ပန်ဂရမ် (Pangram)

န်ဂရမ်ဆိုသည်မှာ ဘာသာစကားတစ်ခုတွင်ပါဝင်သော အက္ခရာများအားလုံး ထည့်သွင်းရေးဖွဲ့ထားသော ဝါကျကို ခေါ်သည်။ ဥပမာ အင်္ဂလိပ်စာတွင် -
A quick brown fox jumps over the lazy dog.
သည် လူသိများသော ပန်ဂရမ်တစ်ခုဖြစ်သည်။
ပန်ဂရမ်များကို စာရိုက်လေ့ကျင့်ရာတွင်ဖြစ်စေ၊ ဖောင့်တစ်လုံး၏ နမူနာပုံစံများကို ဖော်ပြရန်ဖြစ်စေ သုံးလေ့ရှိသည်။ မြန်မာစာအတွက် ပန်ဂရမ်မှာ အောက်ပါအတိုင်းဖြစ်သည်။
သီဟိုဠ်မှဉာဏ်ကြီးရှင်သည်အာယုဝဍ္ဎနဆေးညွှန်းစာကိုဇလွန်ဈေးဘေးဗာဒံပင်ထက်အဓိဋ္ဌာန်လျက်ဂဃနဏဖတ်ခဲ့သည်။
အဆိုပါပန်ဂရမ်သည် ၂၀၁၀ ဒီဇင်ဘာလတွင် www.myanmaritpro.com က ဖိတ်ခေါ်ခဲ့သည့် မြန်မာပန်ဂရမ်ပြိုင်ပွဲမှ ထွက်ပေါ်လာသော ပန်ဂရမ်တစ်ခုဖြစ်သည်။ ယင်းဖိတ်ခေါ်ပြိုင်ပွဲကို Solveware Solution မှ CEO ဦးငွေထွန်းက ပြုလုပ်ပေးခဲ့ပြီး မောင်⁠မောင်ဆန်းက တီထွင်ရေးသားခဲ့သည်။
<ကိုမောင်ဆန်း၏ ယူနီကုဒ်စာအုပ်မှ>

Comments

Popular posts from this blog

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

ပြည်ထောင်စု font

Typing Tutor For Myanmar Unicode