Skip to main content

ရာဇဝင်ထဲမှာ ဇော့်ကိုထားခဲ့...

ကွန်ပျူတာနဲ့ မိုဘိုင်းဖုန်းတွေ IT Gadget တွေမှာ မြန်မာစာသုံးဖို့ စနစ် နှစ်မျိုးရှိပါတယ်။ ဥပမာ ကြက် လို့ရေး မယ်ဆိုရင်…
ကကြီး ရရစ် ကသတ် ကြက် လို့ရေးမလား...
ရရစ် ကကြီး ကသတ် ကြက်လို့ ရေးမလား...
ဘယ်ဟာ အမှန်လဲ။ စာလုံးပေါင်းသတ်ပုံအတိုင်း အမှန် မရေးသင့်ဘူးလား.. မရေးချင်ဘူးလား။

မြန်မာစာရေးရာမှာ ရရစ်မှာ အသေး နဲ့ အကြီး ရှိပါတယ်။ ခကွေးအတွက် ရရစ်က အသေးပါ..။ ဥပမာ. ခြ.. ဒီလို ခြ  … မရပါဘူး...။ ကကြီးအတွက် ရရစ်က အကြီးပါ..ဥပမာ ကြ… ဒီလို...ကြ..မရပါဘူး။ ဒါပေမယ့် နှစ်ခုလုံးဟာ ရရစ်ပါပဲ..။ လုံးကြီးတင်ပါတဲ့ ရရစ် မပါတဲ့ ရရစ်တွေလည်း ရှိပါသေးတယ်။ အောက်မြစ် ၀ ဆွဲတွေပါ ရင်လည်း ရရစ်က ပုံစံပြောင်းပါတယ်။ စာရေးတဲ့အခါ ရေးထုံးအမှန်ဖြစ်ဖို့ အဲဒါတွေကို တစ်ခုချင်းလိုက်ရွေးပြီး ရေးချင်သလား….။
အဲ့ဒါတွေ လိုက်ရွေးနေစရာမလို.. ရရစ်တစ်မျိုးပဲပါတယ်။ ဒါပေမယ့် ကိုယ်ရေးတဲ့ စာလုံးပေါ်မူတည်ပြီး အကြီး အသေး အော်တိုပြောင်းတယ်။ အဲ့ဒီလိုပဲ အောက်မြစ်ကလည်း စာလုံးပေါ်မူတည်ပြီး အနေအထား သုံးမျိုး လောက်ရှိပါတယ်။ နှစ်ချောင်းငင် တစ်ချောင်းငင်တွေလည်း အတို အရှည်တွေ ရှိကြပါသေးတယ်။ အဲ့ဒါတွေကို စဉ်းစားနေစရာမလို.. ဘယ်ဟာနဲ့မှသင့်တော်မယ် တွေးနေစရာမလိုပါဘဲ အောက်မြစ်ဆို အောက်မြစ်ကို ရိုက်လိုက်ရုံနဲ့ စာလုံးပေါ်မူတည်ပြီး အဆင်ပြေဆုံး အောက်မြစ်ကို ရေးပေးတယ်။ အဲဒီလို စနစ်မျိုး နဲ့ မြန်မာစာကို မှန်မှန်ကန်ကန် မရေးချင်ဘူးလား...။

စာကြောင်းတစ်ခုကနေ တစ်ခုကိုအပြောင်းမှာ သဝေထိုးက အပေါ်စာကြောင်းမှာကျန်ခဲ့ပြီး သူနဲ့တွဲတဲ့ စာတွေ အသတ်တွေက နောက်စာကြောင်းကိုရောက်နေ.. ဘာရေးလို့ ရေးထားမှန်းမသိ ရရစ် ယပင်းတွေက အပေါ်မှာကျန်ခဲ့ စာလုံးက အောက်စာကြောင်းကိုရောက် ဒီလိုရေးနည်းမျိုးကို (သင်သာ မြန်မာစာကို ချစ်မြတ်နိုးတဲ့ မြန်မာတစ်ယောက်ဆို) အမှန်လို့ ပြောရဲပါသလား..။ ရေးနည်းအမှန်ကို စက်က တကယ်နား လည်ပြီး အလိုလျောက်ပြင်ပေးနိုင်တဲ့ စနစ်ကိုမှ မြန်မာစာအစစ်လို့ လက်ခံရမှာပါ။ ဒီလို ရေးထုံးအမှန် စက်ကနား လည်တဲ့စနစ်ကို ပြောင်းသုံးဖို့ မသင့်ဘူးလား...။

