Skip to main content

မြန်မာသရ

မြန်မာသရ ၁၁ လုံး
အ၊အာ၊ဣ၊ဤ၊ဥ၊ဦ၊ဧ၊အဲ၊ဩ၊ဪ၊အို
သရရေးနည်း ၂  မျိုး
စာပေအရေးအသား၏ အခြေခံမှာ သရနှင့်ဗျည်းများဖြစ်ကြသည်။ ထိုသရနှင့် ဗျည်းတို့ အမျိုးမျိုးပေါင်းစပ်ခြင်းဖြင့် ဝေါဟာရများစွာ ရရှိသည်။ ထိုသို့ပေါင်းစပ်ရာတွင် (၁)အရှည်ရေးနည်းနှင့် (၂) အတိုရေးနည်း ဟူ၍ နှစ်မျိုးရှိရာ မြန်မာတို့က အတိုရေးနည်းကိုသာ လက်ခံအသုံးပြုကြသည်။
အရှည်ရေးနည်း
အရှည်ရေးနည်းမှာ ဗျည်းနှင့် သရကို ရှေ့နောက်စဉ်၍ရေးခြင်းဖြစ်သည်။ အမြင်အားဖြင့် ရှင်းပြီး လုံးချင်းသရ ဗျည်းယှဉ်သရဟူ၍ နှစ်မျိုးတီထွင်ရန် မလိုအပ်ပေ။ ဥပမာ- အင်္ဂလိပ်ဘာသာသည် အရှည်ရေးနည်း ဖြစ်သည်။
mAUng mAUng gOEs tO schOOl. (သရများကို အကြီးဖြင့် ရေးထားသည်)
အတိုရေးနည်း
မြန်မာအက္ခရာတို့၏ ဘိုးဘေးများဖြစ်သော ဗြဟ္မီအက္ခရာပွားများသည် အတိုရေးနည်းကို အသုံးပြုကြသည်။ အတိုရေးနည်းတွင် ဗျည်းနှင့် သရတို့ကို တစ်တန်းတည်းစဉ်မရေးဘဲ အထက်အောက် ရှေ့နောက် ကြားညှပ်၍ အမျိုးမျိုးရေးကြသည်။ ထိုသို့ရေးရန် ဗျည်းယှဉ်သင်္ကေတများ တီထွင်ရသည်။ မြန်မာစာရေးနည်းသည် အတိုရေးနည်းဖြစ်သည်။
မြန်မာသရများတွင် ရေးနည်း ၂ မျိုး ရှိပါသည်။
(၁) လုံးချင်းသရရေးနည်းနှင့်
(၂) ဗျည်းယှဉ်သရ (သင်္ကေတ) ရေးနည်းတို့ ဖြစ်ပါသည်။
လုံးချင်းသရ
အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ အဲ၊ ဩ၊ ဪ၊ အို။
ဗျည်းယှဉ်သရ (က ဗျည်းဖြင့် ပေါင်းလျက်)
က၊ ကာ၊ ကိ၊ ကီ၊ ကု၊ ကူ၊ ကေ၊ ကဲ၊ ကော၊ ကော်၊ ကို။
မြန်မာစာ အကျဉ်းရေးနည်းကို အကျယ်ပြန်၍ ရေး၍လည်း ရသည်။ ပုံတွင် မြန်မာစာ အကျဉ်းအကျယ်ရေးနည်း ၂ မျိုးကို နှိုင်းယှဉ်ကြည့်ရန် ယောအတွင်းဝန် ဦးဘိုးလှိုင်၏ လိပိဒိပိကာကျမ်းမှ ထုတ်နှုတ်ထားခြင်းဖြစ်သည်။
<<<ဆရာသောင်းလွင်၊ ဘီအေ ၏ မြန်မာအက္ခရာဗေဒ မှ ကောက်နှုတ်ပါသည်>>>
ဗျည်းနှင့်သရတွင် သရသည် ဗျည်းနောက်မှသာ လိုက်သည်ကို တွေ့ရမည်ဖြစ်ပါသည်။ မြန်မာ ဗျည်းယှဉ်သရများကို လေ့လာရာတွင် အမျိုးမျိုးဖြစ်နေသည်ကို တွေ့ရသည်။
ဗျည်းရှေ့မှ နေခြင်း= အေ
ဗျည်းနောက်မှနေခြင်း= အာ
ဗျည်းအထက်မှနေခြင်း= အိ၊ အီ၊ အဲ
ဗျည်းအောက်မှနေခြင်း= အု၊ အူ
ဗျည်းကိုရှေ့နောက်ခွ၍နေခြင်း= အော၊ အော်
ဗျည်းကိုအထက်အောက်ခွ၍နေခြင်း= အို
ဗျည်းအတွင်းတိမ်မြုပ်နေခြင်း= အ
အမှန်တကယ် သရသည် ဗျည်းနောက်တွင်သာနေရမည်ဖြစ်သော်လည်း မြန်မာ ဗျည်းယှဉ် သရများတွင် နေရာပေါင်းစုံရှိနေသည့်အတွက် မြန်မာများကိုယ်တိုင် နားလည်ရခက်ခဲသည်ကို တွေ့မြင်ရပါသည်။
သရသည် ဗျည်းနောက်မှာနေကြောင်း သိသာသည်မှာ အက္ခရာစဉ်ရာတွင်ဖြစ်ပါသည်။ သရသင်္ကေတသည် အမြင်တွင်မည်သည့်နေရာတွင်ရှိစေကာမူ အက္ခရာစဉ်ရာတွင် ဗျည်းကိုသာမူတည်၍ စဉ်ကြောင်း သတိထားမိမည် ဖြစ်ပါသည်။
(ကိုရဲဇာနည်အောင် ရေးသားသည်ကို ကူးယူဖော်ပြပါသည်)

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။