Skip to main content

မြန်မာသရများ၊ မြန်မာသဒ္ဒါနှင့် မြန်မာသင်ပုန်းကြီး

ခေါင်းစဉ်ကြည့်ပြီး လန့်မသွားပါနဲ့ ပေါ့ပေါ့ပါးပါးလေးတွေ ရေးမှာပါဗျ။ ဘာသာစာပေတစ်ခုဆိုတာနဲ့ ဗျည်းနဲ့ သရရယ်လို့ ၂ မျိုးရှိတာ သိထားကြပြီးသားပါ။ အင်္ဂလိပ်စာမှာတော့ ရိုးရှင်းတယ် ဗျည်း သရတွေဟာ ရှေ့နောက်စဉ်ထားတယ်လေ။ မြန်မာမှာတော့ နည်းနည်းရှုပ်သဗျ။ သရကို သင်္ကေတအနေနဲ့ ဗျည်းကို သွားပေါင်းရတယ်။ Complex script လို့ခေါ်တာပေါ့။ အားတော့မငယ်နဲ့ ကိုယ်တစ်ယောက်တည်းတော့ မဟုတ်ဘူး ဒေဝနာဂရီ အပါအဝင် အိန္ဒိယ၊ အာရှ အက္ခရာတွေမှာ complex script တွေ အများကြီးပဲ။ အခုတော့ မြန်မာ အကြောင်းပဲ ပြောကြတာပ။

မြန်မာသရကို ၁၁ လုံးရှိတယ်လို့ ပညာရှိတွေဆိုကြတယ်။ (၁၂ လုံးရှိတယ်လို့ သိထားကြတာလဲ ရှိမှာပါ။ ဆက်ဖတ်ရင် ရှင်းသွားမှာပါ)

"အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ အဲ၊ ဩ၊ ဪ၊ အို" ရယ်လို့ သရ ၁၁ လုံးပါတယ်။ မြန်မာ သရတွေမှာ လုံးချင်းသရ ဗျည်းယှဉ်သရလို့ ရေးနည်း ၂ မျိုးရှိတာလဲ သိကြမှာပါ။ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ ဩ၊ ဪ ဆိုတဲ့ သရ ၇ လုံးဟာ ဗျည်းနဲ့ ယှဉ်တွဲရင် ိ၊ ီ၊ ု၊ ူ၊ ေ၊ ော၊ ော် ဆိုပြီး သင်္ကေတအနေနဲ့ ရေးရတယ်။


'အ' သရဟာ အလွန်အင်မတန် ရှုပ်ထွေးပွေလီတဲ့ သရပါ။ ဒီလိုဗျ အ သရဟာ ဗျည်းတွေနဲ့ပေါင်းရင် မမြင်ရဘဲ ပျောက်နေတယ်ဗျ။ က ဆိုတာနဲ့ 'က'ဗျည်းနဲ့ 'အ'သရ ပေါင်းထားတာဖြစ်တယ်။ ဗျည်း ၃၂ လုံးစလုံးမှာ အ သရပေါင်းစပ်ထားပြီးသာလို့သာ မှတ်ရမယ်။ က၊ခ၊ဂ၊ဃ၊င စတာတွေပေါ့။ ဒါဆို သရမပါဘဲ ဗျည်းသက်သက်ဆိုရင် ဘယ်လိုလုပ်မလဲ။ Virama ဝိရာမ လို့ခေါ်တဲ့ အသတ်လေး ထည့်ပေးရုံပဲ။ က်+အ>က ပေါ့ဗျာ။ ခ်+အ>ခ စသည်ဖြင့်ပေါ့။ ဒီလို 'အ'သရဟာ ဗျည်းထဲမှာ တိမ်မြုပ်နေတဲ့အတွက် နားလည်ရခက်ပါတယ်။ အင်္ဂလိပ်လိုဆိုရှုင်းတယ်။ K ဆို ဗျည်း သက်သက်ပဲ Ka ဆိုမှ က လို့ အသံထွက်မယ်။ ရှင်းရှင်းလေး။

အာ
အာသရဟာ အ ရဲ့အသံရှည်ဆိုရင်လဲဟုတ်ပါတယ်။ အာသရအတွက် ရေးချ ာ ဆိုတဲ့ သင်္ကေတကို ထွင်ထားပါတယ်။ ဗျည်းနောက်မှာ ရေးချထည့်လိုက်တာပါ။ ကာ၊ ခါ၊ ဂါ စတာပေါ့။ က်+အာ>ကာ။ ခ်+အာ>ခါ လို့ ဗျည်နဲ့ သရ သက်သက်ခွဲကြည့်ရင် မြင်သာပါတယ်။


ဣ သရရဲ့ သင်္ကေတကတော လုံးကြီးတင်ပါ။ ကိ၊ ခိ ပေါ့။ က်+ဣ>ကိ၊ ခ်+ဣ>ခိ လို့ ဗျည်းနဲ့သရ သက်သက်ခွဲကြည့်လို့ရပါတယ်။


