Wireless file transfer between PC & Android

Android ဖုန်းနဲ့ Mac OS ချိတ်ပြီး ဖိုင်တွေ အရွေ့အပြောင်းလုပ်ရတာ အတော် တိုင်ပတ်တာ။ Android က ထုတ်ပေးထားတဲ့ Android file transfer က လည်း တခါတလေ ကြောင်တောင်တောင်နဲ့ battery က စားသေးတယ်။ ပြီးတော့ ကြိုးတန်းလန်းနဲ့ Thunderbolt 2   ပေါက်တည်းပါတဲ့ macbook နဲ့ တွေ့တော့ အတော်ကို အဆင်မပြေတာတွေပေါ့။ အဲ့တာနဲ့ ဘာလုပ်ရင် ကောင်းမလဲ စဉ်းစားရင်း ဒါလေးကို သွားတွေ့တယ်။ သုံးကြည့်တော့လည်း အတော် အဆင်ပြေတယ်။ MacOS မှ မဟုတ်ဘူး။ တကယ်တော့ ဘယ် Desktop OS နဲ့ မဆို ရတယ်။ Window, Linux လည်း ရတာပဲ။

Click Here to download for Android

Android ဖုန်းမှာ app ထည့်လိုက် ပြီးရင် အလယ်က ခလုတ်ကို နှိပ်လိုက်။ ပြီးရင် သူပြထားတဲ့ address ကို safari မှာ ရိုက်လိုက်တာနဲ့ wireless file transfer လုပ်လို့ရပြီ။ ကြိုးနဲ့ ထက်တောင် ပိုမြန်သေးတယ်။ Android File Transfer မှာ ဆိုရင် ပုံတွေ ကို thumbnail တောင် မမြင်ရဘူး။ ဒီမှာ မြင်ရတယ်။ Transfer speed ကလည်း ကြိုးနဲ့ထက်ကို ပိုမြန်တယ်လို့ ခံစားရတယ်။ ကြိုးနဲ့ file transfer လုပ်ရင် တခါတလေ ရပ်ရပ်သွားတာတွေ ရှိတယ်။








Comments

Popular posts from this blog

MacOS Myanmar Unicode Keyboard

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း