Skip to main content

ခေတ်သစ် နည်းပညာ ပစ္စည်းများပေါ်က မြန်မာစာနှင့် သူ့ရဲ့ အနာဂတ်

ကွန်ပျူတာပေါ်မှာ မြန်မာစာ ဖတ်မရဘူးလို့ ဆိုရင် အီးမေးလ်၊ ဖေ့စ်ဘွတ် သုံးသူအားလုံးနီးနီး တစ်သံထဲ ထွက်တယ်။ “ဇော်ဂျီဖောင့်ကို ဒေါင်းလုဒ်လိုက်” ဆိုတာပါပဲ။ ဒါဆို အင်္ဂလိပ်စာ ဖတ်မရဘူး ဆိုရင်ကော? မရှိ၊ မကြားဖူးဘူးလို့ ဆိုကြလိမ့်မယ်။
အကြောင်းအရင်းကတော့ ကွန်ပျူတာ တီထွင်ကတည်းက operating systemကို ရိုမန် အက္ခရာများနဲ့ ရေးသား တည်ဆောက်ခဲ့ကြလို့ ဖြစ်တယ်။ ထို့ကြောင့် ကွန်ပျူတာ တစ်လုံး သုံးစွဲသူလက်ထဲ ရောက်ရှိလာတဲ့အခါမှာလည်း အင်္ဂလိပ်စာဟာ ပင်မ ဘာသာရပ် တစ်ခုအဖြစ် ပါလာတယ်။ နည်းပညာ တိုးတက်လာသည်နှင့်အမျှ အင်္ဂလိပ်စာကို ပထမ ဘာသာစကားအဖြစ် အသုံးမပြုသော နိုင်ငံများအတွက် ကွန်ပျူတာ OS တီထွင် ဖန်တီးသော နည်းပညာရှင်များမှ နိုင်ငံ၊ ဒေသအလိုက် အသုံးပြုသော ဘာသာစကားများကို ကွန်ပျူတာ OSပေါ်၌ အသုံးပြုနိုင်ရန် ကြိုးစားခဲ့ကြတယ်။
အကျဉ်းချုံး ဆိုရလျှင် ကမ္ဘာပေါ်ရှိ ဘာသာစကားမျိုးစုံကို လူ မဟုတ်သည့် ကွန်ပျူတာ OSမှ နားလည်နိုင်ဖို့အတွက် ပညာရှင်များက Unicodeလို့ လူသိများတဲ့ စံနှုန်းတစ်ခုကို တည်ဆောက်ပေးခဲ့ကြတယ်။ ထိုစံနှုန်းကို လက်ခံ မှီဝဲပြီး ကမ္ဘာ့ လူဦးရေ အများဆုံး နိုင်ငံတွေဖြစ်တဲ့ China, Indiaလို နိုင်ငံမျိုးမှအစ သိန်းဂဏန်းသာသာ ရှိတဲ့ နိုင်ငံမျိုးမှာလဲ သက်ဆိုင်ရာ ဘာသာစကားတွေကို ကွန်ပျူတာ ဖွင့်လိုက်သည်နှင့် စတင် အသုံးပြုလို့ ရအောင် ဖန်တီးပေးနိုင်ပြီ ဖြစ်တယ်။ ဒါဆို မြန်မာစာက ကွန်ပျူတာပေါ်မှာ ဘာဖြစ်နေလို့ ဒီလောက် လေကျော ရှည်နေရသလဲလို့ မေးစရာ ဖြစ်လာတယ်။
ဟုတ်ပြီ။
စမတ်ဖုန်းကို အသစ်စက်စက် ဘူးခွံ ဖောက်လိုက်သည်နှင့် မြန်မာစာ စတင် အသုံးပြုနိုင်တယ် ဆိုတဲ့ အချက်ကို ယနေ့ခေတ် စမတ်ဖုန်းများပေါ်မှာ မြန်မာစာ အသုံးပြုနေသူ အများစု သိကြတယ်။ သို့ပေမယ့် ကမ္ဘာ့ လူသုံး အများဆုံး Microsoftနှင့် Apple တို့ရဲ့ နောက်ဆုံးထွက် ကွန်ပျူတာ OSတွေပေါ်မှာလည်း စဖွင့်လိုက်သည်နှင့် ဘာမှ ဒေါင်းလုပ်ဒ် လုပ်စရာ မလိုပဲ မြန်မာစာကို စတင် အသုံးပြုလို့ ရသည်ကို အများစု သတိ မထားမိကြသလို ရှိတယ်။
