Skip to main content

My Media Server Set Up

အိမ်မှာ ရုပ်ရှင်ကြည့်တယ်ပေါ့။ ပြဿနာက ဒီလို။ အိမ်ရှေ့ခန်းထဲမှာက  Mi TV 4S နဲ့ ကြည့်တယ်။ အိပ်ရာထဲရောက်သွားရင် Tablet or phone or laptop နဲ့ ကြည့်တယ်။ အိမ်ရှေ့က ဆိုင်ထဲမှာဆို ဆိုင်ထဲမှာထားတဲ့ desktop PC နဲ့ကြည့်တယ်။ ဒီနေရာမှာ Netflix ဝယ်ကြည့်လေလို့ ပြောရင်လည်းခံရမှာပဲ။ Netflix လည်း ဝယ်ကြည့်ပါတယ်။ ဝယ်သာဝယ်ထားတာ သိပ်လည်း မကြည့်ဖြစ်ပါဘူး။ နောက်ပြီးတော့ ကိုယ်ကြည့်ချင်တဲ့ ဇာတ်ကားတိုင်းက Netflix မှာ မရှိဘူး။ ပြီးတော့ လစဉ်ကြေးကလည်း ထည့်တွက်ရဦးမယ်။ အဲ့ဒါနဲ့ Media server လုပ်ဖြစ်သွားတာပဲ။

Media server ဆိုတာကတော့ ရုပ်ရှင်တွေ media တွေကို အိမ်မှာရှိတဲ့ HDD တစ်လုံးထဲကိုထည့်ထားပြီးအဲ့ထဲက ရုပ်ရှင်တွေကို အိမ်မှာရှိတဲ့ TV, Tablet, Phone နဲ့ Computer တွေကနေ ဝင်ကြည့်လို့ရသွားတာကို ပြောချင်တာပါ။





အဲ့ဒါနဲ့ ဘာ softwareသုံးရမလဲ လိုက်ရှာရင်း Flex ကို တွေ့တယ်။ ဒါပေမယ့် free version မှာ streaming က တစ်မိနစ်ပဲရတယ်။ Kodi ကျတော့ standalone ပဲ သုံးလို့ အဆင်ပြေတယ်။ ဘယ်လိုလုပ်ရမလဲ မသိလို့လားတော့ မသိဘူး။ အဲ့ဒါနဲ့ လိုက်ရှာရင်း EMBY ကို သွားတွေ့တယ်။

https://emby.media/

Emby က platform တော်တော်များများကို support ပေးထားတာ။ PS4, PS3, Xbox တွေအထိပါပါတယ်။ Mobile အတွက်ဆို Window mobile အတွက်တောင်ပါလိုက်သေးတယ်။

Downlod Emby

အဲ့ဒီက media server ကို ကိုယ့် OS အတွက် Download လုပ်ပြီး install လုပ်လိုက်။ ပြီးရင် browser based set up ကနေ set up လုပ်လိုက်။ Movies folder ကို နေရာရွေးပေးလိုက်။ Network setting တွေဘာတွေ ဘာမှ ခေါင်းစားစရာမလိုဘူး။ 
 ပြီးရင် ကိုယ့် ဖုန်းထဲက App Store, Google Play Store ကနေ Emby ကို ထည့်လိုက်။ LAN ထဲတော့ ရှိနေဖို့လိုတာပေါ့။( Server install လုပ်ပြီး run ထားတဲ့ Network နဲ့ ဖုန်းကချိတ်ထားတဲ့ Network က အတူတူပဲ ဖြစ်ရမယ်လို့ ဆိုလိုချင်တာပါ။ )

နောက်တစ်ခု ပြဿနာရှိတာက Streaming  ကျ premium မှပဲ ရမယ် ဆိုတော့ crack ပဲ လိုက်ရှာရတော့တာပေါ့။ Android TV မှာ ကျတော့ ၂ ပါတ်တော့ သုံးလို့ရမယ်ပေါ့။ အဲ့ဒါနဲ့ ဗမာကျင့် ဗမာကြံ ပြီး cracked ထားတာ လိုက်ရှာပြီး Mi Tv မှာ install လိုက်တော့ အဆင်ပြေသွားတယ်။

Click here to download Cracked Emby for Android TV

နောက်တစ်ခု မိုက်တာက CM က download လုပ်ထားတဲ့ movies တွေကို file name မှာ ရှေ့က cm ဆိုတဲ့ စာလုံးကိုပဲဖျက်ပြီး ထားလိုက်တာ Mi TV မှာ meta data တွေ download လုပ်ပြီး ပြတာ အတော်မိုက်သဗျ။



ဒီနေ့ပဲစမ်းသုံး၊ ဒီနေ့ပဲပိုစ်ရေးလိုက်တာဆိုတော့ ဘာတွေပြဿနာရှိသေးလဲတော့ မသိသေးဘူး။ ပြဿနာရှိလာရင်လည်း ပြောကြဦး။ ခုတော့ အဆင်ပြေနေသေးတာပဲ။

သိပ်ကြိုက်လွန်းရင်လည်း premium ကို ဝယ်ပြီး သုံးလို့ရပါတယ်။

https://emby.media/premiere.html  

Lifetime ကို device 25 လုံးစာ ကို 119$ ဆိုတော့ မဆိုးဘူးလို့ ပြောလို့ရပါတယ်။ တကယ်သုံးဖြစ်မယ်။ သုံးလည်း သုံးမယ်ဆိုရင်ပေါ့။



Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...