Skip to main content

မေလ ပထမပါတ် နွေဦးသတင်းစဉ်

၁.၅.၂၀၂၁
NUG
- ကျန်းမာရေးဌာနလက်အောက်ရှိ ဆေး ၂ တက္ကသိုလ်ပါချုပ်အပါအဝင် အရာရှိ ၁၀ ကို ဝန်ထမ်းအဖြစ်မှထုတ်ပယ်ကြောင်း NUG အစိုးရကြေညာ
နိုင်ငံတကာ&အာဆီယံ
- မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီဆွေးနွေးပွဲ တရုတ်နဲ့ ရုရှကန့်ကွက်လို့ သဘောတူညီချက်မရ
- မြန်မာအရေး ပိုဆိုးရွားလာနိုင်ကြောင်း ကုလမြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်ပြော
- မြန်မာ့အရေး USနှင့်တရုတ်နိုင်ငံခြားရေးဝန်ကြီးများနှင့်ဆွေးနွေးရန်ASEANစီစဥ်
- မြန်မာ့အရေး နိုင်ငံတကာတုံ့ပြန်မှုအားနည်းဟု ကုလအထူးကိုယ်စားလှယ်ဆို၊ သူ့ရဲ့ မြန်မာပြည်ဝင်ခွင့် စကစ ကထပ်မံငြင်းပယ်
စစ်ပွဲ သတင်း
- KNU နှင့်တိုက်ပွဲများတွင် စစ်တပ်ဖက်မှအကျအဆုံးများလာပြီးနောက် အရပ်သားများကို ပစ်မှတ်ထား ဖမ်းဆီးသတ်ဖြတ်နေ
- စစ်တပ်က KNU တပ်မဟာ ၅ နယ်မြေထဲကို သုံးကြိမ်ဆက်တိုက်ဗုံးကြဲ
- အကြမ်းဖက်စစ်တပ် မြေပြင်အင်အားချိနဲ့နေလို့ လေကြောင်းကတိုက်ခိုက်ဟု KNU တပ်မဟာ ၅ ဗိုလ်မှူးချုပ်ပြော
- ကချင်ပြည်နယ်တွင် စစ်ဘေးရှောင် ၃၀၀၀၀ ကျော်အထိရှိလာပြီး အစားအသောက်နဲ့ ဆေးဝါးအကူအညီများလိုအပ်နေ
- အကြမ်းဖက်စစ်ကောင်စီက ကလေးစစ်သားများအသုံးပြုမှုများရှိ
- ကြာအင်းဆိပ်ကြီးမြို့နယ် တံခွန်တိုင်ရွာတွင် တပ်စွဲထားသည့် စစ်သားများက လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခြိမ်းခြောက်နေ
- စစ်တပ်ဗိုလ်လောင်းသင်တန်း အသစ်လျှောက်ထားသူမရှိ၊ နိုင်ငံအနှံ့က လူငယ်များ လွတ်မြောက်နယ်မြေသွားရောက်ပြီး စစ်ပညာသင်ယူသအရေအတွက် တိုးလာ
အထွေထွေ
- မန္တလေး၊ ဝင်ငွေကြပ်တည်းနေသည့်အိမ်ထောင်စုများကို သံဃာတော်များက ရိက္ခာများထောက်ပံ့
- မြစ်ကြီးနား၊ လိုသူယူ ပိုသူလှူ ကူညီနေသူလူငယ် ၁၁ ဦးအကြမ်းဖက်ဖမ်းဆီးခံရ
- ရန်ကုန်မြို့နယ်အတော်များများတွင် ဆိုင်ကယ်စီးနင်းပါက အရေးယူမည်ဟု စစ်ကောင်စီကြေညာ
- ဒဂုံတက္ကသိုလ်ဝန်ထမ်းအိမ်ရာရှိ အလွတ်တန်းသတင်းထောက်အမျိုးသမီးကို ရှာမတွေ့သဖြင့် ခင်ပွန်းဖြစ်သူကို စစ်တပ်ကဖမ်းဆီး
- အင်းစိန်သပိတ်စစ်ကြောင်းဖြိုခွင်းခံရပြီး ဆန္ဒပြရာတွင်မပါဝင်သူ ၇ ဦးဖမ်းဆီးခံရ
- မနေ့ညက လှိုင်သာယာ၊ တော်ဝင်နှင်းဆီအိမ်ရာမှာနေထိုင်တဲ့ လူငယ် ၇ ဦးဖမ်းဆီးခံရ
- ပြည်မြို့ နာမှုကူညီရေးကားတစ်စင်းနှင့် ခွေးတစ်ကောင်ကို စစ်တပ်ကအဓမ္မလုယူသွား
- နေရာအနှံ့ အုပ်ချုပ်ရေးမှူးဟောင်းတွေကိုလိုက်လံဖမ်းဆီးနေ
- CDM ပါဝင်သည့် ဗန်းမော်ဆေးရုံအုပ်ကြီး နေအိမ်တွင်သေဆုံးနေ
- တက္ကသိုလ်တွေကို မေ၊ အခြေခံကျောင်းတွေကို ဇွန်မှာဖွင့်ဖို့စီစဥ်နေ၊ ကျောင်းမတက်ပဲCDMလုပ်ဖို့ မိဘတွေကို လူငယ်တွေပန်ကြား
- စစ်ကောင်စီ၏ သတင်းစာမျက်နှာ Blog ကို Google ကဖြုတ်ချခဲ့
- ရဲချုပ်သန်းလှိုင်ကို ကုလ UNODC အစည်းအဝေး အွန်လိုင်းမှဖိတ်ကြားမှုကို အရပ်ဖက်အဖွဲ့အစည်း ၄၀၀ ကျော်ကန့်ကွက်ရှုတ်ချ
- အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးမှုများကြားက နိုင်ငံအနှံ့ ဆန္ဒပြသပိတ်စစ်ကြောင်းများဆက်ရှိနေ
- ဧပြီ ၃၀ထိ ကျဆုံးပြည်သူ ၇၅၉ဦး၊ ဖမ်းဆီးခံထားရဆဲ ၃၄၈၅ဦး။
ပေါက်ကွဲ
- မိတ္ထီလာ လဝကရုံးဟောင်းရှေ့ ဗုံး ၂ လုံးပေါက်ကွဲ
- မနေ့ညက အမြန်လမ်း မိုင်တိုင် ၁၃၁ ရှိ တံတားတစင်းမိုင်းခွဲခံရ
- တောင်ဒဂုံ၊ တပ်ရင်း ၃ နားမှာရပ်ထားတဲ့ YBS ကားနှစ်စင်း မီးလောင်
- ပူတာအိုမြို့နယ်တွင် တောမီးလောင်
- တောင်ဥက္ကလာမှာ ဗုံး ၂ လုံးထပ်မံပေါက်ကွဲ
- ရန်ကင်းမြို့နယ်တွင် ၃ ကြိမ်ထက်မနည်း ဗုံးပေါက်ကွဲမှုဖြစ်
- ရန်ကင်း ၂ ရပ်ကွက် ထွေအုပ်ရုံးအတွင်း ဗုံးပေါက်ကွဲ
- မြန်မာပလာဇာအနီး အသံဗုံးများပေါက်
- ရန်ကုန်မြို့အနှံ့ ခြောက်နေရာထက်မနည်း ဗုံးပေါက်ကွဲမှုများဖြစ်ပွား
ပြည်သူ့ကာကွယ်ရေး
- ချင်းကာကွယ်ရေးတပ် (ဇိုတုန်နယ်) ဖွဲ့စည်းကြောင်းကြေညာ
- ကျောက်ဆည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KDDF ဖွဲ့စည်း
အခြား
- ဒီနေ့မနက် လွိုင်ကော်မှာပြင်းအား၄.၉ ရှိငလျင်လှုပ်
- ကိုဗစ်လူနာတရှိန်ထိုးတက်နေသော အိန္ဒိယကို အမေရိကန် ဆေးဖက်ဆိုင်ရာအကူအညီများရောက်ရှိ
- အိန္ဒိယကိုဗစ်ဆေးရုံ မီးလောင်၊ လူနာ ၁၈ ဦးသေဆုံး

၃.၅.၂၀၂၁
NUG
- လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဦးအောင်မျိုးမင်းကို NUG အစိုးရက လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီးခန့်အပ်
- ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ စစ်တပ်လက်ပါးစေဝန်ထမ်း ၂၈ ဦးကို NUG အစိုးရက အမည်ပျက်စာရင်းကြေညာ
စစ်ပွဲသတင်း
- မိုးမောက်မြို့နယ်တွင် KIA က စစ်ရဟတ်ယာဉ်တစ်စင်းပစ်ချခဲ့၊ စစ်သား ၃ ဦးသေဆုံး
- မိုးမောက်တွင် စစ်ရဟတ်ယာဉ်ပစ်ချခံရပြီးနောက် စစ်တပ်က အရှိန်မြှင့်ထိုးစစ်ဆင်နေ
- ဟားခါး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်တပ် တိုက်ပွဲဖြစ်ပြီး၊ စစ်တပ်ဖက်က သေဆုံးမှုများရှိ
- မေလ ၂ ရက်နေ့၊ ချင်းကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်တပ်တိုက်ပွဲတွင် စစ်သား ၄ ဦးသေဆုံး
- ထိုင်းမြန်မာနယ်စပ်တွင် စစ်ဘေးရှောင်ဒုက္ခသည်စခန်းများတည်ဆောက်ပေးရန် တောင်ကိုရီးယားအစိုးရစီစဉ်
- မိုးမောက်၊ ကုန်းလောရွာထဲ စစ်တပ်ကရမ်းပစ်တဲ့လက်နက်ကြီးကျ၊ သံဃာတစ်ပါးပျံလွန်တော်မူ၊ ၂ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရ
စကစတိုင်ပတ်
- စစ်ကောင်စီက တပ်တွင်းပုန်ကန်မှုဖြစ်မှာစိုးလို့ သတင်းအမှောင်ချ၊ အမိန့်မနာခံသူတွေကို ချုပ်နှောင်ထား
CDM သတင်း
မန္တလေး၊ တီဘီဆေးရုံမှ CDM ဆရာ/ဆရာမများကို စစ်တပ်က အကြမ်းဖက်ဖမ်းဆီးသွား
ရွှေပြည်သာမြို့နယ် ကာကွယ်ရေးအဖွဲ့က CDM မပါဝင်တဲ့ ဆရာ/ဆရာမများကို စာထုတ်ပြီးသတိပေး
လားရှိုးမြို့ မူလွန် (၁၂) ကျောင်းမှာနေထိုင်သူ CDM ဆရာမများကို နှင်ထုတ်
တပ်မတော်လေမှ ထွက်ခွာသည့်အရာရှိစစ်သည် ၈၀ ခန့် ရှိ
အထွေထွေ
မီဒီယာ
- အင်တာနက်ဖြတ်တောက်မှုရပ်ဖို့နဲ့ မီဒီယာလွတ်လပ်ခွင့်ပေးဖို့ မြန်မာအခြေစိုက် သံတမန်အဖွဲ့အစည်းများတောင်းဆို
- VOM သတင်းဌာနယာယီရပ်နား
- စစ်အာဏာသိမ်းပြီးနောက် သတင်းထောက် ၈၂ ဦးဖမ်းဆီးခံရ၊ ၅၉ ဦး အမှုဖွင့်ခံရ
စီးပွားရေး
- စစ်အာဏာသိမ်းပြီးနောက် ငွေကြေးစီးဆင်းမှုအခက်အခဲကြောင့် စိုက်ပျိုးရေးထုတ်ကုန်များ ဝယ်လိုအားကျဆင်း
တရားရေး
- တရားရေးမဏ္ဍိုင်ပြိုလဲသွားပြီဖြစ်လို့ တရားသူကြီးနဲ့ ရှေ့နေအချို့ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်မည်
အကြမ်းဖက်
- မေလ ၂ ရက်နေ့၊ စစ်တပ်၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ဝက်လက်တွင် ပြည်သူ ၃ ဦးကျဆုံး၊ ၇ ဦးဒဏ်ရာရ
- နောင်ချို၊ သပိတ်စစ်ကြောင်း အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခံရပြီး ၄ ဦးဖမ်းဆီးခံရ
- ရန်ကုန်၊ ဗိုလ်ချုပ်လမ်းပေါ်က ကားများနှင့် နေအိမ်များကို စစ်သားနှင့်ရဲများက ရမ်းကားဖျက်ဆီး
- မိုးကုတ်မြို့တွင် အကြမ်းဖက်စစ်တပ်ကဖမ်းဆီးသွားသည့် ပြည်သူ ၄၀ ဦး ပြန်လွတ်လာ
- NAC စင်တာမှ ဖမ်းဆီးခံရသူ ၁၀ ဦးပြန်လွှတ်ပေးပြီး ၂ ဦးပြန်မလွတ်သေး
- တောင်တွင်းကြီးမြို့ထဲ ဆိုင်ကယ်ဖြင့်စျေးလာရောင်းသူများ ပစ်ခတ်ခံရ၊ ၂ ဦးဒဏ်ရာရ
- ကျောက်မဲ၊ ၆ ရပ်ကွက်ရှိအမှိုက်ပုံတွင် ဗုံးထောင်သည်ဟု သတင်းထွက်နေသောကြောင့် စစ်တပ်နဲ့ရဲများလာရောက် လမ်းပိတ်ထား
သာရေး
- သာကေတတွင် ဧည့်စာရင်းတိုင်မည်ဟုဆိုက စစ်တပ်ကခန့်ထားတဲ့ ဥက္ကဌကို ဓားနဲ့ထိုးသတ်
- ပြည်ကြီးတံခွန်မြို့နယ်၊ ၁၂၃ လမ်း (စ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်
ပြည်သူကျဆုံး
- နွေဦးတော်လှန်ရေးကာလအတွင်း အပြစ်မဲ့ပြည်သူ ၇၆၅ ဦးအထိကျဆုံးမှုရှိလာ
ကိုဗစ် သတင်း
- ကမ္ဘာတဝန်းCOVIDကူးစက်သူ သန်း၁၅၀ကျော်လာ
- Indiaတွင်မေ၂ကCOVIDကြောင့်သေဆုံးသူ၃၆၈၉ဦးဖြင့် စံချိန်ထပ်တင်
- COVIDထက် ရွေးကောက်ပွဲကိုဦးစားပေးတယ်လို့ ဝေဖန်ခံရတဲ့Indiaဝန်ကြီးချုပ်အဓိကကျတဲ့ပြည်နယ်တစ်ခုမှာမဲရှုံးနိမ့်
- ထိုင်းနိုင်ငံတွင်းCOVIDကူးစက်မှုနဲ့သေဆုံးမှုမြင့်တက်လာ
- ကိုဗစ်ကူးစက်ခံရသူအရေအတွက် တိုးလာနေသည့် အိန္ဒိယသို့ UK က အသက်ရှူစက်အလုံး ၁၀၀၀ ပေးပို့
- တရုတ်ကဖိနှိပ်ချုပ်ချယ်မှု၊ရန်လိုမှုပိုလုပ်လာဟု ကန်အရာရှိပြော
- ကန်သမ္မတ ရန်လိုတဲ့မူဝါဒကျင့်သုံးနေဟု မြောက်ကိုရီးယားခေါင်းဆောင်ပြော
- အာဖဂန်က ကန်နဲ့မဟာမိတ်တပ်တွေ စတင်ရုပ်သိမ်း
- မေ၂၂မှာကျင်းပဖို့စီစဥ်ထားတဲ့ ပါလက်စတိုင်းရွေးကောက်ပွဲကိုရွှေ့ဆိုင်း

၄.၅. ၂၀၂၁
အားပေးဝန်းရံ CDM
- စစ်ကောင်စီက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ CDM အင်ဂျင်နီယာ ၃၂ ဦးကို ရာထူးကထုတ်ပယ်
- မန္တလေးခရိုင် ၇ မြို့နယ်ရှိ လျှပ်စစ်ဝန်ထမ်း ၁၆၈ ဦးကို ဝန်ထမ်းအဖြစ်မှထုတ်ပယ်ကြောင်း စစ်တပ်ကကြေညာ
- ဖျာပုံမြို့က ပညာရေးဝန်ထမ်းများကို ကျောင်းပြန်တက်ဖို့ ခေါ်ယူတွေ့ဆုံပြီး ဖိအားပေးခြိမ်းခြောက်
