCSS နဲ့ SSPP စစ်ရေးတင်းမာနေလို့ စစ်ဘေးရှောင် ၃၀၀ ကျော် နေရပ်မပြန်နိုင်သေး
- အလော့ဘွမ်စခန်းဆီ ပြန်လည်ချီတက်လာတဲ့ စစ်ကြောင်းကို KIA ကြားဖြတ်တိုက်ခိုက်လို့ အကျအဆုံးများ
- KNU တပ်မဟာ ၅ နယ်မြေထဲ BGF တပ်သား ၆၀၀ ခန့်ရောက်နေဟု KNLA ဗိုလ်မှူးကြီး စောကလယ်ဒိုး ပြော
- KIA ကိုတိုက်ခိုက်ရန်နှင့် NLD ပါတီဝင်များကို ဖမ်းဆီးရန် ပူတာအိုရှိ ကြံ့ဖွံ့အဖွဲ့ဝင်များက ပြည်သူ့စစ်များထံ လက်နက်တောင်းဆို
- စစ်ကောင်စီလက်အောက်ခံ BGF နဲ့ KNLA တိုက်ပွဲဖြစ်ပြီး BGF တပ်သား ၁၁ ဦးသေဆုံး
- ကနီမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်တပ်တိုက်ပွဲပြင်းထန်ပြီး၊ စစ်ဘေးရှောင် ၂၀ ကျော်ဖမ်းဆီးခံရ
- ဖာပွန်ခရိုင်မှာ စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့လို့ ကရင်ရွာသားများ ထောင်နဲ့ချီ စစ်ဘေးတိမ်းရှောင်နေရ
- မြစ်ကြီးနားပညာရေးကောလိပ်အနီး ပေါက်ကွဲမှုများနဲ့ ပစ်ခတ်မှုများရှိနေ
- ပြည်တွင်း၊ ပြည်ပနဲ့ တိုင်းရင်းသားအင်အားစုတွေပေါင်းပြီး ဗမာ့အမျိုးသားတပ်မတော် Burma National Army ဖွဲ့စည်း
- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ချောက်မြို့နယ် ဖွဲ့စည်းကြောင်း ကြေညာ
- ကျွန်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းကြောင်းကြေညာ
- လောင်းရှည်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းကြောင်းကြေညာ
- စစ်ကောင်စီယန္တရားကို ပစ်မှတ်ထားတိုက်ခိုက်မည်ဟု အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် DRPA ထုတ်ပြန်ကြေညာ
- ပုဇွန်တောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စည်းကြောင်းကြေငြာ
- စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားနေသော ကနီမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့စည်းလိုက်ကြောင်း ကြေညာ
- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနဲ့ ဆက်သွယ်ဆောင်ရွက်မှုရှိဟု NUG အစိုးရ ကာကွယ်ရေးဝန်ကြီးပြော
- ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းကြောင်းကြေညာ
- ဂျပန်ရောက်မြန်မာများက NUG အစိုးရကိုထောက်ခံ ကြိုဆိုကြောင်း Mt. Hinode တောင်ပေါ်မှာ ဆန္ဒပြ
- အစ္စရေးနိုင်ငံရောက် မြန်မာများ NUG အစိုးရကို ထောက်ခံကြိုဆိုကြောင်း ချီတက်ဆန္ဒပြ
- ရာထူးမှထုတ်ပယ်ခံရသည့် CDM ဝန်ထမ်းများကို စစ်ကောင်စီက ၂ လစာချေးငွေပါ အကြွေးတောင်းခံနေ
- မင်းအောင်လှိုင်ကို ထောက်ခံပါက တပ်မတော်ပြိုကွဲမည်ဟု CDM တပ်မတော်သားများ သတိပေး
- စလေ ဓာတ်မြေသြဇာစက်ရုံ CDMဝန်ထမ်း ၂၄၇ဦးအလုပ်ထုတ်ခံရ
- တမူးတွင် မနေ့ညက ဒလန်အိမ်တွင်ဗုံးပေါက်ကွဲ
- လွိုင်ကော်စည်ပင်ရုံးအတွင်းပေါက်ကွဲမှုဖြစ်၊ တောင်ကွဲစေတီနားဗုံးတွေ့
- နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို သီးသန့်တရားရုံးတွင် လူတွေ့စစ်ဆေးမည်
- စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ ကဗျာဆရာခက်သီရဲ့စျာပနအခမ်းအနားကို ဇာတိမြေ ပုလဲမြို့တွင်ကျင်းပ
- မန္တလေးတပ်ပေါင်းစုသပိတ်စစ်ကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ
- သန်လျင် StarCity မှပြည်သူ ၁၄ ဦးဖမ်းဆီးခံရ၊ ၁ ဦး တိုက်ပေါ်မှပြုတ်ကျသေဆုံးခဲ့
- လှိုင်သာယာ၊ စစ်တပ်ကခန့်ထားတဲ့ ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဓားနဲ့ထိုးသတ်ခံရပြီး သေဆုံး
- ကမာရွတ်နဲ့ အလုံမြို့နယ်ကို စစ်တပ်ကဝင်ရောက်ဖမ်းဆီးပြီး ၉ ဦးခန့် အကြမ်းဖက်ဖမ်းဆီးခံရ
- ရန်ကုန်မြို့တွင် စုပေါင်းသပိတ်များ၊ ပျောက်ကြားသပိတ်များနဲ့ စစ်အာဏာရှင်ပြုတ်ကျရေး ချီတက်ဆန္ဒပြ
- ပုသိမ်တက္ကသိုလ်မှာ စစ်ကျွန်ပညာရေးလက်အောက် ကျောင်းသား ၁၁ ရာခိုင်နှုန်းခန့် ကျောင်းပြန်တက်နေ
