Skip to main content

Kindle တွင် Unicode ထည့်နည်း

■ Kindle Reader များတွင်ယူနီကုဒ်ဖတ်၍ရအောင်ပြုလုပ်ခြင်း■
Software 3 ခုလိုပါတယ်။
၁။ Calibre
၂။ Kindle Previewer 3 
၃။ KFX zip
တို့လိုပါတယ်။ ပထမအဆင့် Kindle Previewer 3 ကိုသွင်းပါ။ ပြီးရင် calibre မှာ KFX plug in ကိုသွင်းပါ။ ပြောင်းချင်တဲ့စာအုပ်ကိုCalibre  ထဲထည့်ပြီး .KFX သို့ ပြောင်းပါ။ စက်ထဲထည့်ပါ။ Kindle မှာ ဖောင့်ကို  ပြည်ထောင်စုချိန်းလိုက်ပါ။ ရသွားပါပြီ။ အားလုံးအဆင်ပြေချောမွေ့ကြပါစေဗျာ။

■ Kindle Previewer 3 ■
Previewer3 ကိုသွင်းရတဲ့ရည်ရွယ်ချက်က Calibre မှာ KFX ကိုပြောင်းတဲ့အခါ Fail မဖြစ်ရအောင်လို့ဖြစ်ပါတယ်ခင်ဗျ။

■ KFX plug in.zip ■

မှတ်ချက်။ စက်ထဲမှာ ပြည်ထောင်စုဖောင့်ရှိနေဖို့လိုပါတယ်။ ပြီးရင် စာအုပ်ကို ဖောင့် 𝐬𝐞𝐭𝐭𝐢𝐧𝐠 ထဲမှာပြည်ထောင်စုရွေးပေးရပါမယ်။ ဖောင့်မထည့်တတ်ပဲရှိခဲ့သော် ဒီမှာကြည့်ပါခင်ဗျ။



ခက်ခဲလွန်းတယ်လို့ထင်ရင်ကြည့်ဖို့ပါ။ တူတူပါပဲ။ Video Version ပေါ့ဗျာ။

■ Special Thanks to mobile-read forum.■
Zawgyi နဲ့ Unicode က စာဖတ်ရင် တော်တော်သိသာပါတယ်။ Unicode မှာ စာလုံးတွေကွဲနေ ပြတ်နေတာ မရှိတော့ ကြည့်ရတာ အတော်စိတ်ချမ်းသာတယ်။ ဒီပုံ ၂ ပုံကို ကြည့်ရင် သိသာပါတယ်။


ဒါက  ဇော်ဂျီပါ။
ဒါကတော့ Unicode ပါ။ အပေါ်က ဇော်ဂျီမှာ "လူတိုင်း" ဆိုတဲ့စာလုံးမှာ "တို" ကအပေါ်မှာ ကျန်နေခဲ့ပြီး "င်း" က အောက်တစ်ကြောင်းကို ဆင်းသွားတာ တော်တော် ကြည့်ရ အဆင်မပြေတာပါ။

Comments

  1. my kindle doesn't support KFX. any idea to read in unicode, zawgyi font install is fiine but can't get uni on my device.

    ReplyDelete

Post a Comment

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။