စစ်ပွဲ သတင်း
- ကရင်ပြည်နယ် သံလွင်မြစ်ကမ်းဘေးက ကျေးရွာအချို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၊ စစ်တပ်နဲ့ BGF ပူးပေါင်းပြီး KNU တပ်မဟာ ၅ ကို ထိုးစစ်ဆင်
- RCSSနဲ့SSPP တိုက်ပွဲဖြစ်နေတဲ့ နမ္မတူ၊ မန်လီရွာမှာအိမ် ၄၀ကျော်ထပ်မီးရှို့ခံရ
- ကလေး-ဂန့်ဂေါလမ်းမှာ စစ်တပ်နဲ့ ဒေသခံတွေတိုက်ပွဲဖြစ်နေ
- ကွတ်ခိုင်အနီး စကစတပ်နဲ့ KIA,MNDAA,TNLAပူးပေါင်းအဖွဲ့တိုက်ပွဲဖြစ်
- စစ်တပ်နှင့် CDF - ဟားခါးတိုက်ပွဲတွင် စစ်သား ၄ ဦးသေဆုံး၊ ၁၀ ဦးဒဏ်ရာရ
- မံစီမြို့နယ်ရဲစခန်းကို KIA တိုက်ခိုက်၊ ရဲမှူးအပါအဝင် ၈ ဦးသေဆုံး၊ ၁၀ ဦးဒဏ်ရာရ
- ကလေးဒေသခုခံကာကွယ်ရေးတပ်ဖွဲ့ KRDA နဲ့ စစ်တပ် တိုက်ပွဲဖြစ်ပြီး၊ စစ်တပ်ကပြန်ဆုတ်ခွာသွား
- မိုးမောက်မြို့နယ်တွင် စစ်ရဟတ်ယာဉ်ပစ်ချခံမှုဖြစ်စဉ်မှာ ဗိုလ်မှူးတဦးအပါအဝင် ၃ ဦးသေဆုံးပြီးနောက် တိုက်ပွဲဆက်လက်ပြင်းထန်
- နမ္မတူမြို့နယ် မန်လီရွာတွင် RCSS နဲ့ SSPP + TNLA တိုက်ပွဲအကြား နေအိမ် ၃၄ လုံး မီးထပ်လောင်
- တိုက်ပွဲကာလအတွင်း နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့် RCSS ကို TNLA က စာထုတ်သတိပေး
- ကွတ်ခိုင်မြို့အနီးတွင် စစ်တပ် နဲ့ ကိုးကန့် (MNDAA) + တအောင်း (TNLA) + ကချင် (KIA) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်
နိုင်ငံတကာ
- အမေရိကန်အောက်လွှတ်တော်၊ မြန်မာ့အရေးကြားနာပွဲတွင် ဦးကျော်မိုးထွန်းတင်ပြရန်ရှိ
- ထိုင်းတွင် ကိုဗစ်ကြောင့် သေဆုံးသူ တစ်ရက်တည်း ၃၁ဦးဖြင့် စံချိန်သစ်တင်
- ပြည်ပရောက်မြန်မာများနှင့် တောင်ကိုရီးယားလွှတ်တော်အမတ်များ မြန်မာ့အရေးဆွေးနွေး
အထွေထွေ
- ပြည်မြို့နယ်၊ ကမ်ဘီလာရွာတွင် ပါဆယ်ဗုံးပေါက်ကွဲပြီး လွတ်တော်ကိုယ်စားလှယ် ၁ ဦး၊ CDM ရဲတပ်သား ၃ ဦးနှင့် အရပ်သား ၁ ဦး သေဆုံး
- တမူးမြို့နယ်တွင် စစ်တပ်ကခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးအိမ် သေနတ်နဲ့ပစ်ခံရ ၂ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ
- ရွှေဘိုမြို့နယ် ဆင်အင်းရွာက အုပ်ချုပ်ရေးမှူးနေအိမ် မီးလောင်ပြာကျ
- ခင်ဦးမြို့နယ် ဝန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူး၏ ခေါင်းပြတ်နေသည့်အလောင်းတွေ့ရှိ
- တောင်ငူခရိုင်၊ အုတ်တွင်းမြို့၊ ပဲခူးလမ်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်
- မြိုင်မြို့နယ်တရားရုံး၊ ပညာရေးမှူးရုံးနဲ့ ဆေးရုံအုပ်နေအိမ်အနီးမှာ ဗုံးပေါက်ကွဲမှုများဖြစ်
- ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်က ပညာရေးမှူးရုံးအနီးမှာ လက်လုပ်မိုင်းပေါက်ကွဲ
- ကချင်ပြည်နယ်၊ ဝိုင်းမော် အထက(၁) ကျောင်းဝင်းအတွင်း မီးလောင်မှုဖြစ်ပွား
- သထုံ မြို့မစျေးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူမရှိ
- ထီးလင်းဒေသခံများနှင့် စစ်တပ်တိုက်ပွဲဖြစ်ပြီး စစ်သား ၄ ဦးသေ၊ ပြည်သူ ၃ ဦးကျဆုံး
- သထုံ၊ ရွှေကြည်ရွာတွင် ရွှေထည်၊ အဝတ်အစားနဲ့ စားသောက်စရာများကို စစ်သားများအကြမ်းဖက်လုယူ
- မော်လမြိုင်ကောလိပ်ကျောင်းနှင့် ရွှေမြိုင်သီရုံရုံးရှေ့ ဗုံးပေါက်ကွဲမှုများဖြစ်၊ တဦးဒဏ်ရာရ
- ရန်ကုန်၊ လသာရဲစခန်းရှေ့ဗုံးပေါက်ကွဲမှုဖြစ်၊ ထိခိုက်ဒဏ်ရာရသူမရှိ
- ထီးလင်းမြို့နယ်တွင် ပြည်သူနှင့် စစ်တပ် တိုက်ပွဲဆက်ဖြစ်ပြီး အပြန်အလှန်ပစ်ခတ်နေ
- မေ ၂ ရက်နေ့၊ လောင်းလုံမြို့နယ် မင်းရပ်ကျေးရွာက သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခံရတဲ့လူငယ် သေဆုံး
- ဖရူဆိုမြို့နယ် ထီးတရဲရပ်ကွက်စီမံအုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲ
- ဂျပန်သတင်းထောက် သတင်းမှားဖြန့်မှုနဲ့ တရားစွဲခံရ
- မြစ်ကြီးနားက 74 Mediaကိုစကစလိုင်စင်သိမ်း
- တပ်မတော်(လေ)ကနေထွက်ပြေးပြီး အဆက်အသွယ်မရသည့် အရာရှိ ၈၀ ခန့်ရှိ
- တောင်ကြီးမြို့တွင် RCSS/SSA နှင့် SSPP/SSA တို့ အတူပူးပေါင်းကြရန် တောင်းဆိုဆန္ဒပြ
- ပေါက်ကွဲမှုဖြစ်-တောင်ကြီး၊ သထုံ၊ လှိုင်သာယာ၊ ဖရူဆို၊ ဗန်းမော်၊ မြိုင်၊ လှိုင်းဘွဲ့
- ခင်ဦးမှာစကစခန့်ရပ်ကျေးဥက္ကဌတစ်ဦး၏ခေါင်းပြတ်အလောင်းတွေ့၊နောက်တစ်ဦးအိမ်ဗုံးကွဲ
- မော်လမြိုင်၊ပညာရေးကောလိပ်နှင့် ရွှေမြိုင်သီရိရုံးအနီးဗုံးပေါက်
- တောင်ကြီးမြို့ MYTELရုံးရှေ့ဗုံးပေါက်
