Skip to main content

ဖုန်းဆိုင်ပုံပြင် (၂)

၂၀၂၀  ရောက်တော့ လူတွေ မြန်မာယူနီကုဒ် စနစ်ကို ပြောင်းကုန်ကြတယ်။ ကိုယ်ကအစကတည်းက
unicode ပဲ ဆိုတော့ ကိုယ့်ဆိုင်မှာ လာပြောင်းရင်တော့ ပိုက်ဆံမယူပဲ အလကားပဲ လုပ်ပေးလိုက်တယ်။
တစ်ရက်ကြတော့ ကောင်လေးတစ်ယောက် ဆိုင်ကိုရောက်လာတယ်။ မြန်စံ ထည့်ချင်လို့တဲ့။ ကိုယ်ကတော့ ချက်ချင်းသဘောပေါက်ပါတယ်။ ရတယ် ညီလေး ဆိုပြီး လက်ခံလိုက်တယ်။ အဲ့ဒါသူ့ဖုန်းကို ယူကြည့်တော့ unicode က ပြောင်းပြီးသား။ ကီးဘုတ်ကလည်း Bagan Keyboard ကို unicode input နဲ့ပဲ။ အဲ့ဒါနဲ့ ကိုယ်လည်းခေါင်းကုက်လိုက်ရတယ်။ အဲ့ဒါနဲ့ သူ့ကို ပြန်မေးတော့လည်း မြန်စံ ထည့်ပေးရမှာလေ အကို တဲ့။ နောက်ဆုံး အတော်စဉ်းစားလိုက်မှ သဘောပေါက်သွားတယ်။ ကိုသန့်သက်ရဲ့ TT keybard ထည့်ပေးလိုက်တော့မှ။ ဟာ ဟုတ်တယ် အကို။ ကျွန်တော်ပြောတာအဲ့ဒါတဲ့။ မြန်စံဖောင့် ထည့်တာ ဒီရပ်ကွက်ထဲက ဆိုင်တွေ လိုက်ထည့်တာ တဆိုင်မှထည့်မရလို့ ကျွန်တော်တိုင်ပတ်နေတာ တဲ့။
(စိတ်ထဲမှာတော့ ဒင်းကို နားရင်းချည်း ရိုက်ပစ်ချင်နေတာ ) 

Comments