- ထိုင်းနိုင်ငံထဲ တရားမဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၃၃ ဦးကို ထိုင်းအာဏာပိုင်များ ဖမ်းဆီး
- မိုးကောင်းမြို့တွင် ရပ်ကွက်များအတွင်း အကြမ်းဖက်စစ်တပ်က သေနတ်ပစ်ဖောက်သောင်းကျန်းနေ
- မိုးညှင်းမြို့နယ် ဆယ်အိမ်မှူးဟောင်းအပါအဝင် ၂ ဦး သေနတ်နဲ့ ပစ်သတ်ခံရ
- တော်လှန်ရေးကာလအတွင်း မသန်စွမ်းသူ ၁၃ ဦးခန့်ကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးချုပ်နှောင်ထား
- မိတ္ထီလာသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရပြီး ၁၅ ဦးဖမ်းဆီးခံရ
- ဖားကန့်၊ သပိတ်ခေါင်းဆောင်ဟု ယူဆရသူ ၁၂ ဦးကို စစ်တပ်က အကြမ်းဖက်ဖမ်းဆီး
- မန်တုံမြို့မ ရဲစခန်း ဝင်ရောက် ပစ်ခတ်ခံရ
- ရန်ကုန်ရွှေစျေး ၁၆ပဲရည်တစ်ကျပ်သား ၁၆သိန်းကျော်လာ
- မနေ့ညမုဒုံ CB Bankရှေ့ညအိပ်တန်းစီသူ ၉ဦးအဖမ်းခံရ
- မတူပီမြို့ဝင်ဂိတ်များတွင် ရပ်ကျေးထောက်ခံစာပါ/မပါ စစ်တပ်မှစစ်ဆေးနေ
- မေ ၉အထိ ကျဆုံးပြည်သူ ၇၈၀ဦး၊ဖမ်းဆီးထိန်းသိမ်းခံရဆဲ ၃၈၂၆ဦး
မြင်းခြံ
- မြင်းခြံမြို့ နေရာအနှံအပြား (စုစုပေါင်း ၉နေရာ)တွင် ပေါက်ကွဲမှုများဖြစ်
- စစ်ကောင်စီတပ်များ တလုပ်မြို့သို့ အင်အားအများအပြားဖြင့် သွားရောက်ပစ်ခတ်၊ ရွာမှ သက်ကြီးရွယ်အိုကလေးသူငယ်နှင့် အမျိုးသမီးများ ဘေးလွတ်ရာသို့ ရှောင်နေရ၊ ရွာသားများမှ ပြန်လည်ခုခံ၍ စကစ စခ ၁ယောက် သေ၊ ၂ယောက်ဒဏ်ရာရ၊ ပြည်သူ ၂ဦးလက်မောင်းကျည်ထိမှန်၊ ညနေပိုင်းတွင် ပစ်ခတ်မှုခတ္တနား၍ စကစမှ အင်းအားဖြည့်ကာ ၆:၃၀ ခန့်တွင်ပြန်လည်ပစ်ခတ်နေ၊ အခြေအနေမသိရသေးပါ။
- ၁၃၂ ကေဗွီ စွန်းလွန်းခွဲရုံ အတွင်းရှိ ၃၃ ကေဗွီ မြင်းခြံ-၂ လိုင်း အထွက် လိုင်းD/S ရှိ R Phase RedHot ဖြစ်နေပါသဖြင့် မြင်းခြံမြို့ မြောက်ခြမ်းရှိ ရပ်ကွက်နှင့်ကျေးရွာ များယာယီ ဓာတ်အား ၁ နာရီခန့် ပြတ်တောက်နေကြောင်း၊လုပ်ငန်းဆောင်ရွက်နေချိန် အတွင်း အခက်အခဲ များရှိနေခြင်းကြောင့် ဓာတ်အားပြတ်ချိန် ကြာမြင့်ခြင်းနေရကြောင်း မြင်းခြံမြို့နယ်လျှပ်စစ်မှအသိပေးထား
- မြင်းခြံခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ
- မြို့သိမ်းတိုက်ပွဲများ စတင် ဆင်နွှဲရန် ဖိတ်ခေါ်ခြင်း စာတစောင်ထုတ်ပြန်ထား
- (Update) ပြည်သူဖက်မှ ၁ဦး ခြေထောက်ကျည်ထိမှန် ဒဏ်ရာရ၊ စစ်ကောင်စီမှ တလုပ်မြို့အဝင်မုခ်ဦးနှင့်လျှပ်စစ်ခွဲရုံကြားတွင် အထိုင်ချနေဟု သိရသည်။အင့်အား၂၀၀ခန့်ဟု ခန့်မှန်းသိရှိရ။
- မံစီမြို့နယ်က စစ်စခန်းနှစ်ခုကို KIA က ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေ
- မံစီမြို့အနီးတဝိုက်ကို စစ်တပ်က လက်နက်ကြီးများပစ်ခတ်ပြီး သောင်းကျန်းနေ
- စစ်သားများလိုက်ပါလာသည့် သင်္ဘောတစီး ရွှေကူမြို့နယ်မှာ ပစ်ခတ်ခံရ
- အလော့ဘွမ်တောင်ခြေ၊ ဒေါ့ဖုန်းယမ်မြို့အနီးတွင် KIA နှင့် စစ်တပ် တိုက်ပွဲဖြစ်ပွား
- ကနီမြို့နယ်တွင် တိုက်ပွဲ ၁၄ ကြိမ်ခန့်ဖြစ်ပွားပြီး စစ်သား ၄၀ ကျော်သေဆုံးခဲ့
- တန့်ဆည်တွင် ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်တပ်တိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦးသေ၊ ဒဏ်ရာရသူများပြား
- အကျဆုံးများနေတဲ့ စစ်တပ်က ကချင်ပြည်နယ်ထဲကို စစ်အင်အားအလုံးအရင်း ထပ်မံဖြည့်တင်း
- မိုးမောက်မြို့နယ်တွင် KIA နှင့် စစ်တပ် ယနေ့မနက်ပိုင်းကစပြီး တိုက်ပွဲပြင်းထန်နေ
- ရွှေကူအနီး စစ်တပ်ရိက္ခာပို့သင်္ဘော ပစ်ခံရ
- -တပ်မဟာ၊ တိုင်းစစ်ဌာနချုပ်နှင့် တပ်ရင်းများဖွဲ့စည်းထားဟု NUG အစိုးရ ကာကွယ်ရေး ဒုဝန်ကြီးပြော
- -ဘိုကလေးဆေးရုံပြန်ဖွင့်ရန်ကြိုးစားသူများကို ပျောက်ကြားတပ်ဖွဲ့ကသတိပေး
- -ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရွှေဘို ဖွဲ့စည်းကြောင်းကြေညာ