- ဟိုပုန်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းဦးခွန်ကျော်အေး အိမ်သို့ခေတ္တပြန်စဉ် ဖမ်းဆီးခံရ
- နမ့်ဆန်မြို့နယ်၊ RCSS ကို စစ်တပ်နဲ့ ပြည်သူ့စစ်ပေါင်းပြီးတိုက်ခိုက်၊ စစ်တပ်က ရွာသားများကို လူသားဒိုင်းအဖြစ်အသုံးချ
- နမ့်ဆန် စာရင်းစစ်ချုပ်ရုံး ဗုံးတွေ့တဲ့သတင်းကြောင့် လမ်းများပိတ်ထား
- မိုးကုတ်မြို့တွင် အမျိုးသမီးတဦးက စစ်တပ်ကအကြမ်းဖက်ဖမ်းဆီးသွား
- ရေစကြိုမြို့၊ သပိတ်ခေါင်းဆောင်အိမ်ကို စစ်တပ်ကဝင်ရောက်ရှာဖွေ၊ ဆိုင်ကယ်မီးရှို့ပြီး ငွေ ၅ သိန်းယူသွား
- ပုသိမ်မြို့၊ ငါးပြားလမ်းမှာ နေအိမ် ၅ လုံးမီးလောင်ဆုံးရှုံး
- ဗန်းမော်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနရှေ့ ဗုံးပေါက်ကွဲမှုဖြစ်
- လောင်းလုံမြို့နယ်၊ ရော်ဘာခြစ်သွားရာမှ ပျောက်ဆုံးသွားသူကို စစ်တပ်က ပိုင်ရှင်မဲ့အလောင်းအဖြစ် သဂြိုလ်ပစ်ခဲ့
- လှိုင်သာယာမြို့နယ်၊ အထက(၃) ကျောင်းထဲတွင် အစည်းအဝေးပြုလုပ်နေစဉ် ဗုံးပေါက်ကွဲ
- ပြည်သူ့ကာကွယ်ရေးအဖွဲ့ (သိမ်ဇရပ်) PDF က စစ်ကောင်စီနဲ့ လက်ပါးစေများဆီ ကျည်ဆံနဲ့ သတိပေးစာပေးပို့
- စစ်ကောင်စီအကြမ်းဖက်သမားများက မန္တလေးသံဃသမဂ္ဂသပိတ်စစ်ကြောင်းကို ဖြိုခွင်းရန်ကြိုးစားသော်လည်းမအောင်မြင်ခဲ့
- အကြမ်းဖက်ပစ်ခတ် ဖမ်းဆီးမှုများရှိသော်လည်း နိုင်ငံအနှံ့အပြား စစ်အာဏာရှင်ပြုတ်ကျရေးနှင့် ကျွန်ပညာရေးစနစ် ဆန့်ကျင်ရေး ပျောက်ကြားသပိတ်များပြုလုပ်

၅.၅. ၂၀၂၁
NUG
- ဒေါက်တာခင်ခင်ကြီးအပါအဝင် ကျန်းမာရေးဝန်ကြီးဌာနက အရာရှိ ၁၀ ဦးကို ထုတ်ပယ်ကြောင်း NUG အစိုးရကြေညာ
နိုင်ငံတကာ
- စစ်ကောင်စီကို ဒဏ်ခတ်အရေးယူမှုတွေထပ်လုပ်ပေးဖို့ US လွှတ်တော်အမတ်များကို ဦးကျော်မိုးထွန်းတိုက်တွန်း
- မြန်မာ့အရေး အကိုင်အတွယ်မှားရင် ပြည်တွင်းစစ်ဖြစ်နိုင်ဟု တရုတ်သံအမတ်ပြော
CDM
- CDM ဝင်လာသည့် ဗိုလ်မှူးဟိန်းသော်ဦး၏ ညီမဖြစ်သူကို စစ်တပ်ကဆက်သွယ်ခြိမ်းခြောက်နေ
- ကချင်ပြည်နယ်က CDM လျှပ်စစ်ဝန်ထမ်း ၂၇ ဦး အလုပ်ထုတ်ပယ်ခံရ
စစ်
- ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို KNUတပ်မဟာ၅ကြိုဆို
- မတ်၂၇မှယနေ့ထိတိုက်ပွဲတွေမှာ စကစတပ်က ဗိုလ်မှူးကြီးအဆင့်အပါ ၂၀၀နီးပါးသေဟု KNUပြော
- ဖာပွန်မြို့အနီးမှာ KNU တပ်မဟာ ၅ နဲ့ စစ်တပ်တိုက်ပွဲပြင်းထန်နေပြီး စစ်သား ၇ ဦးသေဆုံး
- ဟားခါး၌ CDF-Hakha နှင့် စစ်တပ် အပြန်အလှန်ပစ်ခတ်မှုဖြစ်၊စစ်တပ်မှ ၉ဦးသေ
- ခန္တီးမြို့နယ် ကောင်းဟိန်းရွာအနီး ရှမ်းနီတပ်(SNA) နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်
- ဖာပွန်ဒေသတိုက်ပွဲအတွင်း စစ်တပ်မှ ဗိုလ်မှူးကြီးအဆင့်အပါအဝင် ၂၀၀ နီးပါးသေဆုံးခဲ့ဟု KNU ထုတ်ပြန်
- ပူတာအိုမြို့နယ်က စစ်တပ်စခန်းတခုကို KIA တပ်မတော်က သွားရောက်တိုက်ခိုက်ခဲ့
- စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ \- SPDF ဖွဲ့စည်းလိုက်ကြောင်း ကြေညာ
- ပြည်သူ့ကာကွယ်ရေးတပ်မတော် \- PDF ဖွဲ့စည်းလိုက်ကြောင်း NUG အစိုးရကြေညာ
- နမ္မတီးမြို့အနီး ကျောက်တောင်ကုန်းဆင်းမှာ စစ်ကားနှစ်စီးကို KIA က မိုင်းဆွဲတိုက်ခိုက်
- ဟားခါးမြို့မှာ ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF နဲ့ စစ်တပ် တိုက်ပွဲဖြစ်ပြီး စစ်သားတဦးသေဆုံး
အထွေထွေ
- မန္တလေးတွင် ပြည်သူနှစ်ဦးကို စစ်တပ်ကရမ်းကားပစ်ခတ်လို့ ၁ ဦးသေဆုံး၊ ၁ ဦးစိုးရိမ်ရ
- ဒဂုံတက္ကသိုလ်ကိုလာသည့် YBS30 တက္ကသိုလ်အနီးမှာပေါက်ကွဲ
- စစ်အာဏာသိမ်းပြီး သုံးလအတွင် တယ်လီနောကုမ္ပဏီ ဒေါ်လာသန်း ၄၆၀ ကျော်အရှုံးပေါ်ခဲ့
- ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် လူကြီးတဦး မိုင်းနင်းမိပြီး သေဆုံး
- မန္တလေးအခြေစိုက် တော်လှန်လိုင်း FM ကို 94.8MHz ဖြင့်ဖမ်းယူနားဆင်နိုင်
- တောင်ဒဂုံ၊ ရွှေပြည်အေးလမ်းမှာ လူငယ်၁ဦးကို စစ်သားများက ဝိုင်းဝန်းရိုက်နှက်ပြီး ဖမ်းဆီး
- လိုင်စင်ပိတ်သိမ်းခံရသည့် Tachileik News Agency က သတင်းများဆက်လက်တင်ဆက်မည်
- မင်းအောင်လှိုင်လက်ရောက်ဖွင့်လှစ်ခဲ့သည့် မိုးကောင်းရတနာဆေးရုံရှေ့မှာ ချိန်ကိုက်မိုင်းနှစ်လုံးပေါက်ကွဲ
- ကွတ်ခိုင်အနီး စစ်တပ်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ တိုက်ပွဲကြောင့် ပြည်သူ ၅ ဦးဒဏ်ရာရ၊ တိုက်ပွဲဆက်လက်ရှိနေ
- တမူး၊ ဝိတုတ်ကျေးရွာ စစ်တပ်ကခန့်ထားသည့် အုပ်ချုပ်ရေးမှူးနေအိမ် ပစ်ခတ်ခံရပြီး ၃ ဦးသေဆုံး၊ အုပ်ချုပ်ရေးမှူးထွက်ပြေး
- စစ်ကောင်စီထောက်ခံသူများကို MDF - ယောနယ်က သတိပေးစာထုတ်