ဤ သရရဲ့ သင်္ကေတကတော့ လုံးကြီးတင်ဆံခပ်ပါ။ ကီ၊ ခီ စတာပေါ့။ က+ဤ>ကီ၊ ခ+ဤ>ခီ လို့ဆိုရင် မြင်သာပါပါ။ က်၊ ခ် ဆိုပြီး အသတ်ထည့်ပြတာကတော့ ဗျည်းသက်သက်ဖြစ်ကြောင်း ပြချင်လို့ပါ။

ဥ၊ဦ
ဥ၊ ဦ ရဲ့ သင်္ကေတကတော့ တစ်ချောင်းငင်နဲ့ နှစ်ချောင်းငင်ပါ။ က်+ဥ>ကု၊ ခ်+ဥ>ခု။ က်+ဦ>ကူ၊ ခ်+ဦ>ခူ။


လာပါပြီ ပြဿနာပေးတဲ့သရတစ်ခု။ ဧ သရကို သင်္ကေတ သဝေထိုးနဲ့ ပြပါတယ်။ ဗျည်းနဲ့ သရပေါင်းရင် ဗျည်းပြီးမှ သရလာရပါတယ်။ ေ ကတော့ ဗျည်းရှေ့ရောက်နေတော့ မျက်စိလည်ကုန်ပါတယ်။ ဒါမျိုးကို prevowel လို့ခေါ်ပါတယ်။ မြန်မာအက္ခရာတွေနဲ့ အမျိုးတော်တဲ့ အိန္ဒိယ အက္ခရာတွေမှာ ဒီလိုအက္ခရာမျိုး ရှိပါတယ်။
ဥပမာ- ကေ သံကိုရချင်ရင် ကအေ>ကေ လို့ အသံထွက်လို့ရပါတယ်။ သရအရင်လာလို့သာ အေကဆိုရင် ကေ လို့ အသံမထွက်တော့ပါဘူး။

က အ>က။ က အာ>ကာ။
က အိ>ကိ။ က အီ>ကီ။
က အု>ကု။ က အူ>ကူ။
က အေ>ကေ။ က အဲ>ကဲ။
က အော>ကော။ က အော်>ကော်။က အို>ကို။ အသံထွက်ရွတ်ကြည့်ရင် ဗျည်းနောက်က သရရှိတာပဲ သတိပြုမိမှာပါ။

အဲ
သင်္ကေတကတော့ နောက်ပစ်ပေါ့။ ဧဲ လို့ လုံးချင်းသရရေးတာလဲ ရှိပါတယ်။ က်+အဲ>ကဲ၊ ခ်+အဲ>ခဲ
က အဲ>ကဲ၊ ခ အဲ> ခဲ လို့ အသံထွက်ရွတ်ကြည့်ပေါ့။


ဩ သရကို သင်္ကေတ အနေနဲ့ သဝေထိုးနဲ့ ရေးချ ပေါင်းပြရတယ်။ အော ပေါ့ဗျာ။ ဒီနေရာမှာ မျက်စိလည်စရာက ေ က ဧ ရဲ့ သင်္ကေတ၊ ာ က အာ ရဲ့ သင်္ကေတ။ ဒါကြောင့် အော ဆိုတာ အေ နဲ့ အာ ပေါင်းထားတာဆိုရင် အမှားကြီး မှားပါလိမ့်မယ်။ အေ အာ၊ အေ အာ လို့ရွတ်ကြည့်ပါ အော ဆိုတာနဲ့ နီးစပ်တဲ့အသံတောင် ထွက်မလာတာတွေမှာပါ။ ဆိုလိုတာက ဩ ရဲ့ သင်္ကေတကိုက ော ပါ။ အမြင်အတိုင်း ဆုံးဖြတ်လို့ မရပါဘူး။


ဪ ဆိုတာလဲ သဝေထိုး ရေးချ ရှေ့ထိုး ၃ ခုပေါင်းထားတာပါ။ ဪ ရဲ့ သင်္ကေတကိုက ော် ပဲဆိုတာ မှတ်ထားဖိုလိုပါတယ်။

အို
အိုကတော လုံးကြီးတင် တစ်ချောင်းငင်ပါ။ ို ထုံးစံအတိုင်း အိ နဲ့ အု ပေါင်းပြီး အို ထွက်လာတာမဟုတ်ပါဘူး။ လက်တွေရွတ်ကြည့်ပါ။ မြန်မာစာမှာ အမြင်အတိုင်း ဆုံးဖြတ်လို့မရဘူး ဆိုတာလေး သိစေချင်လို့ပါ။

မြန်မာသင်ပုန်းကြီး
...............................
မြန်မာသင်ပုန်းကြီးကတော့ မြန်မာလူမျိုးတိုင်း လေ့လာသင်ယူခဲ့ရတဲ့ ကျမ်းစာပါ။ မြန်မာသင်ပုန်းကြီးကို ၁၃ ရာစုအလယ်လောက်မှာ ဦးကျဉ်ပွေ့လို့ခေါ်တဲ့ ရှင်ဒိသာပါမောက္ခ ဆရာတော်က ကျစွာမင်းရဲ့ တောင်းပန်မှာကြောင့် ရေးသားခဲ့ပါတယ်။