အကယ်၍ သိရှိလို့ မြန်မာစာကို စမတ်ဖုန်းနှင့် ကွန်ပျူတာ နှစ်ခုလုံးပေါ်မှာ အသုံးပြုနေသူများအတွက်ကတော့ ကွန်ပျူတာပေါ်က မြန်မာစာဟာ ရင်လေးစရာ၊ စိတ်အနှောင်အယှက် ဖြစ်စရာ တစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ Microsoftနှင့် Apple တို့ရဲ့ OS ပေါ်က မြန်မာစာဟာ စမတ်ဖုန်းများဖြစ်တဲ့ HTC, Samsungနှင့် LGတို့ရဲ့ Mobile OS မျက်နှာပြင်ပေါ် email ပို့လို့ ရောက်သွားရင် ဖတ်မရတဲ့ မြန်မာစာ ဖြစ်သွားတယ်။
ထို့ကြောင့် မြန်မာစာကို မြန်မာပြည်ရောက်မှ မြန်မာလို ရေးပြီး မြန်မာလို ဖတ်မရ ဖြစ်တာလား။ ကိုးရီးယားနဲ့ ထိုင်ဝမ်က မြန်မာစာက၊ အမေရိကန်က မြန်မာစာနဲ့ မတည့်တာလားဆိုတာ စဉ်းစားစရာ ဖြစ်လာသလိုပါပဲ။
စာရေးသူလည်း ရေးရင်း၊ ရေးရင်းနဲ့ ခေါင်းမူးလာတယ်။ ခဏလေး……………………………………
ဟုတ်ပြီ၊ အခု ပြောချင်တဲ့ အကြောင်းအရာက နည်းပညာနဲ့ ဒီဇိုင်းအကြောင်း နည်းနည်း ကြားဖူးနားဝ ရှိထားရင် ပိုနားလည်လိမ့်မယ်။
စာဖတ်သူ ယခု ‘www.ict.com.mm’ ဖတ်ရှုနေတဲ့ မြန်မာစာဟာ ‘Tharlon (သာလွန်)’ လို့ အမည်ပေးထားတဲ့ ကွန်ပျူတာပေါ်က မြန်မာစာလုံး ဖြစ်တယ်။ ဒီစာတွေအားလုံးကို Apple Mac OS X 10.9 Mavericks ပေါ်မှာ ‘Myanmar Sangam MN’လို့ Appleက အမည်ပေးထားတဲ့ Apple ကွန်ပျူတာနှင့် တပါတည်း ပါလာတဲ့ မြန်မာစာဖြင့် ရေးသားထားခြင်း ဖြစ်တယ်။ အင်္ဂလိပ်စာဖြင့် ရေးသားသလို ပြောရလျှင် Time News Romanက Arialကို Click တစ်ချက်နှိပ်ပြီး ပြောင်းလဲ အသုံးပြုရသလို ဖြစ်တယ်။ ဒါကို Type Face မျိုးစုံ ပြောင်းလဲ သုံးစွဲနိုင်ပြီး ၎င်း ဖောင့် အားလုံးသည် စံနှုန်း တစ်ခုတည်းကို မူတည်ပြီး တည်ဆောက်ထားခြင်းအတွက်ကြောင့် ဖြစ်တယ်။
နောက်တစ်မျိုး ပြောရရင် အင်တာနက်စာမျက်နှာများပေါ်မှာ ‘Tharlon (သာလွန်)’နဲ့ ရေးသားထားတဲ့ မြန်မာစာလုံးများကို နောက်ဆုံးထွက် Microsoftနှင့် Apple OS အသုံးပြုထားတဲ့ ကွန်ပျူတာတိုင်းမှာ မည်သည့် မြန်မာဖောင့်မှ သွင်းထားစရာ မလိုပဲ မြန်မာမှု မပျက် အိမ်သရေရှိစွာ ဖတ်ရှူနိုင်တယ်။ ထိုနည်းတူပဲ မြန်မာဘာသာဖြင့် ရေးသားထားသော www.Google.com.mm, Google Mapsကိုလည်းကောင်း၊ Microsoftနှင့် Apple OSမှာ အပြန်အလှန် ပို့ထားသည့် အီးမေးလ်များ၊ USBဖြင့် ဖလှယ်ထားသော စာရွက်စာတမ်းများကို လည်းကောင်း မည်သည့် မြန်မာဖောင့် အကူအညီ မလိုပဲ ဖတ်ရှုနိုင်တယ်။ ဒါကို မြန်မာစာ သုတေသီများက ၎င်း ကမ္ဘာကျော် ကုမ္ပဏီများဖြစ်တဲ့ အမေရိကန် မင်းသားများဟာ Unicode စံနှုန်းဝင်တဲ့ ဖောင့်တွေ သုံးထားတယ်လို့ ဆိုတယ်။