- မေလ ၄ ရက်နေ့ည၊ မုံရွာမှာ စစ်တပ်က နေအိမ်နဲ့ဆိုင်ကယ်များကို ဖျက်ဆီးပြီး ဆဲဆိုသောင်းကျန်းနေ
- မန္တလေး၊ မေလ ၄ ရက်နေ့က ၃၉x၃၀ လမ်းကြားရှိ ရပ်ကွက်ရုံးအနီးမှာ ဗုံးပေါက်ကွဲ
- ဂန့်ဂေါ၊ သာကောင်းရွာအနီးမှာ စစ်တပ်နဲ့ပြည်သူပစ်ခတ်မှုဖြစ်ပြီး ၁၇ နှစ်အရွယ်လူငယ်တဦးအပါအဝင် ပြည်သူ ၂ ဦးကျဆုံး
- ရန်ကုန် မြို့နယ်အားလုံး ညမထွက်ရအမိန့် ည ၁၀ နာရီမှ မနက် ၄ နာရီအထိပြောင်းလဲဟု စစ်ကောင်စီထုတ်ပြန်
- ဂြိုလ်တုစလောင်းတပ်ဆင်ထားပါက ထောင်ဒဏ် ၁ နှစ်၊ ဒဏ်ငွေ ၅ သိန်းပေးရမည်ဟု စစ်ကောင်စီသတ်မှတ်
- မန္တလေး၊ မင်္ဂလာစျေးဟောင်းနေရာတွင် မီးလောင်ထားသည့် အမျိုးသမီးတဦးအလောင်းတွေ့ရှိ
- သင်္ကန်းကျွန်းမြို့နယ်၊ သုဝဏ္ဏအထက်တန်းကျောင်းရှေ့မှာ ဗုံးပေါက်ကွဲ
- ကျောက်တံခါးမြို့နယ် ကျေးရွာစာသင်ကျောင်းတခုမှာ စစ်တပ်ကတပ်စွဲထားပြီး ရွာထဲကိုပစ်ခတ်နေ
- ကလေးတက္ကသိုလ်၊ မုံရွာတက္ကသိုလ် ကြားကာလယာယီအုပ်ချုပ်ရေးကောင်စီများဖွဲ့စည်း
- စစ်ကောင်စီလက်အောက်ခံ သြဇီမြန်မာသံရုံးကို သြဇီရောက်မြန်မာများ သပိတ်မှောက်
- ကျောင်းပြန်ဖွင့်ရန်ပြင်ဆင်နေသည့် မိုးညှင်းမြို့နယ် နန်းမားအထက်တန်းကျောင်း မိုးကြိုးပစ်ခံရ
- စစ်အာဏာသိမ်းပြီးနောက် ရွှေကူမြို့တွင် လောင်းကစားဂျင်ဝိုင်းများ ပိုမိုများပြားလာပြီး လူစည်ကား
- ကျောက်ဆည်တက္ကသိုလ်အနီး တရုတ်ဓာတ်ငွေ့ပိုက်လိုင်းလုံခြုံရေးယူနေသည့် ရဲ ၃ ဦး ဓားနဲ့ခုတ်သတ်ခံရ
- စစ်ကောင်စီနဲ့ဆက်သွယ်မှုရပ်တန့်ရန် ရခိုင်အမျိုးသားပါတီ ANP ဆုံးဖြတ်
- ပြည်ပလုပ်ငန်းရှင်များအားလုံးနီးပါး မေလကုန်တွင်စက်ရုံများပိတ်ပြီးမြန်မာနိုင်ငံမှထွက်ခွာဖို့ပြင်ဆင်
- မန္တလေး စဉ့်ကိုင်တောမရွာအနီး ဂတ်စ်ပိုက်လိုင်းရဲကင်းအတိုက်ခံရ၊ ရဲ ၃ဦးသေ
- ရဲယောင်ဆောင်ငွေညှစ်လို့နာမည်ပျက်ရှိတဲ့မှုခင်းသတင်းထောက်သတင်းမီဒီယာကောင်စီဝင်ဖြစ်လာ
- နွေဦးတော်လှန်ရေးကာလအတွင်း စစ်တပ်၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ၇၆၉ ဦးကျဆုံး

၆.၅. ၂၀၂၁
အထူး
- နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရှေ့နေများနှင့် တွေ့ခွင့်မရ၊ မေ ၂၀ ရက်နေ့ ရုံးပြန်ချိန်း
NUG
- NUG အစိုးရကို တရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုဖို့ အမေရိကန်ကို ကုလမြန်မာဆိုင်ရာသံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်း
- NUG အစိုးရ ဘဏ္ဍာရေးကော်မရှင်ဖွဲ့စည်း
နိုင်ငံတကာ
- စစ်ကောင်စီနဲ့ စီးပွားရေးလုပ်နေသည့်နိုင်ငံများ ပြန်စဉ်းစားရန် G7 ပြော
စစ်ပွဲသတင်း
- မိုးမောက်မြို့နယ် တာဝါတိုင်ကုန်းတိုက်ပွဲတွင် စစ်သား ၃၀ ကျော်သေဆုံးပြီး ၈၀ ကျော်ဒဏ်ရာရ
- မိုးမောက်၊ KIA နဲ့ စစ်တပ်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ၊ စစ်တပ်က တိုက်လေယာဉ်များနှင့် လာရောက်ပစ်ခတ်
- ခန္တီးမြို့နယ်တွင် ရှမ်းနီတပ်ဖွဲ့ SNA နှင့် စစ်တပ်တိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦးသေဆုံး
- KNU ထိန်းချုပ်နယ်မြေထဲ BGF အင်အား ၅၀၀ ခန့်ဝင်ရောက်လာ
- KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ပေါ် တိုက်လေယာဉ်များပျံသန်းနေ
- KNU နယ်မြေထဲကို စစ်တပ်က လက်နက်ကြီး အချက် ၅၀၀ ကျော်ပစ်ခတ်
- ကွတ်ခိုင်မြို့အနီး၊ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များနှင့်တိုက်နေသည့် စစ်တပ်စခန်း မီးလောင်ပြာကျ၊ အရာရှိနှင့် စစ်သား ၃၀ ကျော်သေဆုံးပြီး အများအပြားဒဏ်ရာရ
အထွေထွေ
- ဧရာဝတီတိုင်းက CDM ပါဝင်တဲ့ စည်ပင်ဝန်ထမ်း ၄၄ ဦး ထုတ်ပယ်ခံရ
- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (နေပြည်တော်) ဖွဲ့စည်းလိုက်ကြောင်း ကြေညာချက်ထုတ်
- မန္တလေး၊ သီရိမန္တလာကားကွင်းအနီး ဗုံးပေါက်ကွဲ
- ထွေအုပ်ဦးစီးဌာနကို စစ်ကောင်စီက ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရွှေ့ပြောင်း
- ထွေအုပ်အပြောင်းအလဲ ပြည်သူကိုပိုဒုက္ခပေးဖို့ရည်ရွယ်ဟု ဥပဒေပညာရှင်များသုံးသပ်
- မန္တလေး၊ စစ်ကောင်စီကခန့်ထားတဲ့ တမ္ပဝတီအုပ်ချုပ်ရေးမှူး ဓားထိုးခံရပြီးသေဆုံး
- ဖမ်းဆီးခံထားရတဲ့ မွန်ဝန်ကြီးချုပ်နဲ့ သထုံအမတ်တို့ မိသားစုနဲ့ ၃ လနီးပါးအဆက်အသွယ်ပြတ်
- ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ကြိုဆိုကြောင်း ကလေးမြို့တွင်ဆန္ဒပြ
- မိတ္ထီလာတွင် ဆိုင်ကယ်စီးလာသူ ၃ ဦးကို စစ်တပ်ကပစ်ခတ်လို့ ၁ ဦးသေဆုံး