သင်ပုန်းကြီးမှာ သင်ရိုးသရ ၁၂ လုံးနဲ့ သင်ရိုးဗျည်း ၃၃ သုံးလို့ပါပါတယ်။

အ၊အာ၊ဣ၊ဤ၊ဥ၊ဦ၊ဧ၊အဲ၊ဩ၊ဪ၊အံ၊အား ဆိုပြီး သင်ရိုးသရ ၁၂ လို့ပြပါတယ်။ ကျွန်တော်တို့ တော်တော်များများလဲ သရဟေ့ဆိုရင် ဒီ ၁၂ လုံးရွတ်မိတာများပါတယ်။

ပါဠိမှာ သေးသေးတင် ံ ကို ဗျည်းလို့ အတိအလင်းပြဆိုပါတယ်။ သက္ကတမှာ သေးသေးတင် ံ နဲ့  ဝသဇ္ဇနီ း ကို ဗျည်းလို့ပဲ ပြပါတယ်။ သင်ပုန်းကြီးမှာ ဘာလို့ သရထဲပါနေတာလဲ???

သတိပြုစရာက သင်ရိုးသရ ဆိုတဲ့ စကားပါ။ သင်ပုန်းကြီးဆိုတာ လေးငါးနှစ်အရွယ်ကလေးတွေ သင်ယူဖို့ပြုစုထားတဲ့ကျမ်းပါ။ ဒီအရွယ်ကလေးတွေကို ဗျည်း၊ သရတွေ အကြောင်း အသေးစိပ်သွားသင်ရင် ရူးသွာနိုင်လောက်တယ်။ ဒါကြောင့်ပဲ စာလုံးပေါင်းရေးရင် အဆင်ပြေအောင် သင်ရလွယ်အောင်ပဲ လုပ်ခဲ့တဲ့သဘောပါ။ သဝေထိုး၊ ရေးချ စတဲ့ သင်္ကေတတွေကိုလဲ ရှင်းမပြဘဲ စာလုံးပေါင်းရေးဖတ်ပဲ သင်ခဲ့ ကြရပါတယ်။ နောင် အရွယ်ရောက်လာတာနဲ့ အမျှ ဗျည်း၊ သရတွေအကြောင်း အသေးစိတ် သင်ပေးမယ့် သဘောပါပဲ။ ရှေးမြန်မာတွေဟာ ပါဠိစာပေကိုလဲ သင်ယူခဲ့ကြတော့ ဒီအကြောင်းအရာတွေကို သိကြမှာ သေချာပါတယ်။

ဒီဘက်ခေတ်ရောက်လာတာနဲ့ သင်ကြားမှုပုံစံတွေ ပြောင်းလာပြီး မြန်မာသဒ္ဒါကို အသေးစိတ် သင်ကြားမှု နည်းလာပါတယ်။ အလွတ်ကျက်ကိုအားထားတဲ့စနစ်နဲ့ မြန်မာစာပေကို အထင်မြင်သေးလာတဲ့ မိဘတွေရဲ့ အတွေးအခေါ်တွေလဲ ပါပါလိမ့်မယ်။ ဒါကြောင့် မြန်မာစာပေရဲ့ အခြေခံအချက်အလက်တွေကို သတိထားမိသူ နည်းလာတာပါ။

ပြောချင်တာက အခုမှာရောက်တယ်။ 😁 မြန်မာစာကို ကွန်ပျူတာစနစ်မှာ အသုံးပြုနိုင်အောင် ကြိုးစားကြတော့ ယူနီကုဒ်စံဆိုတာ ပေါ်လာပါတယ်။ ယူနီကုဒ်မှာ သဝေထိုး ေ ကို ဗျည်းနောက်မှာထား သိမ်းပါတယ်။ ဒါကို တစ်ချို့က မြန်မာရေးထုံးနဲ့မညီဘူး ပြောလာကြတယ်။ သဒ္ဒဗေဒစည်းမျည်း မြန်မာသဒ္ဒါစည်းမျည်းတွေအရ သရဟာ ဗျည်းနောက်မှာသာ နေရပါတယ်။ သဝေထိုးဟာလဲ သရဖြစ်လို့ ဗျည်းနောက်မှာ နေတာသာ အမှန်ဆုံးဖြစ်ပါတယ်။ သင်ပုန်းကြီးမှာ ဆိုရေးခဲ့တဲ့အတိုင်း သဝေထိုးရှေ့ကရိုက်ချင်ရင်လဲ ကီးဘုတ်တွေ ထွင်ထားကြပါတယ်။ အဓိကကတော့ သိမ်းတဲ့နေရာမှာ တူညီတဲ့စံနဲ့ သိမ်းဖို့ပါပဲ။

မြန်မာစာပေတိုးတက်ပါစေ။
ရဲဇာနည်အောင်

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...