အသက်ရှူရပ်တန့်သွားချိန်များ

 ကျွန်တော် လူတစ်ချို့ကို တွေ့ဖူးတယ်။ သူတို့လက်တွေမှာ ဓါးနဲ့ မွှန်းထားတဲ့ ဒဏ်ရာတွေနဲ့။ ဘာလို့ အဲ့လို လုပ်တာလဲ လို့ ကျွန်တော်သူတို့ကို မေးခဲ့ဖူးတယ်။ အရည်မရ အဖတ်မရ ကိုယ့်အသား အနာခံလို့ကွာ ဆိုပြီး ကျွန်တော်သူတို့ကို ပြောခဲ့ဖူးတယ်။ တစ်ယောက်ကတော့ ပြန်ဖြေခဲ့တယ်။ ဓါးနဲ့ မွှန်းတဲ့ ဒဏ်ရာက အဲ့အချိန်မှာ မနာဘူး၊ ရင်ဘတ်ထဲက ပိုနာတာတဲ့။ ဒါပေမယ့် အဲ့လို ဓါးနဲ့ မွှန်းလိုက်တော့မှ ရင်ဘတ်ထဲက အနာကို မေ့သွားတာ တဲ့။ လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ ကျွန်တော့် အသိတစ်ယောက်က ကျွန်တော့်ကို စိတ်ကျန်းမာရေးဆရာဝန်ဆီ သွားသင့်နေပြီလို့ လာပြောတယ်။ အင်း ဟုတ်ရင်လည်း ဟုတ်မှာပါ။ ကျွန်တော်လည်း သွားသင့်နေပြီလို့တော့ ထင်တာပဲ။ 

တချို့အရာတွေကို ကျွန်တော် မခံစားနိုင်ဘူး။ The Godfather part 1 နဲ့ part 2 ကြည့်တယ်။ ကျွန်တော် part 3 ဆက်မကြည့်ရဲဘူး။ ခက်ဇော်ရဲ့ The Guys from Mandalay 1950s ကိုဖတ်တယ်။ တဝက်လောက်အရောက်မှာ ကျွန်တော် ဆက်မဖတ်နိုင်တော့ဘူး။


ညသန်းခေါင်ကျော် တစ်နေရာမှာ လှောင်ပိတ်မိနေတယ်။ လူရော အတွေးတွေရောပေါ့။

Comments

Popular posts from this blog

MacOS Myanmar Unicode Keyboard

Typing Tutor For Myanmar Unicode

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