Skip to main content

ယူနီကုဒ် စာရိုက်နည်း

ယူနီကုဒ်အကြောင်းပြောရင် စာရိုက်နည်းလဲ ချန်ထားလို့မရပါဘူး။ ယူနီကုဒ်မှာ စာရိုက်နည်း ၂ မျိုးရှိပါတယ်။
ပထမတစ်ခုကတော့ Smart keyboard ပေါ့။ မြန်မာသင်ပုန်းကြီးရိုက်သလိုပဲ ရိုက်ရတော့ ခက်အခဲမရှိပါဘူး။ ဝင်းလို ရရစ်ကို ရှေ့ကရိုက်စရာမလိုပါဘူး။
နောက်တစ်ခုက logical order နဲ့ရိုက်တဲ့နည်းပါ။ ဒီစနစ်မှာ ဗျည်းသံ သရသံတွေကို ခွဲခြားသိရင် ပိုပြီး လွယ်ပါတယ်။  စရိုက်ရင် သဝေထိုးက ပြဿနာပေးတယ်။ မြန်မာတွေရေးရင် သဝေထိုးရှေ့ကရိုက်ကြတာ ဘာလို့ ယူနီကုဒ်မှ နောက်ကရိုက်သလဲ မေးစရာရှိပါတယ်။
ရှေးဦးစွာ စကားသံတစ်ခုမှာ ဗျည်း၊သရ တွဲပြီးမှ ဖြစ်လာပါတယ်။ ဝဏ္ဏတစ်ခု(စကားသံတစ်ခု) မှာ အဓိက ပြောရရင် ဗျည်း ပြီးမှ သရလာရပါတယ်။ ကာ ဆိုတဲ့ အသံရဖို့ က+အာ>ကာ ရယ်လို့ ဗျည်းနဲ့သရ ပေါင်းစပ်ရပါတယ်။ ကိ ဆိုတဲ့ စကားသံဆိုရင် က+အိ>ကိ လို့ရပါမယ်။
မြန်မာစာမှာ သဝေထိုးပါတဲ့ သရသံ ၃ ခုရှိပါတယ်။ အေ၊ အော၊ အော် ပါ။ ကောင်းပြီ ဗျည်းပြီးမှသရလာတာဖြစ်တဲ့အတွက် ကေ ဆိုရင် က+အေ>ကေ လို့ဖြစ်ပါတယ်။ ကော= က+အော>ကော၊ ကော်= က+အော်>ကော် ဖြစ်ပါတယ်။ သဝေထိုးဟာ ရေးရင် အရှေ့ကရေးပေမယ့် အသံအရ နောက်ကပဲ နေပါတယ်။ ဒါကြောင့် သဒ္ဒဗေဒအရ ယူနီကုဒ်မှာ သဝေထိုး ေ ကို ဗျည်းနောက်မှာပဲ ထားရပါတယ်။
ဒါဆိုရင် logical နဲ့ ရိုက်မယ်ဆိုရင် အကြံပေးချင်တာက ဗျည်း၊ သရ ဆိုရိုက်တာ အကောင်းဆုံးပါကဲ။ က+အာ>ကာ။ က+အိ>ကိ။ က+အီ>ကီ။ က+အု>ကု။ က+အူ>ကူ။ က+အေ>ကေ။ က+အဲ>ကဲ။ က+အော>ကော။ က+အော်>ကော်။ က+အို>ကို။ ဒီလို ဗျည်းသံ သရသံ ခွဲရိုက်ရင် နားလည်ရ လွယ်ပါလိမ့်မယ်။
နောက်ထပ်ပြောစရာရှိတာက ဗျည်းတွဲတွေပါ။ စောစောက ပြောပြီးပါပြီ ဗျည်း+သရ လို့။ ဗျည်းမှာ တစ်ခုထဲမက ဗျည်းတွဲတွေ ဖြစ်နိုင်ပါတယ်။ မြန်မာမှာ ပင့်၊ ရစ်၊ ဆွဲ၊ ထိုး လေးခုပါ။ ယပင်=ယ၊ ရရစ်=ရ၊ ဝဆွဲ=ဝ၊ ဟထိုး=ဟ လို့ သိထားပြီးသားပါ။ ဗျည်းတွဲတွေနဲ့ သရ ပေါင်းပုံ ကြည့်ရအောင်။
ကြာ ဆိုတဲ့ အသံကိုကြည့်ရင် က+ရ+အာ>ကြာ လို့ခွဲလိုက်လို့ရပါတယ်။ ကျီ= က+ယ+အီ>ကျီပါ။ ဒါဆို အေ၊ အော၊ အော် နဲ့ပေါင်းရင်
ကြေ=က+ရ+အေ>ကြေ။
ကျော=က+ယ+အော>ကျော။
ကျော်= က+ယ+အော်>ကျော် ဖြစ်ပါတယ်။
ကြွေး= က+ရ+ဝ+အေး>ကြွေး ပါ။
မြန်မာယူနီကုဒ်မှာ စာလုံးဆင့်ရေးရင် ဝိရာမခံပြီး ဆင့်လိုတဲ့ ဗျည်းကို ရေးရပါတယ်။ ဝိရာမဟာ များသောအားဖြင့် F နေရာမှာရှိပါတယ်။


မြန်မာတွေအနေနဲ့ ငယ်စဉ်ကတည်းက သင်ပုန်းကြီးမှာ စာဆိုရေးခဲ့တာ အကျင့်ဖြစ်နေပေမယ့် logical order နဲ့ ရိုက်နည်းလဲ သိထားသင့်တယ်လို့ ထင်မိပါတယ်။ တနည်းအားဖြင့် မြန်မာစကားသံတွေကို သဒ္ဒဗေဒနည်းနည်းကျကျ ခွဲခြားလေ့လာရာလဲ ရောက်လို့ မြန်မာစာအပေါ် ပိုပြီး စိတ်ဝင်စားလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။



မရွှန်းမီ ရေးပေးထားတဲ့ မြန်မာယူနီကုဒ် စာရိုက်နည်း pdf ကို One Drive မှာ  ပြန်တင်ပေးထားတာပါ။





Download pdf

Comments

  1. ဇော်ဂျီသုံးသူတွေက ဒီလိုလေးစဉ်းစားပြီးရိုက်ရတာကို ရှုပ်သတဲ့...
    မြန်မာစာလုံးပေါင်းမှန်အောင်ရေးကြပါဆိုပြီး ဇော်ဂျီနဲ့ဆော်သြတဲ့သူကလည်း ရှိသေး
    လူတတ်ကြီးများပေါတဲ့ ဗမှားပြည်ကြီးပါပဲ...

    ReplyDelete

Post a Comment

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။