- -စစ်ကိုင်းနှင့် ဆောမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်များ ဖွဲ့စည်း
- -ဆိပ်ဖြူမြို့နယ် ပညာရေးမှူးအပါအဝင် ပညာရေးဝန်ထမ်း ၁၆ ဦး ထုတ်ပယ်ခံရ
- -သိန္နီနဲ့ မိုင်းရယ်မြို့နယ်က လက်ထောက်ပညာရေးမှူးအပါအဝင် ၁၀ ဦး ထုတ်ပယ်ခံရ
- -ဝေါမြို့နယ်က CDM ဝန်ထမ်း ၄ ဦးကို စစ်တပ်ကဖမ်းဆီး
- -CDM ဝင်နေတဲ့ တောအုပ် ၇ ဦးကို ရာထူးမှထုတ်ပယ်ပြီး အကြွေးနှင့် လျော်ကြေးငွေဆယ်သိန်းပါတောင်းနေ
- -ပဲခူးမြို့နယ်တွင် CDM ပညာရေးဝန်ထမ်းပေါင်း ၆၅၀ နီးပါးရှိ
- -CDM ဝန်ထမ်းများအပေါ် ဖိအားပေးခြိမ်းခြောက်နေသည့် ဝန်ကြီးဌာနအသီးသီးမှ အရာရှိ ၁၀ ဦးကို NUG အစိုးရက ရာထူးမှထုတ်ပယ်
- -ရှမ်းပြည်နယ်တောင်ပိုင်းကိုယ်စားပြု အမျိုးသားညီညွတ်ရေးအစိုးရ SSNUG ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ကြေညာ
- -ဝိုင်းမော်မြို့နယ် ပညာရေးမှူးရုံးအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား
- -ဒေါပုံမဟာဗန္ဓုလတံတားအနားဗုံးပေါက်ကွဲသံပြင်းထန်ဟုဆို
- စစ်ကောင်စီ၏ရက်စက်ယုတ်မာမှုများ
- -နမ္မတီးမြို့တွင် ပြည်သူတဦးကို စစ်တပ်ကအကြောင်းမဲ့ပစ်သတ်၊ ၃ ဦးဒဏ်ရာရ
- -မိုးညှင်းမြို့နယ်မှာ လူငယ် ၃ ဦးကို စစ်တပ်ကအကြောင်းမဲ့ဖမ်းဆီး
- -ဟိုပင်မြို့နယ်တွင် တိမွေးကုဆရာဝန်တဦးကို စစ်တပ်က သတ်ဖြတ်ပြီး အလောင်းကို လမ်းဘေးပစ်သွား
- -မိုင်းဖြတ်မြို့တွင် စဖရကဟုဆိုကာ ၁၇ နှစ်အရွယ်လူငယ်တဦးကို ဖမ်းဆီး
- -နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို မေ ၂၄ ရက်မှာ ရုံးထုတ်စစ်ဆေးမည်
- -DVB သတင်းထောက် ၃ ဦး ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရ
- -မန္တလေး၊ မြရည်နန္ဒာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမီးလောင်ပြာကျ
- -မန္တလေး၊ မြရည်နန္ဒာရာအိမ်မှူးဟောင်းကို စစ်တပ်ကဖမ်းဆီး
- -မုံရွာစက်မှုဇုန်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမီးလောင်ပြာကျ
- -မိုးကုတ်တွင် စစ်တပ်လုံခြုံရေးယူပြီး အုပ်ချုပ်ရေးမှူးရုံးပြန်ဖွင့်
- -ထားဝယ်တပ်ပေါင်းစုသပိတ် ပစ်ခတ်ဖြိုခွင်းခံရပြီး ၁၁ ဦးခန့်ဖမ်းဆီးခံရ
- -မြိုင်မြို့နယ် အခြေခံပညာကျောင်းသားများ စစ်ကျွန်ပညာရေးအလိုမရှိကြောင်း ချီတက်ဆန္ဒပြ
- -KNU ဥက္ကဌ စောမူတူးစေးဖိုး၏ ထုတ်ပြန်ချက်အပေါ် ကရင်လူငယ်အဖွဲ့အစည်းများ ကန့်ကွက်ရှုတ်ချ
- -ဖားကန့်၊ ကြံ့ဖွံ့ပါတီဝင် စစ်မှုထမ်းဟောင်းဖြစ်သူ အုပ်ချုပ်ရေးမှူးတဦး ဓားဒဏ်ရာ၊ သေနတ်ဒဏ်ရာများနဲ့ သေဆုံး
- -ဖမ်းဆီးခံ DVB သတင်းထောက်များ မြန်မာပြည်ပြန်မပို့ရန် ထိုင်းအခြေစိုက် နိုင်ငံတကာသတင်းထောက်များ တိုက်တွန်း
- -မြန်မာပြည်သူများနှင့်အတူ ဆက်လက်ရပ်တည်ကြောင်း ကုလကြေညာ
- -ကိုဗစ်ရောဂါဆိုးရွားနေလို့ ထိုင်းကမြန်မာတွေ နေရပ်ပြန်ဖို့အခက်ကြုံ
- -မလေးရှားကနေ တရားမဝင်ပြန်လာတဲ့ မြန်မာ ၁၀ ဦးကို ထိုင်းကဖမ်းဆီး
- -နမ္မတီးတွင် လက်မောင်းကျည်ထိမှန်ထားတဲ့လူငယ် အသက်အန္တရာယ်စိုးရိမ်ရ
- -ရှမ်းလက်နက်ကိုင်များ အချင်းချင်းပူးပေါင်းပြီး ပြည်သူ့ဖက်ကရပ်တည်ဖို့ ဟိုပုံးဒေသခံပြည်သူများ တောင်းဆို
- -ညမထွက်ရအမိန့်ချိုးဖောက်သည်ဟုဆိုကာ တာချီလိတ်က လူငယ် ၁၅ ဦးကို ထောင်ဒဏ် ၁ လစီချမှတ်
- -အာဆီယံဥက္ကဌ ဘရူနိုင်းဘုရင်နှင့် အထွေထွေအတွင်းရေးမှူးချုပ်တို့ မြန်မာနိုင်ငံလာရောက်ဖွယ်ရှိ
- -KNUဥက္ကဋ္ဌ၏ထုတ်ပြန်ချက်သည် ၎င်း၏ပုဂ္ဂလိကအမြင်သာဖြစ်ဟု ဒုဥက္ကဋ္ဌဆို
- အထူး- အာဏာသိမ်းရက်၁၀၀
- -ကလေး ၅၂ဦးအပါပြည်သူ ၇၈၀ကျော်ကျဆုံး
- -မသန်စွမ်း ၁၃ဦးအပါ ၃၈၀၀ကျော်ထိမ်းသိမ်းခံရ
- -၁၅၆၀ ကျော်ဝရမ်းပြေးဖြစ်နေ
- -စစ်ရှောင်ထောင်ချီရှိ
