ခင်ဝမ်း သို့

တကယ်တမ်း ကိုယ့်ဟာကိုယ်လှည်းတန်းမှာ ဘော်ဒါတစ်ယောက်နဲ့ ချိန်းထားရင်း ကန်ဘောင်ရှေ့က လမ်းဖြတ်လျှောက်မိတော့ ဂစ်တာသံ ကြားတော့ မနေနိူင်ပဲ ဝင်နားထောင်မိသွား တာ။

စပြီးနားထောင်တော့ကင်မရာကိုသတိမရပဲဂစ်တာသံတွေကြားမှာ မျောနေသေးတယ်။ နောက်ကျမှ ရိုက်ဖို့သတိရသွားတာ။ အဲ့အချိန်မှာ စိတ်ထဲ ရိုက်ရမလား မရိုက်ပဲဇိမ်လေးနဲ့ ဆက်နားထောင်ရမလားဆိုပြီး တွေဝေနေသေးတယ်။ နောက်ကျမှ ရိုက်ပြီးသိမ်းထားလိုက်ရင် ဘယ်အချိန်ပြန်နားထောင်ထောင် ရတာပဲ ဆိုပြီး ရိုက်တဲ့ အထဲ စိတ်ထည့်လိုက်ရတာ။


ဒီ video တွေကို အစက တယောက်တည်းပဲ ကြည့်နေတာ။ နောက်ကျတော့ ကိုယ့်လို ကြည့်ချင်တဲ့သူတွေလည်း ရှိမှာပဲ ဆိုပြီး ဒီမှာလာတင်ဖြစ်သွားတာ။ အဲ့တုန်းက ဖြစ်ချင်တော့ ကင်မရာ battery က အပို တစ်လုံးပဲ ပါလာတာ။ 4K က ကြာကြာ ရိုက်လို့လည်းမရဘူး။ ရိုက်ရင် ကင်မရာက ပူလာရော။ အဲ့ဒါနဲ့ပဲ ရသလောက်ပဲ ရိုက်ခဲ့ရတယ်။ သီချင်းတွေ အကုန်ပါအောင် ရိုက်ချင်ခဲ့တာပေါ့။



Comments

Popular posts from this blog

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

MacOS Myanmar Unicode Keyboard

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