(ဒီနေရာမှာ အသိပေးချင်သည်က သာလွန်ဖောင့်ဟာ အစိုးရဌာနများမှာ အသုံးပြုနေတဲ့ Myanmar3လို့ လူသိများတဲ့ မြန်မာဖောင့်နှင့် တည်ဆောက်ထားပုံခြင်း တူတယ်လို့ ပြောကြတယ်။)
ကဲ…
ဒါဆို “ဇော်ဂျီဖောင့်ကို ဒေါင်းလုဒ်လိုက်” ဆိုတာ အသံ မကြားရတော့ဘူးပေါ့၊ မလိုတော့ဘူးလားလို့ မေးစရာ ရှိတယ်။
မြန်မာနိုင်ငံမှာ အင်တာနက် အသုံးပြုသူ အများစုကို ဘာတွေ သုံးတတ်လည်းလို့ မေးရင် GTalk, Gmail, Facebook ဆိုတာ ပြန်ဖြေတဲ့ အဖြေရဲ့ ထိပ်ဆုံးမှာ ကြားရလိမ့်မယ်။ ၎င်းတို့အားလုံး ထို web apps များပေါ်မှာ ကျွမ်းကျင်စွာ အပြန်အလှန် ရေးသားဖလှယ်နေတဲ့ မြန်မာစာလုံးဟာ ဇော်ဂျီဖောင့် ဖြစ်တယ်။ ထို့ကြောင့် ၎င်းအရေးအသား၊ သတင်းဆောင်းပါးများကို ဖတ်ချင်လျှင် ဇော်ဂျီဖောင့် ရှိဖို့ လိုတယ်။ ကိုရီးယား မင်းသားတွေ ဖြစ်တဲ့ Samsungနှင့် LGတို့လည်း ၎င်းတို့ စမတ်ဖုန်းများပေါ်မှာ ဇော်ဂျီဖောင့်ကို သုံးထားခြင်းရဲ့ အရင်းခံ ဖြစ်တယ်။ ဒါကို မြန်မာစာ သုတေသီများက အာရှမင်းသားများဟာ Unicode စံနှုန်း မဝင်သေးတဲ့ ဇော်ဂျီဖောင့်ကို သုံးထားတယ်လို့ ဆိုတယ်။
(အင်တာနက်ပေါ်မှာ ဇော်ဂျီဖောင့် လူသုံးများလာသည်နှင့်သမျှ စီးပွားရေး လုပ်ငန်းများတွင်လည်း သုံးလာကြတယ်။)
အမေရိကန် မင်းသားများနှင့် အာရှ မင်းသားများ ကောက်ယူ အသုံးပြုလိုက်ကြတဲ့ မြန်မာစာ နှစ်မျိုး နှစ်စားဟာ Unicode စံနှုန်း ဝင်တယ်လို့ အသိအမှတ်ပြုထားတဲ့ Apple, Microsoftနှင့် Googleတို့မှ လက်ရှိ ၎င်းတို့ရဲ့ prodcut များမှာ ထည့်သွင်းပေးထားတဲ့ Unicode ဖောင့်များနဲ့ Samsungနှင့် LGအစရှိသည့် စမတ်ဖုန်းထုတ်လုပ်သူများ၊ အင်တာနက်ပေါ်မှာ မြန်မာစာ အသုံးပြုသူ အများစုရဲ့ Unicode စံနှုန်း မဝင်သေးတဲ့ ဖောင့်များဆိုပြီး အမျိုးမတူ ဖြစ်နေတယ်။ အမေရိကန် မင်းသားများက Unicode စံနှုန်းကို ကြည့်တယ်။ အာရှ မင်းသားများက လူသုံးများတဲ့ စံနှုန်းကို ကြည့်တယ်လို့ ဆိုရမယ်။
မြန်မာစာ တတ်ကျွမ်းပြီး ဘက်မလိုက်သည့် နည်းပညာရှင်ကြီးများအရဆိုလျှင် Unicode စံနှုန်းဟာ လာမည့် အနာဂတ်ရဲ့ eGovernment စံနစ်တွေ၊ သန်းခေါင်စာရင်း ကွန်ပျူတာထဲ ထည့်သွင်းခြင်းတွေမှာ အဆင်ပြေခြင်း အစရှိသည်များကို ရှင်းပြလိမ့်မယ်။
