ကိုကို့ကို ရှာဖွေခြင်း

အင်္ဂလိပ်စာရိုက်ရာမှာ was ကို wsa, swa စသည်ဖြင့် ရိုက်၍မရပါ။ သို့သော် မြန်မာစာကို ရိုက်ရာမှာ အမြင်တိုင်းရိုက်ကြသည့်အတွက် ဖြစ်နိုင်သော အတွဲအဖတ် အများအပြားဖြစ်နေသည်ကို တွေ့ရပါသည်။ ဥပမာ ကို ဆိုသောစာလုံးကို ရိုက်ရာမှာ က+ိ   +ု    ဟုလည်းကောင်း က+ု   +ိ    ဟူလည်းကောင်း ရိုက်သော်လည်း အမြင်တွင် ကို ဟုသာ ပေါ်သည်ကို တွေ့နိုင်ပါသည်။ အမှန်အားဖြင့် "ကကြီး လုံးကြီးတင် တစ်ချောင်းငင် ကို" ဟု ငယ်စဉ်က ဆိုရေးခဲ့သည်အတိုင်း က+ိ   +ု    ဟုရေးမှသာ အစီအစဉ်မှန်ပါသည်။ သို့သော် လက်တွေ့တွင် အဆင်ပြေသလိုရိုက်ကြသလို စံသတ်မှတ်ထားခြင်းလည်း မရှိသည့် အတွက် အင်တာနက်မှ ပြန်လည်ရှာဖွေရာမှာ အခက်အခဲများ ဖြစ်လာကြပါသည်။ စာလုံးအစဉ်မတူညီသည့်အတွက် မတူညီသော စကားလုံးများအဖြစ် သိမ်းဆည်းပေးသည့်အတွက် ရှာဖွေရာကို ကိုယ်လိုချင်သောစာလုံးရရန် ခက်ခဲသည်ကို "ကိုကို" ဟူသော စာလုံးကို နမူနာရှာကြည့်ထားခြင်းဖြစ်ပါသည်။

Comments

Popular posts from this blog

MacOS Myanmar Unicode Keyboard

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း