M 50 ဝယ်ပြီးနောက်နေ့ ကင်မရာဖွင့်ပွဲ လုပ်ပေးမယ်ဆိုပြီး ဆရာသမားက ခေါ်လို့ လိုက်သွားတာပဲ။ အဲ့မှာ စတွေ့တာပဲ။ အမှန်အကန်ရိုက်တာပေါ့။ ISO ကလည်း အနိမ့်ဆုံး 100 ထိ ချထားတယ်။ F ကလည်း နောက်က ဝါးအောင်ဆိုပြီး f 1.4 အထိ ဖွင့်ပစ်ထားတာ။ ရိုက်ပြီးသား ပုံ ကို ပြန်ကြည့်တော့ တော်တော် ဆိုးဆိုးကြီး။ အဲ့တာနဲ့ shutter ကို ဂိတ်ဆုံးတင် တော့ 1/4000 ဖြစ်သွားတယ်။ ထပ်ရိုက်တယ်။ မရသေးဘူး။ စောနလောက် မဆိုးတော့ပေမယ့် ပြီး မှ ပြင်မယ်ကွာ ဆိုပြီး လုပ်လိုက်တာ။ ခု ပြင်တော့ အဲ့ အလင်း တအားဝင်တဲ့ နေရာက ဘယ်လိုမှ အလင်းလျော့ မရတော့ဘူး။
Lesson learned က တခါတည်း ကင်မရာထဲမှာ တတ်နိုင်သလောက် အပြီးရိုက်ပါ။ ဒါလေး photoshop နဲ့ ပြင်လိုက်မယ် ဆိုတဲ့ စိတ် ဖြောက်ပါ။
နောက်တခုက f ကို အကျယ်ဆုံးထားတိုင်း မဝါးပါဘူး။ f 1.4 ထိရတဲ့ lens ဆိုရင် 1.8 လောက်မှာ ထားကြည့်ပါ။ Lens တလုံးချင်းဆီမှာ sweet aperture ဆိုတာရှိပါတယ်။ ကိုယ့် lesn က ဘယ်လောက်မှာ ကောင်းတယ် ဆိုတာ ရိုက်နေမှပဲ သိမှာပါ။ ဒါကြောင့် ဆရာတွေက များများရိုက် လို့ ပြောနေတာပါ။
နောက်တခုက DSLR နဲ့ mirrorless ကွာတာပါ။ ကျွန်တော်က ကျွန်တော့်မှာ burn နေတယ် ရိုက်မရဘူး ဆိုပြီး သွားပြော ပြ တော့ ဆရာသမားက သူ့ကင်မရာ ကျွန်တော့ကို ပြပါတယ်။ 1/8000 နဲ့ ပါ။ မှတ်ကရောပဲ။
Comments
Post a Comment