တခြားသူတွေရဲ့ ဘာသာစကားတွေအားလုံး ကွန်ပျူတာစက်တွေပေါ်မှာ Run နေကြပြီ..။ ဆိုလိုတာက Space ဆိုတဲ့ အင်္ဂလိပ်စာကို နားလည်လို့သာ သိမ်းဆည်းလိုရသေးတဲ့နေရာလို့ ကျနော်တို့က သိပြီး ဒီနေရာ ဒါ.. ဒီ Command က ဘာ..နဲ့ ဘာသာပြန်တဆင့်ခံပြီး ကွန်ပျူတာကို မိုဘိုင်းဖုန်းတွေကို သုံးနေကြတာပါ။ မြန်မာနိုင်ငံလို သူခိုး ဓါးပြတွေ လူရာဝင်ခဲ့ပြီး ရမ်းကားချင်တိုင်း ရမ်းကားခဲ့လို့ ဆင်းရဲမွဲတေနေရတဲ့ နိုင်ငံမှာ မူလတန်းတောင် ပြီးအောင်မနေနိုင်ခဲ့တဲ့ နိုင်ငံသားတွေအများကြီးပါ။ တချို့လည်း အသက်ကြီးလို့ ဒီလို English language နဲ့ Run နေတဲ့ စက်တွေကို မသုံးတတ်တော့တာ မိသားစုထဲမှာ ရှိနေကြမှာပါ။ နည်းပညာမြင့်လာ ပေမယ့် ကိုယ့်ဘာသာစကားက လိုက်မမြင့်တင်နိုင်တဲ့အခါ ဘာသာစကားအခက်ခဲကြောင့် နည်းပညာတိုး တက်မှုကိုပါ မရယူနိုင်တော့ပါဘူး။ ချာလပတ်ရမ်းနေတဲ့ ဆင်းရဲခြင်း သံသရာတစ်ခုပါ။ ဘင်္ဂလားဒေ့ရှ်လိုနိုင်ငံမျိုး မှာ Mobile Banking နေရာတိုင်း သုံးလို့ရပါတယ်။ ကျနော်တို့ဆီမှာ တာဝါတိုင်တွေထောင်နိုင်ပြီးတာတောင် ဒါမျိုး သုံးဖို့  ကျေးလက်က ကျနော်တို့ မိဘဘိုးဘွားတွေ အဆင်သင့်ဖြစ်ပါပြီလား…။
 Command တွေ Application တွေအားလုံးကို မြန်မာလို ဘာသာပြန်ရမယ်လို့ မဆိုလိုပါဘူး။ ဒီစက်တွေ စပေါ်က တည်းက မြန်မာလို သုံးနိုင်တဲ့ အခွင့်အလမ်းမရှိခဲ့လို့သာ ကျနော်တို့ နိုင်ငံသားတွေအများစု နည်းပညာနောက်မှာ ပြတ်ကျန်ခဲ့ရတာဖြစ်ပါတယ်။ Photoshop Command တွေထဲက မြန်မာလို လှလှပပ ပြန်ဆိုလို့ရတဲ့ စကားလုံးတွေရှိပါတယ်။ AutoCAD ထဲမှာ မြန်မာလို အားရပါးရပြောပြီး သုံးလို့ရတဲ့ Command တွေရှိပါတယ်။ English စာမှ မတတ်ရင် ဖုန်းလည်း မသုံးတတ်.. ကွန်ပျူတာလည်းသုံးလို့မရတော့ဘူးဆိုတဲ့ အဆီးအတား တစ်ခုဟာ ကျနော်တို့ ဘာသာစကားက စက်တွေပေါ်မှာ မ Run နိုင်ရာက ပိုပိုပြီး ပြတ်ကျန်ခဲ့တာပါ။ မြန်မာလို ဘာသာပြန်သုံးရမယ်လို့ မဆိုလိုပါ..။ မြန်မာစာကို အမှန်တကယ်နားလည်ပြီး မှန်ကန်နည်းလမ်းကျကျ Run နိုင်တဲ့ စနစ်ရှိရင် ဘာသာစကားအခက်ခဲကြောင့် နည်းပညာမှာပါ နောက်ကျကျန်ခဲ့တာမျိုး မဖြစ်နိုင်တော့ပါ။ အလွယ်ဆုံး ဥပမာပေးရရင် Word ထဲမှာ English အပါဝင် ဘာသာစကားမျိုးစုံကို စာရိုက်ပြီး သတ်ပုံ၊ စာလုံးပေါင်း စစ်ပေးနိုင်တဲ့ လုပ်ဆောင်ချက်တွေရှိပါတယ်။ မြန်မာစာ အစစ်မဟုတ်တဲ့ စနစ်တွေနဲ့ ကျနော်တို့တွေ Word ထဲမှာ မြန်မာလိုရိုက်လို့ရပေမယ့် စာလုံးပေါင်းစစ်တာလေးတောင် လုပ်မပေးနိုင်ပါဘူး။ Excel ထဲမှာ အစွမ်း ထက်လွန်းတဲ့ တွက်ချက် စီစဉ်ပေးနိုင်တဲ့ ဖေါ်မြူလာတွေရှိ ပါတယ်။ အဲ့ဒီမှာ မြန်မာလိုရိုက်ထားတဲ့ date တွေ ဂဏန်းတွေကို စီစဉ်တွက်ချက်လို့ ရတာမျိုး မဖြစ်သင့်ဘူးလား...။ မဖြစ်စေချင်ဘူးလား…။