- ပုသိမ်မြို့က ဆန္ဒပြလူငယ်ကို မတွေ့သဖြင့် မိခင်နှင့်အစ်ကိုဖြစ်သူကို စစ်တပ်ကဖမ်းဆီး
- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကိုကြိုဆိုကြောင်း မြစ်ကြီးနားတွင် ချီတက်ဆန္ဒပြ
- မုဒုံမြို့ NLD ပြန်ကြားရေးတာဝန်ခံကို စစ်တပ်က အကြမ်းဖက်ဖမ်းဆီး
- ကလေးမြို့ ခရိုင်ပညာရေးမှူးရုံး ဗုံး ၂ လုံးပေါက်ကွဲမှုဖြစ်
- မြစ်ကြီးနားပညာရေးကောလိပ်အနီး ပေါက်ကွဲမှုများနှင့် ပစ်ခတ်မှုများရှိ
- မင်္ဂလာဒုံမြို့နယ်ရှိ စာသင်ကျောင်းတချို့မှာ ဗုံးပေါက်ကွဲခဲ့
- ဦးပိုင်ကုမ္ပဏီလက်အောက်ခံ ရွှေမန်းသူကားဝင်းအတွင်း ဗုံးပေါက်ကွဲ
- လပွတ္တာခရိုင်၊ မော်ကျွန်းမြို့မစျေးကြီး မီးလောင်ကျွမ်း
- စစ်တပ်ကဖမ်းဆီးထားတာ သင်္ကန်းကျွန်းကလူငယ် ၈ ဦး မိသားစုနဲ့အဆက်အသွယ်မရ
- NUG အစိုးရကိုသာ လက်ခံကြောင်း မန္တလေးသံဃသမဂ္ဂသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ
- ယူတိုးပီးယားတာဝါဗုံးပေါက်ကွဲမှုတွင် လက်ဝေ့သမားဖိုးသော် စိုးရိမ်ရဒဏ်ရာရထားပြီး တပ်မတော်ဆေးရုံတွင် ထိန်းသိမ်းထား
- မြစ်သားမြို့နယ်၊ ဒါးရဲကောင်းရွာထဲကို စစ်တပ်က အကြမ်းဖက်ဝင်ရောက်ပစ်ခတ်နေ
- ပြည်မြို့ အင်းဝဘဏ်ဗုံးပေါက်မှု သံသယရှိပြီးဖမ်းဆီးခံရသူ စစ်တပ်ကနှိပ်စက်လို့ သေဆုံး၊ မိသားစုသင်္ဂြိုလ်ခွင့်မရ
- လမ်းမတော်မြို့နယ်ရှိ ရန်ကုန်သူနာပြုတက္ကသိုလ်အနီး ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွား
- ဗိုလ်တထောင်မြို့နယ်၊ လမ်း ၅၀ ထိပ်တွင် လူငယ် ၈ ဦးကို စစ်တပ်ကဖမ်းဆီး
- စစ်တပ်ကို လက်နက်ရောင်းချခွင့်ပိတ်ပင်ပေးရန် ကုလသမဂ္ဂကို NGO အဖွဲ့အစည်းနှစ်ရာကျော် တိုက်တွန်း
- ထိုင်းနိုင်ငံထဲ တရားမဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၃၀ ခန့်ကို ထိုင်းအာဏာပိုင်များဖမ်းဆီး
- ရေဦးမြို့နယ်၊ ပင်စိမ်းကင်းရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၂၀ ကျော်ပျက်စီး
- မန္တလေးတွင် တရုတ်လူမျိုးနှစ်ဦးပစ်ခတ်ခံရမှု မတော်တဆဖြစ်ဟု စစ်ကောင်စီပြော
- မြဝတီမှ ဆိုင်ကယ်တက်စီမောင်းသူ ၂ ဦး ကော့ကရိတ် တောင်ကြာအင်းဖက်တွင် အသတ်ခံရ

၇.၅.၂၀၂၁
NUG
- NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ကာကွယ်ရေးဆိုင်ရာအခြေခံမူများ ထုတ်ပြန်ကြေညာ
- NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကို AAC မဟာမိတ်အဖွဲ့က ထိုင်းဘတ်ငွေ ၂ သန်းလှူဒါန်း
PDF
- တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စည်းကြောင်း ကြေညာ
- အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ \- ပေါင်မြို့နယ်ဖွဲ့စည်းကြောင်း ကြေညာ
- ကရင်နီပြည်သူ့ကာကွယ်ရေးတပ် \- KPDF ဖွဲ့စည်းကြောင်းကြေညာ
- မြင်းခြံခရိုင် \- ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့စည်းကြောင်း ကြေညာ
- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ \- ဒီးမော့ဆိုမြို့နယ် ဖွဲ့စည်းကြောင်း ကြေညာ
- ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်း
နိုင်ငံတကာ
- မြန်မာ့အရေးထဲထဲဝင်ဝင်ဆောင်ရွက်မည့် အထူးသံတမန်တစ်ဦးခန့်အပ်ရန် USအစိုးရကို US-ASEANစီးပွါးရေးကောင်စီတောင်းဆို
- ကရင်စစ်ဘေးရှောင် ၂၀၀၀ ကျော်ကို အကူအညီပေးနိုင်ရေး ထိုင်းအာဏာပိုင်များနဲ့ UNHCR ဆွေးနွေး
- US အစိုးရကထိန်းသိမ်းထားသည့် ဒေါ်လာ ၁ ဘီလီယံကို NUG အစိုးရထံလွှဲပြောင်းပေးရန် ဦးကျော်မိုးထွန်းတောင်းဆို
တိုက်ပွဲသတင်း
- ရွှေကူမြို့အနီး စစ်သားများသယ်ဆောင်လာသော သင်္ဘောနှစ်စီးကို KIA ကြားဖြတ်တိုက်ခိုက် ဒဏ်ရာရ သေဆုံးသူများပြား
- ကနီမြို့နယ် ပြည်သူနဲ့စစ်တပ် တိုက်ပွဲဖြစ် ဗိုလ်မှူးတဦးသေပြီး၊ လူငယ်တဦးကျဆုံးခဲ့
- နမ္မတူတွင် နေအိမ်များကို RCSS/SSA က မီးရှို့ခဲ့ဟု အရပ်ဖက်အဖွဲ့အစည်းများပြော
- အလော့ဘွမ်တောင်ကုန်းမှာ တိုက်ပွဲပြင်းထန်နေဟု ဗိုလ်မှူးကြီးနော်ဘူ ပြော၊ KIA ဖက်မှ အကျအဆုံးများရှိနေ
- မေ ၆၊ ကနီမြို့တိုက်ပွဲတွင် စစ်သား ၄ ဦးသေဆုံးပြီး စစ်ကားတစ်စီး မီးလောင်
- ကချင်ပြည်နယ် အင်ဂျန့်ယန်မြို့နယ်တွင် KIA နှင့် စစ်တပ် တိုက်ပွဲပြင်းထန်နေ
- ထိုင်း-မြန်မာနယ်စပ်ရှိ ဥသုတခြေကုတ်စခန်းကို KNU တပ်မဟာ ၅ နှင့် AA ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်
- မိုးမောက်တိုက်ပွဲတွင် လေယာဉ်ဖြင့်မှားယွင်းပစ်ခတ်မိလို့ စစ်သား ၃၀ ကျော်သေပြီး ၈၀ ကျော်ဒဏ်ရာရ