- -၅၀၅ကနဲ့ဝရမ်း၉၈၁စောင်ကြေညာခဲ့ လူထပ်/အမှားတွေအများအပြားပါဝင်
- -CDMဝန်ထမ်းထောင်ချီတာဝန်ကနေရပ်နားခံရ
- -သတင်းဌာန ၈ခုလိုင်စင်သိမ်းခံရ၊ အချို့ရပ်နားထားရ
- -အင်တာနက်ပိတ်ခံရ
- -ရွှေ ၁၃သိန်းဝန်းကျင်မှ၁၆သိန်းကျော်ဖြစ်
- -ဒေါ်လာ ၁၃၀၀ ဝန်းကျင်မှ၁၇၀၀ကျော်ဖြစ်
- -92ဓာတ်ဆီ ၆၅၀ ဝန်းကျင်မှ၉၆၀ကျော်ဖြစ်
- -ATM/ဘဏ်များတွင် လူရာချီနေ့စဉ်တန်းစီလျက်ရှိ
- -ဘဏ်ကငွေဖော်ဖို့ ၁၀%လောက်အထိပေးရတဲ့မှောင်ခိုဈေးကွက်ဖြစ်ပေါ်
PDF & NUG
- NUG အစိုးရနဲ့ သြစတေးလျထိပ်ပိုင်းခေါင်းဆောင်များ စတင်ဆွေးနွေး
- ဖျာပုံမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာ
- ဘိုကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့စည်းကြောင်းကြေညာ
- မော်လမြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့စည်းကြောင်း ကြေညာ
- စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေသည့် ဒလန်၊ သူလျှိုနှင့် သတင်းပေးများကို CDF က သတိပေးချက်ထုတ်
- ဆောနယ်နဲ့ ကန်ပက်လက်မှာ ပြည်သူများခရီးသွားလာခြင်းမပြုကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတိပေး
- ဝမ်းတွင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စည်းကြောင်း ကြေညာ
- တံတားဦးမြို့နယ် ပညာရေးမှူးက CDM ဆရာ/မများကျောင်းပြန်တက်ရန် ဖိအားပေးခြိမ်းခြောက်
- တိုက်ပွဲသတင်း
- မင်းတပ်မြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်တပ်တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လက်နက်ကြီးသုံးနေ
- ချောင်းဦးမြို့နယ်တွင် ဒေသခံပြည်သူများနှင့် စစ်တပ် အပြန်အလှန်ပစ်ခတ်နေ၊ ပြည်သူတဦး ဖမ်းဆီးနှိပ်စက်ခံရ
- မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ AGD ဘဏ်အနီးမှာ လက်လုပ်ဗုံးပေါက်ကွဲ
- စစ်ကိုင်းတိုင်း မြောင်မြို့က ရဲစခန်းနှစ်ခု ဗုံးပေါက်ကွဲမှုများဖြစ်ပွား
- စစ်ကိုင်းမြို့ ကညနရုံး၊ လူမှုဖူလုံရေးနဲ့ အထကကျောင်းမှ ဗုံးပေါက်ကွဲမှုများဖြစ်ပွား
- တောင်ကြီးမြို့ မိန်းလမ်းမကြီးပေါ်က ရွှေဝါစတိုးရှေ့ ဗုံးပေါက်ကွဲ၊ လူထိခိုက်မှုမရှိ
- စမ်းချောင်းမြို့နယ်၊ မဟာမြိုင်မှတ်တိုင်အနီးတွင် ယနေ့နံနက်ပိုင်းက ဗုံးပေါက်ကွဲ
- ထားဝယ်တွင် ဒလန်ဟုသတ်မှတ်ခံထားရသူနေအိမ် ဗုံးပေါက်ကွဲပြီး တဦးသေဆုံး
- တောင်ဒဂုံ၊ စစ်ကောင်စီကခန့်ထားတဲ့ ၂၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးနေအိမ် ဗုံးနှစ်လုံးပေါက်ကွဲ
- မြင်းမူမြို့၊ မြန်မာ့စီးပွားရေးဘဏ် ဗုံးပေါက်ကွဲ တဦးဒဏ်ရာရ
- ရေနံချောင်း မြန်မာ့စီးပွားရေးဘဏ်နဲ့ မြို့နယ်ထွေအုပ်ရုံးအနီး ဗုံးပေါက်ကွဲ
- စစ်ကောင်စီ၏ရက်စက်ယုတ်မာမှုများ
- ဘားအံနည်းပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ထောင် ၂နှစ်ချမှတ်ခံရ
- ချောင်းဦးရှိရွာတရွာကို စစ်တပ်မှအင်အားလွန်သုံးချေမှုန်း ရွာခံများဘေးလွတ်ရာပြေးရ
- ဟားခါးတွင် စစ်တပ်ကဖမ်းဆီးသွားသည့် ပြည်သူ ၂ ဦးသေဆုံး၊ ရောဂါကြောင့် သေဆုံးဟု စစ်ကောင်စီလိမ်ညာထုတ်ပြန်
- မြေတော်ကျေးရွာတွင် စစ်တပ်ကဝင်ရောက်ရှာဖွေနေပြီး ပစ်ခတ်ရိုက်နှက်သောင်းကျန်းနေ
- သရက်ချောင်းမြို့နယ်မှာ စစ်ကျွန်ပညာရေးအလိုမရှိ သရုပ်ပြခဲ့သူ ၁၀ တန်းကျောင်းသား ၂ ဦးကို စစ်တပ်က ဖမ်းဆီး
- ချောက်မြို့နယ် ကျောင်းသားသမဂ္ဂကွန်ယက်အဖွဲ့ဝင် လူငယ်နှစ်ဦးကို စစ်တပ်ကဖမ်းဆီး
- မနက်က ချောက်မြို့အနီးရစ်ချ်စတာစကေး ၄.၅အဆင့်ရှိငလျင်လှုပ်
- ယနေ့ပတ်စပို့စ်ရုံးပြန်ဖွင့်၊လာလျှောက်သူရာချီရှိ
- လွိုင်ကော်သပိတ်စစ်ကြောင်းဖြိုခွင်းခံရပြီး ၁၂ အရွယ်ကလေးတဦးအပါအဝင် ၁၃ ဦးဖမ်းဆီးခံရ
- ထားဝယ်သပိတ်စစ်ကြောင်း ဖမ်းဆီးခံသူများထဲက အသက်မပြည့်သေးတဲ့ လူငယ် ၃ ဦးပြန်လွတ်