အခုမေးခဲ့တာတွေကို မှန်မှန်ကန်ကန်ဖြေပြီးရင် ဘာကြောင့် စက်ကနားလည်တဲ့ မြန်မာစာစနစ်ကို သုံးသင့်သလဲဆိုတာ သင်ကိုယ်တိုင် ဆုံးဖြတ်လာနိုင်ပါလိမ့်မယ်။ Unicode စနစ်ကို သင့်ကို တီထွင်ခိုင်း နေခြင်းမဟုတ်ပါ။ ကြိုးစားအားထုတ်ခဲ့ကြတဲ့ နည်းပညာရှင်တွေကြောင့် စက်ကနားလည်တဲ့ မြန်မာစာ စနစ် အဆင်သင့်ရှိနေပါပြီ..။
ဒါလေးကို သင်က ယူသုံးလိုက်ရုံပါပဲ..။ စာရိုက်ရတာ နည်းစနစ်မှန်ကန်လာတဲ့အပြင် တချိန်မှာ လူရာဝင်တဲ့ လူတောတိုးတဲ့ မြန်မာစာ မြန်မာဘာသာစကားတစ်ခုကို ဖြစ်စေချင်တယ်ဆိုရင်… သူငယ်ချင်းရေ… ရာဇဝင်ထဲမှာ ဇော့်ကိုထားခဲ့ပါ သူငယ်ချင်း.

Thein Min Win

Comments

  1. အရေးအသားစွန်းလန်း...
    ဒါနဲ့စကားမစပ်...ကျွန်တော် "ဇော်" နဲ့ကင်းကင်းနေတာ ၂ နှစ်တောင်ပြည့်တော့မယ်ခင်ဗျ...
    :) :)

    ReplyDelete

Post a Comment

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။