Skip to main content

Lumos Maxima

 






Projector ဝယ်ပြီး home cinema လုပ်မယ် စိတ်ကူးနေတာ ကြာပြီ။ ပိုက်ဆံ မရှိလို့ မလုပ်နိုင်သေးတာ။ ခုကျ ငွေယားလေး ရှိတာနဲ့ projector တလုံး ဝယ်မယ် စိတ်ကူးယုံ ရှိသေး စလုံးက အသိအမ မပိုးက သူဝယ်ထားတာလေး ပိုစ့်တင်ထားတာ တွေ့လို့ သူ့ကို မေးပြီး သူဝယ်တဲ့ ဆီက လိုက်ဝယ်လိုက်တာ။ စလုံးမှာနေတဲ့ ဘော်ဒါတစ်ယောက်ကို အကူအညီတောင်းပြီး သူ့ကိုဝယ်ခိုင်း၊ ပြီးမှ delivery နဲ့ ရန်ကုန်ကို ပို့ခိုင်းရတာ။ SG to YGN အိမ်အထိကို S$40 ကျတယ်။ 

မဝယ်ခင် lumosprojector.com ထဲ ဝင်ပြီးကြည့်တော့ Lumos Auroa နဲ့ Ray ဆိုပြီး ရှိတယ်။ Auroa က 1080P ရပြီး Ray က 720P ရတယ်။ ဈေးက  auroa က 100 S$ ပိုများတယ်။ Projector  ၂ မျိုးစလုံးမှာ smart နဲ့ normal ဆိုပြီး ထပ်ကွဲတယ်။ Normal ကတော့ HDMI input ကနေပဲ ရုပ်ထွက်တယ် ၊ အလုပ်လုပ်တယ်ပေါ့။ Smart version က ကျ Android OS နဲ့ လာတယ်။ Netflix နဲ့ YouTube လည်း ပါပြီးသား။ Google Play Store လည်းပါတော့ တခြား Disney+ တို့ဘာတို့ လည်း ထပ်ထည့်လို့ရတယ်။ နောက်ပြီး Android Phone ကနေ Screen Mirroring ရတယ်။ iOS နဲ့ MacOS ကနေလည်း Air Play နဲ့ ရတယ်။ Spec တွေသိချင်ရင် သူ့ website ကိုသာ သွားကြည့်။ အဲ့မှာ အကုန်ရေးထားတယ်။

ကျွန်တော်က သေးတာပဲ ယူမယ် ဆိုပြီး Ray ကို ယူလိုက်တယ်။ ရောက်လာတော့ သေးတော့ မသေးဘူး။ portable လို့ ပြောလို့တော့မရလောက်ဘူး။ နည်းနည်းတော့ကြီးတယ်။

မကောင်းတဲ့ အချက်က စ ပြောရရင် အသံထွက် အတော်ဆိုးတယ်။ Youtube ပေါ်က review တွေက တော့ အသံထွက်ကောင်းတယ် ပြောကြပေမယ့် ကျွန်တော့်အတွက်တော့ အတော်ဆိုးတယ်ပဲ။ အဲ့တာနဲ့ ကျွန်တော့်မှာ ရှိပြီးသား JBL Flip 5 bluetooth speaker လေးနဲ့ တွဲပြီးကြည့်နေရတယ်။

ကောင်းတဲ့အချက်ကိုပြောပါဆိုရင် အကုန်နီးပါးကောင်းပါတယ်။ ရုပ်ထွက်တာကလည်း အတော်မိုက်တယ်။ သူ့ Ads ထဲမှာတော့ နံရံဗြောင် ကို ထိုးရင် ရပါတယ်ဆိုပေမယ့် အဖြူဗြောင်ကို ထိုးတာမှ ကာလာက အဆင်ပြေတယ်။ တခြားအရောင်တွေ နဲ့ဆို အဆင်မပြေဘူး။ ကျွန်တော် အခန်းကို ပိတ်စ အဖြူနဲ့ နံရံမှာကပ်တယ်။ ပိတ်စက ပါးနေတော့ အဆင်မပြေဘူး။ နောက်ဆုံး ဘယ်လို လုပ်လိုက်သလဲဆို ဓါတ်ပုံရိုက်ရင် သုံးတဲ့ backdrop paper အဖြူကြီးကို နံရံမှာ double tape နဲ့ ကပ်လိုက်တော့မှ အဆင်ပြေသွားတော့တာ။

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...