Unicodeနှင့် Unicode မဟုတ်သည့် ကွန်ပျူတာပေါ်က မြန်မာစာများကို လေ့လာချင်လျှင် ဒီ Link:http://my.wikipedia.org/wiki/Wikipedia:Font မှာ လေ့လာနိုင်တယ်။
ပြီးတော့ http://www.youtube.com/watch?v=6AdrLRbuuG4မှာလည်း ကြည့်ရှူနားဆင်နိုင်တယ်။
Unicode စံနှုန်းကို ယူပြီး တည်ဆောက်ထားတဲ့ မြန်မာဖောင့်များကို http://www.myanmarlanguage.org/unicode/myanmar-fonts-which-follow-unicode-rules မှာ ရယူနိုင်တယ်။
http://www.mcfmyanmar.org/mcf-download-center.html နှင့်https://www.facebook.com/pages/Myanmar-Unicode/114348658619929 siteများမှာလည်း မြန်မာစာ ယူနီကုတ်နှင့် ပတ်သက်သည်များကို လေ့လာနိုင်သည့်အပြင် ဒေါင်းလုဒ်နိုင်မည့် linkများကိုလည်း စီစဉ်ပေးထားပါတယ်။
ဒီတော့… ဒီကိစ္စဟာ မြန်မာစာကို အသုံးပြုသူများနှင့် ဆိုင်သလား၊ အသုံးပြုလို့ ရအောင် တီထွင်သူနဲ့ ဆိုင်သလား၊ ဒါမှမဟုတ် အထက်မှာ ဖော်ပြခဲ့သလို Unicode စံနှုန်း သတ်မှတ်တဲ့ အဖွဲ့အစည်းနဲ့ ဆိုင်သလား။ ကိုယ်ကျိုးစီးပွားအတွက် ကောင်းရင် ပြီးရော ဆိုပြီး မြန်မာဘာသာရပ်အကြောင်း မလေ့လာ မလိုက်စားပဲ လိုသလို OS တွေပေါ်မှာ ထည့်သွင်း အသုံးပြုနေကြတဲ့ ကမ္ဘာကျော် နည်းပညာ ကုမ္ပဏီများနှင့် ဆိုင်သလား။ ဘေးနားက မြန်မာစာ မသုံးစွဲဘူးပဲ နောက်လိုက်ကာ မြှောက်ထိုးပင့်ကော် လုပ်ပေးနေသူများနှင့် ဆိုင်သလား။ ခရိုနီများနှင့် ဆိုင်သလား။ e-Government ဖြစ်မြောက်အောင် အကောင်အထည် ဖော်ပေးနေသည့် ပညာရှင်များနှင့် ဆိုင်သလား။ နိုင်ငံတော် အစိုးရနှင့် ဆိုင်သလား။ ပညာရေး ဝန်ကြီးဌာနနှင့် ဆိုင်သလား။ အဖွဲ့အစည်းများနှင့် ဆိုင်သလား။ ဖေ့စ်ဘွတ်သုံးသူများနှင့် ဆိုင်သလား။ ပုဂ္ဂိုလ်ရေးအရလား။
ဆိုတာ… ဆိုတာတွေကို… စာဖတ်သူများ တစ်ဖက်တစ်လမ်းမှ လမ်းမပေါ်မှာ ဘတ်စ်ကား၊ တက္ကစီတွေ စည်းကမ်းလိုက်နာဖို့ ဆုတောင်းသလို… Unicode အသိအမှတ်ပြု၊ မပြု မြန်မာစာနှင့် သက်ဆိုင်သူများကိုလည်း မြန်မြန်ဆန်ဆန် မြန်မာစာသုံး မြန်မာပြည်သူပြည်သား အားလုံးအတွက်နှင့် တိုင်းပြည် အနာဂတ်အတွက် ရည်စူးကာ… သာဓု ခေါ်နိုင်စေရန် ဝေမျှပေးလိုက်ပါတယ်။
www.ict.com.mm မှကူးယူဖော်ပြပါသည်

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...