Skip to main content

PK Converter PC Version

ကွန်ပြူတာအတွက်ကတော့ Text Converter တင် မကဘဲ စုစုပေါင်း သုံးမျိုးပေါင်းပေးထားပါတယ်။
1. Text Converter
2. Filename Converter
3. MP3 Tag Converter

၁။ အတွက်ကတော့ ပြောဖို့ မလိုလောက်တော့ပါဘူး။ APK နဲ့ ခပ်ဆင်ဆင်ပါပဲ။ မပါတာဆိုလို့ Image ဖိုင် ပြောင်းတာပါပဲ။

၂။ Folder လိုက် ရွေးပြီး Folder ထဲမှာ ပါသမျှ file တွေကော folder တွေကော Zawgyi ကနေ Unicode အဖြစ် အကုန် ပြောင်းခိုင်းလို့ ရပါတယ်။ Auto detect ကို On ထားရင် ဇော်ဂျီလို့ ယူဆရတဲ့ ဖိုင်တွေပဲ ပြောင်းပါလိမ့်မယ်။ ရွေးထားတဲ့ folder ထဲမှာ ရှိသမျှ အကုန် ပြောင်းပေးနိုင်တာမို့ အဆင့် ဘယ်နှဆင့် ဆင်းမလဲ ဆိုပြီး Level ရွေးပေးလို့ ရပါတယ်။ Level 2 ရွေးထားရင် လက်ရှိ ရွေးထားတဲ့ folder ရယ်။ သူ့အထဲက folder နဲ့ file တွေကိုပဲ ပြောင်းပေးပြီး အတွင်းထဲက folder ထဲကို ဆက်မဝင်တော့ပါဘူး။ ရွေးထားတဲ့ folder ထဲမှာ ရှိသမျှ အကုန်ပြောင်းချင်ရင်တော့ Level 0 ရွေးပေးပါ။ နောက်ဆုံး ပြောင်းထားတဲ့ ဖိုင်မှန်သမျှကို Undo Redo လုပ်ခွင့် ပေးထားပါတယ်။

၃။ MP3er ကတော့ MP3 ထဲမှာ ထည့်ထားတဲ့ tag တွေကို ZG to Uni ပြောင်းပေးဖို့ပါ။ Add folder နဲ့ ကိုယ့်ရဲ့ Music folder ကို ထည့်လိုက်ရင် ရှိသမျှ သီချင်းတွေ စာရင်းလုပ်ပြပါ့မယ်။ Mouse နဲ့ စိတ်ကြိုက်ရွေးပြီး Convert လုပ်ရုံပါပဲ။ တစ်ပုဒ်ချင်းစီကိုလည်း ကလစ်နှိပ်ပြီး Tag တွေ ဝင်ပြင်လို့ ရပါသေးတယ်။ သတိထားမိတဲ့ အားနည်းချက်ကတော့ ဒီ Program နဲ့ ပြင်ထားတဲ့ MP3 ဖိုင်တွေကို Window Media Player နဲ့ ဖွင့်ရင် Tag တွေ မပေါ်တော့ပါဘူး။ တခြား Player နဲ့ဆိုရင် အဆင်ပြေပါတယ်။

ဒီ Program တွေက Java နဲ့ ရေးထားတာမို့ နည်းနည်းလေး နှေးပါလိမ့်မယ်။ ကိုယ့်စက်ထဲမှာ Java ထည့်မထားရင်လည်း အဆင်ပြေအောင် စီစဉ်ပေးထားပါတယ်။ နှစ်ဖိုင် တင်ပေးထားတာမှာ ပထမဖိုင်က Java ရှိမရှိ မသိတဲ့ သူတွေအတွက်ပါ။ ကိုယ့်စက်ထဲမှာ jre1.8+ ရှိမှန်း သိတဲ့သူကတော့ ဒုတိယဖိုင်ကို ဒေါင်းပါ။ Theory အရတော့ Java နဲ့ ရေးတာ ဖြစ်တဲ့အတွက် Mac ရော Linux မှာပါ သုံးလို့ ရရမှာပါ။ Windows သမား မဟုတ်တဲ့သူတွေက ဒုတိယဖိုင် (jar) ကို ဒေါင်းပြီး စမ်းကြည့်ပေးကြပါဦး။ ကျနော်လည်း နောက်နေ့မှ Ubuntu တင်ပြီး စမ်းကြည့်ပါဦးမယ်။ Mac သမားတွေလည်း ကျေးဇူးပြုပြီး စမ်းပေးပါဦး။

အစစအရာရာ အဆင်ပြေကြပါစေ။
1. PK_Converter (no Java) 45.01 MB
http://www.mediafire.com/file/lyj3ae3g4mm7uuw/PK_Converter+%28no+Java%29.zip

2. PK_Converter (jar) 19.65 MB
http://www.mediafire.com/file/pcdbb4xs3cif9f6/PK_Converter+%28jar%29.zip

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...