- ရွှေဘိုမြို့ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး မီးလောင်
- ထားဝယ်၊ နဘုလယ်ကျေးရွာ အရုဏ်ဦးသပိတ် ဖြိုခွင်းခံရပြီး ပြည်သူ ၄ ဦးဖမ်းဆီးခံရ
- ရခိုင်၊ တောင်ကုတ်မြို့နယ် NLD ပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ၂ ဦးကို စစ်တပ်ကဖမ်းဆီး
- ကနီမြို့ စစ်ဘေးရှောင်ပြည်သူများ ကျန်းမာရေးအကူအညီလိုအပ်နေ
- နေပြည်တော်၊ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ၄ ဦးဖမ်းဆီးခံရ
- စစ်ကောင်စီရဲ့ UEC နှင့် နိုင်ငံရေးပါတီများ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးမည်
- မိုးကုတ်မြို့နယ် ကင်းရွာက ဖမ်းဆီးခံပြည်သူ ၂၀ ဦး ပြန်လည်လွတ်မြောက်လာ
- မေ ၁၂ထိ ကျဆုံးပြည်သူ ၇၈၅ဦး၊ ဖမ်းဆီးခံရဆဲ ၃၈၈၅ဦး
- (မနေ့က သတင်းအကျဉ်းချုပ်အား တင်ပေးနိုင်ခြင်းမရှိခဲ့ပါ။ )
မင်းတပ်မြို့သတင်း
- 14.5.2021 (14:25pm)
- မင်းတပ်မြို့အရှေ့ဘက်ခြမ်းနှင့် အနောက်
- ဘက်ခြမ်းတိုက်ပွဲဆက်နေပါတယ်။အရှေ့ဘက်တွင် ရဲစခန်း၊ အနောက်ဘက်တွင် ၂၇၄ တပ်ရင်းတို့မှ စနိုက်ပါများ၊ မောင်းပြန်များနှင့် ပစ်ခတ်မှုများကြောင့် တိုက်ပွဲတွင်းဒဏ်ရာရပြည်သူများကို သယ်ယူခြင်းလုပ်ငန်း၊ထောက်ပို့လုပ်ငန်းဆောင်ရွက်နိုင်ခြင်း မရှိပါ။မြို့တွင်းမှာလည်း လက်နက်ကြီးများနဲ့ ကြုံရာကျပန်း ပစ်ခတ်မှုများ၊ စနိုက်ပါများနဲ့ လမ်းသွားလမ်းလာများကို ပစ်ခတ်မှုများကြောင့်ပြည်သူတို့ရဲ့အသက်အိုးအိမ် လုံခြုံမှု မရှိတော့ပါ။
- မင်းတပ်၊ခွဲရုံမှူး အင်ဂျင်နီယာတစ်ဦး ကျည်ထိမှန်ကျဆုံး
- ဒဂုံတက္ကသိုလ် နားနေဆောင်၂အနီးဗုံးပေါက်၊ ကျောင်းတက်သူများ အပြင်ထွက်ခွင့်မရ
- ဒဂုံတက္ကသိုလ်ပေါက်ကွဲမှု ကျောင်းတက်နေသည့်ကျောင်းသားနှင့် သူငယ်ချင်း၂ဦးကို ဖမ်းဆီး
- မိုးမောက်ထွေအုပ်ရုံး မြို့နယ်မှူးနှုတ်ဆက်ပွဲဗုံးပေါက် ၄ဦးထိ
- တောင်ကြီးနည်းပညာတက္ကသိုလ်အနီးဗုံး ၂လုံးပေါက်၊ ၁ဦးပြင်းထန်ဒဏ်ရာရ
- ကျောက်ပန်းတောင်းမြို့မှာ ယမန်နေ့က လက်လုပ်ဗုံး ၄ လုံးပေါက်ကွဲ
- စစ်ကောင်စီတပ်စွဲထားတဲ့ တွံတေးမြို့က အထကကျောင်းမှာ ဗုံးပေါက်ကွဲမှုဖြစ်
- စစ်တပ်ကလုံခြုံရေးယူထားတဲ့ မြစ်ကြီးနား KBZ ဘဏ်ရှေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ စစ်သားတဦးဒဏ်ရာရ
- ရန်ကုန်၊ ထောက်ကြန့် က.ည.န ရုံးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ အမျိုးသမီးတဦး ဒဏ်ရာရ
- သင်္ကန်းကျွန်းမြို့နယ် ဆယ်သိန်းရပ်ကွက်အုပ်ချုပ်ရေးမှူး၏ကား ဗုံးပေါက်ကွဲ
- မတ္တရာမြို့နယ် အမှတ် ၂ မြို့သစ်ကျောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲ
- မိုးကုတ်မြို့၊ စည်ပင်ရုံးအနီးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွား
- ရေးမြို့က အငြိမ်းစားဗိုလ်မှူးတဦးအိမ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ဒဏ်ရာရ
- နေ့လည်က မန္တလေးမြရည်န္ဒာအိမ်ယာ၌ ပါဆယ်ဗုံးပေါက်၊ ၂ဦးဒဏ်ရာရ
- မန္တလေးတွင် ၇နာရီမှ ၇နာရီ ၁၅မိနစ်အတွင် ဗုံး ၁၅ကြိမ်ပေါက်
- မန္တလေးတိုင်း၊ NLD အတွင်းရေးမှူးကို စစ်ကောင်စီက အမှုတခုထပ်တိုး
- မနေ့က ရေနံချောင်းတွင်အလွတ်သတင်းထောက် ၁ဦးဖမ်းဆီးခံရ
- ရန်ကုန်တိုင်းမှ ကျောင်းအုပ်(ထက်/လယ်) ၅၉ဦး တာဝန်မှ ယာယီရပ်နားခံရ
- ဝေဖန်ခံနေရသည့်မြန်မာဘောလုံးအသင်း လူမစုံဘဲ ဂျပန်သို့သွားမည်
- ချင်းပြည်နယ် မတူပီမြို့တွင် လူငယ်တဦးကို စစ်ကောင်စီကဖမ်းဆီးသွား
- ပခုက္ကူမှာဖမ်းဆီးခံခဲ့ရတဲ့ ဗကသကျောင်းသားနှစ်ဦး ထောင် ၃ နှစ်စီချမှတ်ခံရ
- မန္တလေး ဆန္ဒပြပွဲမှာဖမ်းဆီးခံခဲ့ရတဲ့ ကျူရှင်ဆရာတဦး စစ်ဆေးရုံမှာ ကွယ်လွန်
- မြဝတီမှာစကစခန့်ရပ်ကျေးဥက္ကဌတစ်ဦးအသတ်ခံရ
- ရန်ကုန်လူဦးရေ ၆သိန်းခန့် စားနပ်ရိက္ခာအတွက် ဒေါ်လာ ၄သန်းကိုWFPကတဆင့် ဂျပန်ပေးအပ်