- ကနီမြို့နယ်၊ သမင်ခြံရွာကို စစ်တပ်ကအင်အားအလုံးအရင်းနဲ့ ဝိုင်းထား
- ကချင်မှာလေယာဥ်နဲ့ အချင်းချင်းပစ်ခတ်မိလို့ စကစစစ်သား ၃၀​ကျော်​သေ၊ ၈၀​ကျော်ဒဏ်ရာရ
- ကွတ်ခိုင်မှာ TNLA,MNDAAပူးပေါင်းတပ်နဲ့စကစတို့ တိုက်ပွဲပြင်းထန်နေ
ဗုံးသတင်း
- မန္တလေးတိုင်း မြန်မာ့အာမခံလုပ်ငန်းရုံး ဒုတိယအကြိမ် ဗုံးကွဲ
- ဗန်းမော်မြို့ မီးပွိုင့်လမ်းဆုံမှ ဗုံးပေါက်ကွဲမှုဖြစ်ပွား
- သထုံမြို့မစျေးမှာ ဗုံးတွေ့သည်ဟုဆိုကာ စစ်သားများဝင်ရောက်စီးနင်းရှာဖွေ
CDM
- အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာ သာသနာပြုတက္ကသိုလ်က CDM ဆရာ/မများ တာဝန်မှရပ်ဆိုင်းခံရ
- မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်ရှိ အမှုထမ်း၊ အရာထမ်း ၁၅၀ ခန့် တာဝန်မှရပ်ဆိုင်းခံရ
- မန္တလေးတက္ကသိုလ်ရှိ အမှုထမ်း၊ အရာထမ်း ၃၉၃ ခန့် တာဝန်မှရပ်ဆိုင်းခံရ
- တောင်ကြီးနည်းပညာတက္ကသိုလ်ရှိ CDM ပါမောက္ခ၊ ဌာနမှူး၊ ကထိက ၉၁ ဦး ရာထူးမှထုတ်ပယ်ခံရ
- မြစ်ကြီးနား နည်းပညာတက္ကသိုလ်ရှိ CDM ပါမောက္ခ၊ ဌာနမှူး၊ ကထိက ၆၀ ခန့် ရာထူးမှထုတ်ပယ်ခံရ
- ရန်ကုန်တက္ကသိုလ်ရှိ CDM ပါမောက္ခ၊ ဌာနမှူး၊ ကထိက ၃၃၉ ဦး ရာထူးမှထုတ်ပယ်ခံရ
- မအူပင်မြို့ တက္ကသိုလ်ရှိ CDM ပါမောက္ခ၊ ဌာနမှူး၊ ကထိက ၃၃၉ ဦး ရာထူးမှထုတ်ပယ်ခံရ
- ပုသိမ် ကွန်ပျူတာတက္ကသိုလ်က CDM ဝန်ထမ်း ၁၆ ဦး တာဝန်ကနေယာယီရပ်ဆိုင်းခံရ
- ဗိုလ်တထောင်ကောလိပ်ရှိ ပညာရေးဝန်ထမ်း ၄၁ ဦးတာဝန်မှရပ်ဆိုင်းခံရ
- ကချင်ပြည်နယ်၊ မြန်မာ့မီးရထား CDM ဝန်ထမ်း ၂၆ ဦး ရာထူးမှယာယီရပ်ဆိုင်းခံရ
- လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန (မြောင်းတကာ) ရှိ အမှုထမ်း၊ အရာထမ်းနှစ်ရာကျော် အလုပ်ထုတ်ခံရ
- မိုးကောင်းမြို့၊ CDM လုပ်ပြီးထွက်ပြေးသွားသည့် ရဲတဦးကို လိုက်လံရှာဖွေနေ
- ရေကြည်မှကျန်းမာရေး CDMဝန်ထမ်းများ၏မိသားစုများပါခြိမ်းခြောက်ခံနေရ
- ဆွစ်ဇာလန်၊ ဂျနီဗာသံရုံးက CDM ဝန်ထမ်း ၄ ဦးကိုအလုပ်ထုတ်ကြောင်း စစ်ကောင်စီထုတ်ပြန်
အထွေထွေ
- မြောက်ဒဂုံ၊ သံပုံးတီးသူများကို မီးရှို့မည်ဟု စစ်တပ်ကခြိမ်းခြောက်နေ
- ဝက်လက်မြို့ရှိ ကြံဖွံ့ဥက္ကဌပိုင် စားသောက်ဆိုင် မီးလောင်
- လားရှို့မြို့အခြေစိုက် ရွှေဖီမြေသတင်းအေဂျင်စီရုံးကို စစ်တပ်က မွှေနှောက်ရှာဖွေ
- လှိုင်သာယာ၊ တရုတ်အထည်ချုပ်စက်ရုံပိုင်ရှင် စက်ရုံပိတ်ပြီးထွက်ပြေး
- ထားဝယ်မြို့တွင် ပရဟိတလုပ်နေသည့် အင်ဂျင်နီယာကျောင်းသား ၁ ဦးဖမ်းဆီးခံရ
- စစ်ကြောရေးစခန်းတွင် ဖမ်းဆီးခံမိန်းကလေးများကို စစ်တပ်က လိင်ပိုင်းဆိုင်ရာထိပါးမှုများပြုလုပ်နေ
- စစ်ကိုင်းတိုင်း မြန်မာ့စီးပွားရေးဘဏ်ခွဲ မီးကွင်းပစ်ခံရ
- NLD ရုံးချုပ်မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှစ်ဦးကို စစ်တပ်ကဖမ်းဆီး
- တာမွေ၊ ဗျိုင်းရေအိုးစင်လမ်းက လူငယ် ၇ ဦးကိုစစ်တပ်ကဖမ်းဆီးသွား
- မီဒီယာများနှင့် အနုပညာရှင်များကို ထိန်းသိမ်းရန်ဥပဒေများထုတ်ရန် မင်းအောင်လှိုင်ပြော
- စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နှင့် ဝန်ကြီးများ အဂတိမှုဖြင့် စွဲဆိုခံရ
- မေလ ၆ ရက်နေအထိ ကျဆုံး ၇၇၂ဦး၊ ဖမ်းဆီး ၄၈၀၉ဦး ရှိဟု AAPP ထုတ်ပြန်ထား

၈.၅. ၂၀၂၁
NUG
- ထိုင်းမှမြန်မာလုပ်သားများ NUGသို့ ဘတ် ၂သန်းလှူ
- NUG အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ ပူးပေါင်းရန်လူငယ်များအားဖိတ်ခေါ်
- စစ်ကောင်စီနဲ့ တွေ့ဆုံညှိနှိုင်းမည်မဟုတ်ဟု NUG အစိုးရ ဒုသမ္မတပြော
နိုင်ငံတကာ&အာဆီယံ
- ဖမ်းဆီးခံလူငယ် ၁၀၀၀ခန့်မိသားစုနှင့်အဆက်အသွယ်မရဟု UNICEFဆို
- လူထုအပေါ်အကြမ်းဖက်မှုရပ်တန့်ရန် ထိုင်ဝမ်လူ့အခွင့်အရေးကော်မရှင် NHRC တိုက်တွန်း
- ASEAN ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးချုပ်မြန်မာပြည်လာရန်ပြင်ဆင်
တိုက်ပွဲသတင်း
- ရှမ်းမြောက်တွင်KIA၊TNLA၊MNDAA နှင့်စစ်တပ်တို့တိုက်ပွဲဆက်
- ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် ဆီဘောက်ဆာတစီး ပစ်ခတ်ဖျက်ဆီးခံရ
- စစ်တပ်ဖက်က လေကြောင်းဗုံးကြဲရာတွင် ဓာတုလက်နက်သုံးမသုံး KIA စစ်ဆေးနေ
- မေ ၆၊ ၇၊ ကနီမြို့နယ်တိုက်ပွဲတွင် စစ်တပ်ဖက်က တပ်ရင်းမှူးအပါအဝင် ၁၀ ဦးခန့်သေဆုံးခဲ့
- ကနီမြို့အနီး ချင်းတွင်းမြစ်ထဲသောင်တင်နေသည့် စစ်ရေယာဉ်တစီးကို ပြည့်သူ့ကာကွယ်ရေးတပ်များ လာရောက်တိုက်ခိုက်
- မိုးမောက်တွင်စစ်တပ်ကလေကြောင်းဖြင့်နေ့စဉ်တိုက်ခိုက်နေ
- စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်၊ မန္တလေး-မြစ်ကြီးနားလမ်းပေါ်က စီပိန်းတံတား မိုင်းခွဲဖျက်ဆီးခံရ
- ချင်းကာကွယ်ရေးတပ် CDF-ဟားခါးက စစ်တပ်စခန်းကိုမီးရှို့၊ စစ်သားနဲ့ရဲများထွက်ပြေးကြ
ဗုံးသတင်း
- စစ်သားများတပ်စွဲထားသည့် ဒဂုံဆိပ်ကမ်း အထက(၂) ကျောင်းတွင် ဗုံးပေါက်ကွဲ
- စစ်သားများတပ်စွဲထားသည့် ကျောက်ဆည်ဆေးရုံကြီးတွင် ဗုံးပေါက်ကွဲ
- မန္တလေးတွင် မေလ ရ ရက်နေ့က ၇ နေရာခန့်ဗုံးပေါက်ကွဲမှုဖြစ်ခဲ့
- တာချီလိတ်ဆေးရုံဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာတွင် ဗုံး ၂ လုံးပေါက်ကွဲ
- ရွှေကူမြို့ စရဖရုံးနဲ့ သင်္ဘောဆိပ်ခံတံတားတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား
- စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်တရားရုံးရှေ့ ဗုံးပေါက်ကွဲ
- မတ္တရာမြို့၊ စျေးအနီးက လဖက်ရည်ဆိုင်ရှေ့တွင် ဗုံးပေါက်ကွဲ
- ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်စည်ပင်ရုံးတွင် အသံဗုံးပေါက်ကွဲ
- မင်္ဂလာတောင်ညွန့်မြို့နယ်တွင် တနေ့တည်း ဗုံးပေါက်ကွဲမှု ၃ ခုရှိ
CDM
- ထားဝယ်တွင် CDM မူလတန်းကျောင်းအုပ်နှင့် ခင်ပွန်းဖြစ်သူကို စစ်တပ်ကဖမ်းဆီး
- မော်လမြိုင် တက္ကသိုလ် ၂ ခုက ဆရာ/မ ၁၃၆ ဦး တာဝန်မှရပ်စဲခံရ
- ရတနာပုံတက္ကသိုလ် အမှုထမ်း၊ အရာထမ်း ၆၁၉ ဦး တာဝန်မှရပ်ဆိုင်းခံရ
- ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြေသြဇာစက်ရုံက ဝန်ထမ်း ၆၆ ဦး အလုပ်ထုတ်ပယ်ခံရ
PDF
- CDM ဗိုလ်မှူးတစ်ဦးနှင့် ဗိုလ်ကြီးတစ်ဦးက GZ လူငယ်များကို လွတ်မြောက်နယ်မြေမှာ စစ်သင်တန်းပေး
- စစ်တပ်၏ကျောင်းပြန်ဖွင့်ရေးလုပ်ဆောင်မှုတွင် မပါဝင်ကြရန် မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးချက်ထုတ်ပြန်
- စစ်အာဏာရှင်ဖြုတ်ချရေးအတွက် မင်္ဂလာဒုံအမျိုးသားအစည်းအရုံး \- MNU ဖွဲ့စည်း
အထွေထွေ
- ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကို မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌခန့်
- ကချင်ရွှေကူဆိုင်ကယ်အရောင်းဆိုင်များမှ လိုင်စင်မဲ့ဆိုင်ကယ်များအပ်နှံရန် စစ်ကောင်စီပြော
- ၃၁ကြိမ်မြောက်ဗီယက်နမ်ဆီးဂိမ်း၌ မြန်မာမှအားကစား ၁၈ မျိုးပြိုင်မည်ဟုစစ်ကောင်စီထုတ်ပြန်
- စစ်ကောင်စီအား လက်နက်ရောင်းချမှုချက်ချင်းပိတ်ရန် ကုလလူ့အခွင့်အရေးကိုယ်စားလှယ် တိုက်တွန်း
- ကန့်ဘလူ၊ စစ်တပ်က ရွှေနှင့်ဖုန်းများလုယက်နေ၊ ဒေသခံများထွက်ပြေးနေရ
- သာကေတမြို့နယ်က လူငယ် ၆ ဦးကို စစ်တပ်က အကြမ်းဖက်ဖမ်းဆီးသွား
- စစ်ကိုင်းတိုင်း ကနီမြို့နယ်က စစ်ဘေးရှောင်ပြည်သူများ အရေးပေါ်အကူအညီများလိုအပ်နေ
- မုံရွာ ပညာရေးကောလိပ်ရှေ့တွင် စစ်ကားအချင်းချင်းတိုက်ပြီး ယာဉ်မောင်းဒဏ်ရာရ
- ကနီမြို့နယ်၊ ကင်းရွာသားတဦး တောထဲသွားနေစဉ် စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့
- ပုသိမ်မြို့ပေါ်က ဆိုင်ကယ်အရောင်းဆိုင်များကို စစ်တပ်နဲ့စည်ပင်က ပိတ်သိမ်းခိုင်း
- ရွှေကူမြို့၊ ဆိုင်ကယ်အရောင်းဆိုင်များက ဆိုင်ကယ်ရာနဲ့ချီပြီး စစ်တပ်ကလုယူသွား
- လှိုင်သာယာ၊ စက်မှုဇုန်(၂)ရှိ တရုတ်အထည်ချုပ်စက်ရုံတစ်ရုံ မီးလောင်
- ပို့ကုန်များအပေါ် စစ်ကောင်စီက ကြိုတင်ဝင်ငွေခွန်ကောက်ခံ
- ချောင်းဆုံမြို့နယ်တွင် ၁၉ နှစ်အရွယ်လူငယ်တဦး စစ်ကားနဲ့တိုက်သတ်ခံရ
- အကြမ်းဖက်ပစ်ခတ် ဖမ်းဆီးမှုများကြားက နိုင်ငံအဝှမ်း စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းများ ချီတက်ဆန္ဒပြ
- နွေဦးတော်လှန်ရေးကာလအတွင်း စစ်တပ်၏လူမဆန်မှုကြောင့် ကျဆုံးသူပေါင်း ၇၇၄ ဦးနှင့် ဖမ်းဆီးခံရသူ ၄၈၄၉ ဦး

Comments

Popular posts from this blog

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Oppo Ufont ကို အရင်ဆုံး Download လုပ်ပါ။ Click here to download 1. Download   2. Download   3. Download    Color OS 6 နှင့်အထက်ဖုန်းများတွင် 1. Setting / Languages and regions / Regions,တွင် Myanmar ပြောင်းပါ။ 2. Display & Brightness / Support Dai Characters, ကို ဖွင့်ပေးပါ။ Color OS 5.2 ဖုန်းများတွင် 1. Install Font App ကို install လုပ်ပါ။ 2.App ကို Change font ကိုနှိပ်ပြီး နှစ်သက်ရာ font ကို  apply လုပ်ပါ။ ____________________________________________