Skip to main content

The abandoned cities

 ရန်ကုန်ကို ပြန်ရောက်လာခဲ့တယ်။ ရန်ကုန်ဟာ မြို့ပျက်ကြီး တစ်ခုဖြစ်သွားခဲ့ပြီ။ အရာရာဟာ ခြောက်သွေ့၊ လမ်းမပေါ်မှာ ကားတွေတချို့နဲ့ မီးပွိုင့်မှာ ဈေးရောင်းတဲ့ ကလေးတချို့ပဲ ရှိတယ်။ ရုံးပိတ်ရက်ဆိုရင် စည်ကားတဲ့ မြန်မာပလာဇာ မှာကိုပဲ ဝါဆိုလပြည့်နေ့ ကြီး လူ မရှိပဲ ခြောက်ကပ်နေတယ်။ City Mart မှာလည်း လူတွေ panic buying လုပ်နေကြတာ အများကြီးပဲ။ ပိုက်ဆံရှိလူတန်းစားတွေပဲ နင်းကန်ဝယ်နေကြတာ။ တနေ့လုပ်မှ တနေ့စားရတဲ့ သူတွေကျတော့ ဝယ်စရာ ပိုက်ဆံကို မရှိလို့ ဘာတွေ ဝယ်စား ဘယ်လို နေကြသလဲ လို့ စိတ်ပူနေမိတယ်။ အလုပ်တွေလည်း ပိတ်ထားကြရတယ်။ ကိုဗစ်နှိပ်စက်လို့ ကိုဗစ်မကူးရင်တော်ပါပြီ ဝင်ငွေမရှိလည်း နေနိုင်ပါတယ် ဖြစ်ကုန်ကြတယ်။ နေ့စား အလုပ်သမားတွေ အများကြီး ( အများကြီး ဆိုမှ အများကြီး ) အလုပ်လက်မဲ့ဖြစ်သွားကြတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု့တွေလည်း ထွက်ခွာသွားကြတော့ အဲ့ကနေ အလုပ်လက်မဲ့ဖြစ်တဲ့ နှုန်းကလည်း မြင့်တက်လာတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ရှားပါးလာတယ်။ နိုင်ငံခြား company တွေကလည်း ထွက်ကုန်ကြတော့ အဲ့မှာ အလုပ်လုပ်တဲ့သူတွေကလည်း မြန်မာနိုင်ငံက ထွက်ဖို့ပြင်နေကြပြီ။ ပိုင်ဆိုင်မှု့တွေ များလာလေ စွန့်လွှတ်နိုင်ဖို့ ကြောက်လာလေပါပဲ။
အရင် covid wave တွေတုန်းကလည်း လူတွေ မရှိတိတ်ဆိတ်ခြောက်ကပ်နေခဲ့တာပါပဲ။ ဒါပေမယ့် အခု အချိန်မှာတော့ မတူဘူး။ လူတွေ မှာ အကြောက်တရားတွေပါ ပါလာပြီ။ ဘယ်နေရာမှာ ဘယ်လို ထပေါက်ကွဲမလဲ ဆိုတဲ့ စိုးရိမ်စိတ်ကြီးတွေလည်း ရှိလာတယ်။ တကယ်တော့လည်း အခြေအနေက ဘယ်အချိန်မှာ ထ ပေါက်ကွဲမလဲ ဆိုတာကို စောင့်နေရသလိုကြီး ဖြစ်နေတယ်။ ကိုယ်တွေတင် ကြောက်နေတာမဟုတ်ဘူး။ သူတို့က ပိုတောင်ဆိုးသေး။ သေနတ်တွေကိုင်ထားပြီး မြို့ထဲမှာ အကာအကွယ် အပြည့်နဲ့ ကြောက်နေရတာ။ ကိုဗစ်ကို ကောင်းကောင်း မထိန်းနိုင်တော့ အကုန် ဒုက္ခ ရောက်တော့တာပဲ။ တနေ့တနေ့ အောက်ဆီဂျင် မရလိုက်လို့ expire ဖြစ်သွားတဲ့ လူနာတွေ ကလည်း ကိုယ့်မျက်စိရှေ့တင် မနည်းဘူး။ ကိုယ့်အသိမိတ်ဆွေတွေလည်း တရက်တရက် ဆုံးသွားလိုက်ကြတာ မနည်းမနောပဲ။
ရန်ကုန်ကနေ နယ်ဘက်ကို ခရီးထွက်ဖြစ်တော့ နယ်တွေက ပိုဆိုးနေတယ်။ ရန်ကုန်မှာ ခြောက်ကပ်တယ် ဆိုပေမယ့် နယ်တွေမှာ အဲ့ထက် အဆ ၁၀၀ ပိုဆိုးတယ်။ မြို့လယ်ခေါင် နေ့ခင်းကြောင်တောင်ကြီးကိုပဲ တိတ်ဆိတ် ခြောက်ကပ်နေတာ။ မြို့အဝင် အထွက် နေရာတိုင်းလိုလိုကိုပဲ လက်နက်ကိုင် စစ်ခွေးတွေက လာသမျှ ကား အကုန် တားပြီး စစ်တယ်။ သူတို့ ခေတ် ရောက်နေတာကိုး။ မထင်ရင် မထင်သလို အော်ဟစ် ငေါက်ငမ်းတော့တာပဲ။ ရန်ကုန် အဝင် အထွက် စစ်တဲ့ စစ်ခွေးတွေကတော့ PR ကောင်းတယ်။ ယဉ်ယဉ်ကျေးကျေးပဲ စကားပြောတာက အစ။ နယ် ဂိတ် တွေက ကောင်တွေက အတော် ကြမ်းတယ်။ လက်ထဲက သေနတ်အားကိုးနဲ့ မိုက်ကန်းချင်နေကြတော့တာပဲ။ ရန်ကုန် မန်းလေး လမ်းတလျှောက် ထောက်ပို့ကားတွေ အတန်းလိုက်ကြီး တွေ့ခဲ့တယ်။ တပ်တွေ အပြောင်းအရွေ့လုပ်နေတာလည်း တွေ့နေရတာပဲ။ တပ်ထဲက propaganda တွေက အလုပ်ဖြစ်နေတုန်းပဲ။
မြင်းခြံရောက်တော့ လည်း မြို့ပျက်ကြီး နောက်တခုကို တွေ့လိုက်ရတာပဲ။ ရန်ကုန်မှာက တော်သေးတယ်။ သွားလာ လှုပ်ရှားနေတဲ့ သူတွေ ရှိတယ်။ ဆိုင်တွေ ဖွင့်တယ်။ မြင်းခြံကတော့ အတော် ဆိုးဆိုးပဲ။နေ့လည် ကတည်းက မြိုပေါ် လူ ကို မရှိတော့တာ။ နေရာတကာ စစ်ခွေးတွေ ချည်းပဲ။ မြို့လယ်က အထက (၄) ကျောင်းထဲမှာ အခိုင်အမာ တပ်စွဲထားတာ။ ကျောင်းထဲ ကို တပ်စွဲတယ် ဆိုကတည်းက ROE ကို မလိုက်နာတာပဲ။ 

(ဆက်ရေးပါဦးမယ်)

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...