- ထိုင်းမှာမြန်မာလုပ်သား ရာဂဏန်းထိCOVIDကူးစက်နေ
- မင်္ဂလာဒုံမြို့နယ်က ဆရာ/မ ၁၀၀ ကျော် အလုပ်မှထုတ်ပယ်ခံရ
- ပခုက္ကူမြို့က CDM မီးရထားဝန်ထမ်း ၅၈ ဦး တာဝန်မှယာယီရပ်ဆိုင်းခံရ
- ဧရာဝတီတိုင်း ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနက CDM ဝန်ထမ်း ၈၁ ဦး အလုပ်ထုတ်ပယ်ခံရ
- လွိုင်ကော်၊ နာနတ်တောရပ်ကွက်က ဖမ်းဆီးခံပြည်သူ ၁၄ ဦးအနက် ၅ ဦးပြန်လည်လွတ်မြောက်လာ
- မီတာခမဆောင်ရင် မီးဖြတ်မယ်လို့ အကြမ်းဖက်စစ်တပ်ကောင်စီ ခြိမ်းခြောက်နေ
- လားရှိုးပညာရေးဒီဂရီကောလိပ် ယာယီအုပ်ချုပ်ရေးကောင်စီဖွဲ့စည်း
- ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာတွင် တာဝန်ကျသည့် စစစ (စုံစမ်းစစ်ဆေးရေး) ၁ဦး အသတ်ခံရ
- စစ်တပ်၏အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးမှုများကြားက နိုင်ငံအဝှမ်း စစ်အာဏာရှင်ပြုတ်ကျရေးနှင့် စစ်ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း ချီတက်ဆန္ဒပြ
- မံစီမှာ လေယဥ်နဲ့ပစ်ခတ်နေ
- မနေ့က ကျောက်ထု-ပခုက္ကူလမ်းပိုင်းမှာ ပစ်ခတ်မှုဖြစ်
- မနေ့က KNU တပ်မဟာ ၅ နယ်မြေတွင် BGF နဲ့ စစ်တပ် အချင်းချင်းမှားယွင်းပစ်ခတ်မိပြီး BGF ၁၂ ဦးနှင့် စစ်သား ၃ ဦးသေဆုံး
- KNU တပ်မဟာ ၅ နှင့် စစ်တပ်တိုက်ပွဲဖြစ်ပြီး စစ်သား ၉ ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရ
- မံစီမြို့နယ် မဒန်ယာန်ကျေးရွာမှာ KIA နှင့် စစ်တပ်တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းကပါစစ်ကူနေ
- မင်းတပ်တိုက်ပွဲအရှိန်မြင့်လာ၊ CDF ၂ဦးကျ၊ စ်တပ်ဘက်အကျအဆုံးမသိရ၊ ပုန်းခိုကျင်းတူးထားဖို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အရေးပေါ်ထုတ်ပြန်
- ပခုက္ကူ - ကျောက်ထုလမ်းမှာ ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်တပ်တိုက်ပွဲဖြစ်နေ၊ စစ်သားတဦးသေ ၄ ဦးဒဏ်ရာရ
- ကန်ပက်လက်မြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်တပ်တိုက်ပွဲဖြစ်ပွား
- ဆော - ဆိပ်ဖြူလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်တပ်တိုက်ပွဲဖြစ်ပွား
တိုက်ပွဲ
- မိုးမောက် စလောင်းကုန်းမှာ စကစနဲ့ KIA တိုက်ပွဲထပ်မံပြင်းထန်နေ
- သိန္နီနှင့်ကွတ်ခိုင်ကြားတွင် စကစနှင့် KIAပစ်ခတ်မှုဖြစ်
- မင်းတပ်၊ ကလေး၊ ဂန့်ဂေါမှာ ညအချိန်ဒရုန်းတွေသုံးပြီးထောက်လှမ်း
- မင်းတပ်၊ ဖမ်းဆီးခံပြည်သူများကို စစ်တပ်ကလူသားဒိုင်းပြုလုပ်ပြီး မြို့တွင်းဝင်လာ
- မင်းတပ်ပြည့်သူ့ကာကွယ်ရေးတပ်က စစ်ကား ၆ စီးကိုတိုက်ခိုက်ဖျက်ဆီးပြီး လက်နက်များသိမ်းဆည်း
- မင်းတပ်မြို့ထဲကို စစ်တပ်က လက်နက်ကြီးများဖြင့် ၁၅ ကြိမ်ထက်မနည်းပစ်ခတ်
- မင်းတပ်၊ လက်နက်ကြီးများနှင့်ပစ်ခတ်လို့ ထွက်ပြေးတိမ်းရှောင်သူ ၁၅ ဦးကို စစ်တပ်ကဖမ်းဆီး၊ နေအိမ်များပျက်စီး
- မင်းတပ်တွင် အခြေအနေဆိုးရွားနေပြီး အမျိုးသားမှန်သမျှဖမ်းဆီး၊ ကလေးများဒဏ်ရာရထား
- CDFနောက်ဆုတ်ပေးလိုက်ရ၊ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်ရန် NUGထုတ်ပြန်
- ဝက်လက်မြို့နယ် CDM ပညာရေးဝန်ထမ်း ၅၀၀ ကျော် တာဝန်မှယာယီရပ်ဆိုင်းခံရ
- ဆေးဝါးစက်ရုံက CDM ဝန်ထမ်း ၂၀၀ ကျော် အလုပ်မှထုတ်ပယ်ခံရ
- မုဒုံမြို့နယ်က CDM ပညာရေးဝန်ထမ်း ၂၀၀ ကျော် တာဝန်မှရပ်ဆိုင်းခံရ
- ပေါင်မြို့နယ်က CDM ပညာရေးဝန်ထမ်း ၄၄၁ ဦးတာဝန်မှ ယာယီရပ်ဆိုင်းခံရ
- လားရှိုးနဲ့ ပြင်ဦးလွင် မီးရထားစက်ရုံက CDM ဝန်ထမ်းပေါင်း ၁၀၃ ဦး အလုပ်ထုတ်ပယ်ခံရ
- တောင်ကြီး၊ အေးသာယာမြို့နယ် ပေါက်ကွဲမှု TPDF ကပြုလုပ်ခဲ့ပြီး စစ်တပ်ဖက်ကတဦးသေဆုံး
- မန္တလေးမြို့တွင် ဗုံးပေါက်ကွဲမှုများ ၁၀ နေရာထက်မနည်း ဖြစ်ပွားခဲ့
- ဒေါပုံမြို့နယ်၊ စစ်တပ်တပ်စွဲထားတဲ့အားကစားရုံအနီးမှာ ပေါက်ကွဲမှုဖြစ်
- ရွှေကူမြ်ို့နယ်က လောင်းကစားဝိုင်းတခုကို အမည်မသိအဖွဲ့တခုက မိုင်းခွဲတိုက်ခိုက်
- မြောက်ဥက္ကလာ၊ စစ်တပ် တပ်စွဲထားတဲ့ ထွေအုပ်ရုံးအနီး ဗုံးပေါက်ကွဲပြီး ဒဏ်ရာရသူများရှိ
- ကမာရွတ်မြို့နယ် အထက (၅) ကျောင်းဝင်းအတွင်းက ဗုံး ၆ လုံးတွေ့
- NUGကို အသိအမှတ်ပြုရန်နှောင့်နှေးလေ ပြည်တွင်းစစ်ပိုကြီးမားနိုင်လေဟု ASEANကို Dr.ဆာဆာ သတိပေး
- သိန္နီနဲ့ ကွတ်ခိုင်ကြားမှာ KIA နှင့် စစ်တပ်တိုက်ပွဲဖြစ်ပွား
- NLD နာယကဦးဝင်းထိန်ကို ထောင်တွင်းတရားခွင်ပြုလုပ်စစ်ဆေး
- မနေ့က ကျောက်ထုကို ကုန်တင်လေယာဉ်နဲ့ ရဟတ်ယာဉ် ၆ကြိမ်ဆင်း
- ဟားခါး ပြည်သူ့ကာကွယ်ရေးတပ်က ရဲအရာရှိ ၃ ဦးနှင့် ဒလန်တဦးဖမ်းဆီးထားပြီး ဖမ်းဆီးခံပြည်သူများနှင့် အလဲအလှယ်လုပ်မည်
- ကချင်ပြည်နယ် ဗန်းမော်သာသနာနယ်မှ ကက်သလစ်ဘုန်းတော်ကြီးတစ်ဦးကို စစ်တပ်ကဖမ်းဆီး
- ရွှေဘိုမြို့၊ မီးသတ်စခန်းအနီးက စည်ပင်သာယာစျေးကြီး မီးလောင်
- ရွှေဘိုစျေးမီးလောင်မှု စစ်ကောင်စီလက်ချက်ဖြစ်ကြောင်း ရွှေဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်
- ရန်ကုန်၊ သပိတ်စစ်ကြောင်း လူစုခွဲချိန်မှာ စစ်တပ်က ဆိုင်ကယ်များနဲ့လိုက်လံဖမ်းဆီး၊ ၅ ဦးဖမ်းခံရ
- မန္တလေး၊ ဇီဝိတသံဃာ့ဆေးရုံက ဒဏ်ရာရသူ ၁ ဦးအပါအဝင် ဆရာဝန်နှင့် သူနာပြုများကို စစ်တပ်ကဖမ်းဆီး
- အကြမ်းဖက်စစ်ကောင်စီက လယ်/စိုက်ချေးငွေပြန်ဆပ်ဖို့ ဖိအားပေးလို့ တောင်သူများအခက်ကြုံ
- ရေနံချောင်းတက္ကသိုလ်ရှိ ကျောင်းသား ၉၀၀ ကျော်အနက် ၁၀၀ ကျော် ကျောင်းတက်နေ
- စစ်တပ်ကိုကူညီနေတဲ့ ဒလန်များကို ချမ်းမြသာစည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးချက်ထုတ်
- တိုင်းရင်းသားလက်နက်ကိုင်များ ညီညွတ်ပါက စစ်အာဏာရှင်ဖြုတ်ချနိုင်ဟု KNU ဒုဥက္ကဌဟောင်းပြော
- ဆော-ဆိပ်ဖြူလမ်းပိုင်း၊ ပခုက္ကူ-ကျောက်ထုလမ်းပိုင်းများမှာ လုံခြုံရေးအရ သွားလာခြင်းမပြုကြဖို့ ဆော PDF ထုတ်ပြန်
- ကနီမြို့နယ်က ဖမ်းဆီးခံရသူ ၁၀ ဦးခန့် ပြန်လည်လွတ်မြောက်လာ
- ဘုရားသုံးဆူမြို့က ဆန္ဒပြအမျိုးသမီးနှစ်ဦးကို စစ်တပ်က အကြမ်းဖက်ဖမ်းဆီး
- မုံရွာမြို့က ကဗျာဆရာဦးစိန်ဝင်း စစ်ဘေးရှောင်များအတွက် အလှူငွေကောက်ခံနေစဉ် ဓာတ်ဆီလောင်းမီးရှို့သတ်ဖြတ်ခံရ
- ဖမ်းဆီးခံရသူသတင်းထောက် ဂျပန်နိုင်ငံပြန်ရောက်၊ မြန်မာပြည်အကြောင်း ကမ္ဘာကိုဖြန့်မည်ဟုဆို
- ရန်ကင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ပြည်သူများကို လိုက်လံဖမ်းဆီးနေ
- ည၈:၁၅မှ၈:၃၀အထိ မီးပိတ်သပိတ် ယနေ့ညစတင်
တိုက်ပွဲသတင်း
- ဒီမနက် မင်းတပ်မှာ စကစတပ်တွေကတွေ့ရာလိုက်လံပစ်ခတ်နေ
- အာဏာသိမ်းပြီးနောက် စကစနဲ့ KIAကြား တိုက်ပွဲပေါင်း ၁၄၀ ခန့်ဖြစ်
- ရွှေကူမှာ စစ်သားတွေစီးနင်းလာတဲ့ သင်္ဘောကို KIA က တတိယအကြိမ်ပစ်ခတ်တိုက်ခိုက်
- ကလေးမြို့တွင် ည၇နောက်ပိုင်းမလိုအပ်ဘဲသွားလာခြင်းမပြုရန် ကာကွယ်ရေးအဖွဲ့သတိပေး
- ပဲခူးPDF၏ ဦးစားပေးပစ်မှတ်မှာ သတင်းပေးများဖြစ်ဟုပြော
- စစ်ကိုင်းယင်းမာပင်တွင် စစ်ဘေးရှောင်များကို NUG ထောက်ပံ့
- CDFဟားခါးမှ ဖမ်းထားသော ရဲအရာရှိ၃ဦးအပါ ၄ဦးကို သေဒဏ်ချမှတ်
- စစ်တပ်၏အကြမ်းဖက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူများကို NUG အစိုးရ ထောက်ပံ့
- တာဝန်မှရပ်ဆိုင်းခံရသည့် CDM ပညာရေးဝန်ထမ်းပေါင်း တစ်သိန်းကျော်ရှိ
- ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ CDM ဝန်ထမ်းများ ဝန်ထမ်းအိမ်ရာမှ ဖယ်ရှားခံရ
- CDMကို ပံ့ပိုးနိုင်ဖို့ကြိုးစားနေတယ်လို့ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)ဆို
- မင်းတပ်တိုက်ပွဲ USနှင့်UK သံရုံးများရှုတ်ချ၊ အာဏာတည်မြဲရန် စကစ မိုက်တွင်းနက်နေဟုUSပြော
- မင်းတပ်မြို့ကို စစ်အင်အားတစ်ထောင်ကျော်နဲ့ မြေပြင် ဝေဟင်ထိုးစစ်ဆင်၊ ပြည်သူများကို လူသားဒိုင်းအဖြစ်အသုံးချပြီး သိမ်းပိုက်
- ခေါင်လန်းဖူးက စစ်သင်တန်းတက်သည်ဟု လိမ်လည်ထွက်ဆိုခိုင်းခံရသည့် လူငယ် ၆ ဦး မိသားစုနဲ့ အဆက်သွယ်မရ
- ပန်းတနော်မြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဦးတင်မင်းထွဋ်ကို စစ်တပ်ကဖမ်းဆီးထား
- စဥ့်ကိုင်မြို့နယ် မုံပင်ရွာကို စစ်တပ်ကဝင်စီးပြီး စားနပ်ရိက္ခာများလုယူ
- ရွှေဘို စည်ပင်သာယာစျေး မီးလောင်မှု မသမာသူများလက်ချက်ဟု ရွှေဘိုခရိုင်မီးသတ်ပြော
- သထုံမြို့တွင် တနေ့တည်း ဗုံး ၃ လုံးပေါက်ကွဲမှုဖြစ်ပွား
- မြဝတီမြို့နယ် ထိုင်းမြန်မာနယ်စပ် ချစ်ကြည်ရေးတံတားအနီးက စတိုးဆိုင်ရှေ့မှာ လက်လုပ်ဗုံးတလုံး ပေါက်ကွဲ
- ဝိုင်းမော်မြို့နယ်တွင် တရုတ်တစ်သျှူးငှက်ပျောသယ်ဆောင်လာသည့် တွဲကားတစီးတိမ်းမှောက်
- သင်္ကန်းကျွန်းမြို့နယ် The Lord ဘီယာဆိုင်အနီး ဗုံးပေါက်ကွဲပြီး ကားတစီးမီးလောင်ခဲ့
- ရွှေဘိုစျေးကြီး မီးလောင်ဆုံးရှုံးခဲ့သော်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိပ်ခွန်ညသပိတ်ပြုလုပ်
- မင်းတပ်မြို့ CDF ပြည်သူ့ကာကွယ်ရေးတပ်မှ လူငယ် ၆ ဦး ကျဆုံးခဲ့
- မန်းစည်ပင်မှ မေ၂၄နောက်ဆုံးထား၍ ဆိုင်များပြန်ဖွင့်ရန်ပြော
- တနိုင်းလီဒိုလမ်းမရှိ နောင်မီးနှင့်ဝါရာဇွပ်ရွာမှ လူငယ်၂၉ဦး ဒကစတွင်ဖမ်းခံထားရ
- လက်ရွေးစင်အချို့မပါ၍ မြန်မာအသင်းပြည်ပမသွားနိုင်သေး
- ခင်ဦးမြို့နယ် ကန်သာယာရွာကို စစ်တပ်ကဝင်ရောက်စီးနင်းပြီး ငွေနှင့် ဆန်များလုယက်
- ဖားကန့်တွင် မြေစာပုံပြိုကျပြီး ၁ ဦးသေ၊ ၈ ဦး ဒဏ်ရာရပြီး ပျောက်ဆုံးသူအများအပြားရှိ
- မြစ်ကြီးနား အထွေထွေသပိတ် လူစုခွဲပြီးနောက် ၄ ဦးဖမ်းဆီးခံရ
- ရန်ကုန်၊ ပန်းဘဲတန်းမြို့နယ် ကုန်စျေးတန်းလမ်းတွင် မီးလောင်မှုဖြစ်ပွား
- မင်းတပ်မြို့တွင် စစ်တပ်က အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားမှုများပြုလုပ်နေ
- ပဲခူးတိုင်း ဒုရဲမှူးကြီးတဦး နှလုံးရောဂါနဲ့ သေဆုံး
- မင်းတပ်ပြည်သူများကို ကာကွယ်ပေးရန်နှင့် စစ်ကောင်စီအပေါ် အရေးယူပေးရန် ကုလအကြီးအကဲများထံ သံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆို
- မင်းတပ်မြို့ ပြည်သူများအပေါ် စစ်တပ်က အကြမ်းဖက်တိုက်ခိုက်မှုကို ချင်းအမျိုးသားတပ်ဦး CNF ရှုတ်ချ
- အမျိုးသားညီညွတ်ရေးအစိုးရက ပါမောက္ခချုပ်များနဲ့ ကျောင်းအုပ်ကြီး ၆၃ ဦးကို အမည်ပျက်စာရင်းကြေညာ
- ATM မှာ ငွေများထုတ်ယူမှုက အစိုးရကိုအနှောက်ယှက်ပေးခြင်းဖြစ်ဟု ဗဟိုဘဏ် ဒုဥက္ကဌပြော
- ဟားခါးမှာ CDF ကဖမ်းဆီးမိတဲ့ ရဲမှူး၊ ဒုရဲမှူးနဲ့ ဒလန်များကို သေဒဏ်ချဖို့ CDF ဒေသခံတပ်မှူးကို အမိန့်ပေးထား
- ပြည်သူများမလိုအပ်ဘဲ အပြင်မထွက်ကြဖို့ ကလေးဒေသခုခံကာကွယ်ရေးအဖွဲ့ သတိပေး
- ပန်းတနော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ကို အင်အား ၁၅၀၀ နဲ့ ဖွဲ့စည်းကြောင်းကြေညာ
- နွေဦးတော်လှန်ရေးကာလအတွင်း စစ်တပ်၏ လူမဆန်မှုများကြောင့် ကျဆုံးသူ ၇၉၀ ခန့်နှင့် ဖမ်းဆီးခံရသူ ၈၀၀၀ ကျော်ရှိ
- ဝ နယ်ကမူးယစ်ဆေးများ ထိုင်းတွင်ဖမ်းဆီးခံရမှု UWSA ငြင်းဆို
- စစ်တပ်၏ အကြမ်းဖက်ပစ်ခတ် ဖမ်းဆီးမှုများကြားက နိုင်ငံအဝှမ်း စစ်အာဏာရှင်ပြုတ်ကျရေးနှင့် စစ်ကျွန် ပညာရေးစနစ် အလိုမရှိကြောင်း ချီတက်ဆန္ဒပြ
- သြစတေးလျအား ပဲ့ထိန်းဒုံးကျည်နှင့်ပစ်ခတ်နည်ဟု တရုတ်ခြိမ်းခြောက်
- အာဖဂန်နစ္စတန်၊ ကဘူးလ်မြို့တော် ဗလီတခုအတွင်း ပေါက်ကွဲမှုဖြစ်ပွားပြီး ၁၂ ဦးသေဆုံး
- တရုတ်နိုင်ငံ ဝူဟန်မြို့အနီး လေဆင်နှာမောင်းတိုက်ခတ်လို့ လူ ၇ ဦးသေဆုံး
Comments
Post a Comment